သူရဲနီ  v ဂန်းနားတိုက်ပွဲဟာ ပြန်လည်တန်ဖိုးမြင့်လာခဲ့ပြီလား

ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်ဗျာ၊ အာဆင်နယ်ဟာ တစ်ချိန်က မန်ယူကို ကြောက်ရခဲ့ဖူးတယ်၊ ဒီနှစ်သင်းကြားမှာ ကြီးမားတဲ့ သမိုင်း‌ကြောင်းတွေ ရှိခဲ့တယ်၊ ကျွန်တော်တို့က သူတို့ကို ကလေးတွေလို့ ခေါ်ခဲ့တာ၊ အခုတော့ ကျွန်တော်တို့ဟာ ကလေးတွေနဲ့ ပိုတူနေသလိုပါပဲ လို့ဆိုလာသူကတော့ သရဲနီဟောင်း အီဗရာပါပဲ။

ဒီစကားဟာ  Pundit တစ်ယောက် ၊  ကစားသမားဟောင်းတစ်ယောက်ရဲ့ ကြိုတင်ခန့်မှန်းမှုဆိုတာထက် နဲနဲလေးပိုနေပါတယ်။ ယခုမှတ်ချက်မှာ  မန်ချက်စတာယူနိုက်တက် ဂန္တဝင်တစ်ယောက်ရဲ့  သူချစ်တဲ့အသင်းကို အနိုင်ရလိုခြင်းဆိုတာထက်  ..  မရှုံးစေလိုခြင်းဆိုတဲ့ အကြောက်တရားတစ်ခုပါ ကပ်ပါနေပါတယ်။ သို့ပေမယ့် ယခုလိုမျိုး နိုင်ချင်စိတ်ထက်  မရှုံးချင်စိတ်ပိုများနေတာက သူချည်းပဲတော့မဟူတ်ပါဘူး။  အာဆင်နယ်ပရိတ်သတ်တွေထဲမှာလည်းပဲ   ကိုယ့်အသင်းရရှိနေတဲ့အခြေအနေအရပ်ရပ်ကို မျက်ကွယ်ပြုထားပြီး  ယခုတစ်ပွဲစာကိုသာ အောင်ပွဲခံလိုစိတ် ၊  တနည်အားဖြင့် ယူနိုက်တက်အသင်းအောင်ပွဲခံသွားမှာကို စိုးရွံ့ စိတ်ကများနေပါတယ်။

အာဆင်၀င်းဂါးနဲ့ ဖာဂူဆန်၊မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ အားပြိုင်မှုတွေဟာ ပရိသတ်တွေအတွက် အမြဲ စိတ်၀င်စားစရာကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေဖြစ်တာကြောင့် ကစားသမားတွေ၊မန်နေဂျာတွေနဲ့ ပရိသတ်တွေရဲ့ အားပြိုင်မှုတွေဟာ အမြဲပြင်းထန်ခဲ့လေ့ရှိပါတယ်။

လတ်တလောမှာတော့ ဒီနှစ်သင်းစလုံးဟာ သက်တော်ရှည်မန်နေဂျာကြီးတွေရဲ့ အလွန် အောင်မြင်မှုလမ်းကြောင်းပေါ် တဖန်ပြန်လည်တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အသင်း‌တွေ ဖြစ်ပါတယ်။အာဆင်နယ်ဟာ အာတီတာရဲ့ လက်အောက်မှာ လမ်းကြောင်းမှန်တစ်ခုပေါ်စရောက်နေပြီလို့ ဆိုနိုင်ပြီး မန်ယူကလည်း မန်နေဂျာသစ် အဲရစ်တန်ဟက်ဂ်နဲ့အတူ အတွေးအခေါ်သစ်တွေနဲ့  လမ်းဖောက်နေရဆဲအဆင့်မှာပါဖြစ်ပါတယ်။ သို့သော် မတူညီတာကတော့ ယခုအပတ်ပွဲစဥ်ဟာ ကျန်ခဲ့သောနှစ်အနည်းငယ်ကာလတွေကလို  အပြန်အလှန်ဟာသလုပ်နေကြတဲ့အခြေအနေမျိုး ၊  ငါတို့ရှုံးမှ ငါတို့နည်းပြ ပြုတ်မှာကွဆိုပြီး ကိုယ့်အသင်းကိုယ်ရှုံးစေချင်နေတဲ့ကာလထက်တော့ သာလွန်ခဲ့ပြီဖြစ်ပါတယ်။ ဒါက သိသာပါတယ်။

ရာသီအစ နှစ်ပွဲဆက် ရှုံးနိမ့်ထားတဲ့ မန်ယူဟာ နောက်ဆုံးသုံးပွဲဆက် အနိုင်ရလဒ်တွေနဲ့အတူ ရလဒ်ကောင်းတွေ ပြန်ရနေဖို့ ကြိုးစားနေချိန်မှာ အာဆင်နယ်ဟယ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒဏ်ရာရ ကစားသမားတွေကြောင့် အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲဆက်နိုင်ပါ့နလားလို့ ပရိသတ်တွေရဲ့ စိတ်ပူမှုအချို့တော့ရှိနေခဲ့ပါတယ်။

Advertisements

အာဆင်နယ်ဟာ ရာနှုန်းပြည့်နိုင်ပွဲရယူထားတယ်ဆိုတဲ့အချက်ကြောင့် အိုးထရက်ဖို့ဒ်မှာ ဂန်းနားတွေကို ရင်ဆိုင်ရမယ့် မန်ယူအတွက် စိတ်ပူမိတယ်လို့ အီဗရာက ဆိုပါတယ်။

ဒီပွဲစဉ်ဟာ ပရီးမီးယားလိဂ်ရဲ့ အလှတရားတစ်ခုပါ။ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်  .. မန်ယူဟာ လီဗာပူးလ်ကို ကစားခဲ့သလိုမျိုး ကစားနိုင်ဖို့ လိုပါလိမ့်မယ်။ဒီလို ရုန်းကန်နေရတဲ့အခြေအနေမှာ မန်ယူဟာ ကံကောင်းမှုအချို့ ရနိုင်ပါတယ်

လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ကလော့ပ်ရဲ့ အသင်းဟာ အနိုင်ရဖို့ အခွင့်အရေးပိုရခဲ့တာပါ၊ ဒါပေမယ့် မန်ယူကိုပဲ ချီးကျူးကြတာပေါ့။သူတို့ အခုဆို နောက်ထပ်မရှုံးချင်တော့ဘူး။ သွင်းဂိုးတွေ ထပ်ပြီး ခွင့်မပြုရအောင် အသက်နဲ့လဲပြီးကို ကာကွယ်နေသလိုပါပဲ

အာဆင်နယ်ဟာ ပုံစံကောင်း‌ရနေပြီး ရုပ်ဆိုးတဲ့ အနိုင်ပွဲတွေကို ရရှိထားပါတယ်၊ဒါဟာ ကျွန်တော့်ကို လန့်စေပါတယ်။ဖူလ်ဟမ်နဲ့ပွဲမှာဆို သူတို့ဟာ အရမ်းကြီးမကောင်းခဲ့ပေမယ့် အနိုင်ရခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်ဗျာ၊ အာဆင်နယ်ဟာ တစ်ချိန်က မန်ယူကို ကြောက်ရခဲ့ဖူးတယ်၊ ဒီနှစ်သင်းကြားမှာ ကြီးမားတဲ့ သမိုင်း‌ကြောင်းတွေ ရှိခဲ့တယ်၊ ကျွန်တော်တို့က သူတို့ကို ကလေးတွေလို့ ခေါ်ခဲ့တာ၊ အခုတော့ ကျွန်တော်တို့ဟာ ကလေးတွေနဲ့ ပိုတူနေသလိုပါပဲ

ဒီပွဲစဉ်ဟာ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်ပါတယ်။နှလုံးသားနဲ့ ပြောရမယ်ဆိုရင်တော့ မန်ယူပေါ့၊ ဒါပေမယ့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်

အီဗရာဟာ အာဆင်နယ်ကို ချီးကျူးသယောင်နဲ့ ခြေစွမ်းမပြနိုင်ပဲ အနိုင်ရနေတယ်ဆိုတဲ့ သဘောမျိုးပြောသွားခဲ့တာလည်း တွေ့ရပါတယ်။တကယ်တမ်းမှာတော့ အာဆင်နယ်ဟာ ပွဲစဉ်‌တိုင်းကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာ ဖြစ်ပြီး အဆုံးသတ်အားနည်းမှုအချို့ကြောင့်သာ နောက်ဆုံးပွဲစဉ်တွေမှာ မပြတ်သားတဲ့ရလဒ်တွေနဲ့ ‌အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  တဖက်မှာလည်း အမြဲတန်း Elite အသင်းကြီးတစ်သင်းဖြစ်တဲ့ ယူနိုက်တက်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ အရှိန်အဝါအောက်မှာ ဂန်းနားတို့ ထင်တိုင်းမပေါက်တာကလည်း ဖြစ်လာနိုင်တာမျိုးပါ။

သေချာတာကတော့ ယခုပွဲဟာ  ဒီဖက်နှစ်တွေထဲ စိတ်လှုပ်ရှားစရာပိုကောင်းနေတဲ့ သူရဲနီနဲ့ ဂန်းနားတိုက်ပွဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: