တိုင်လီမန်းစ်လား ဒေါက်ဂလပ်စ်လူး၀စ်လား ဒန်နီလိုလား

ပြီးခဲ့တဲ့နွေမှာ ကစားသမားအများအပြားခေါ်ယူခဲ့ပေမယ့်အသင်းရဲ့ ကွင်းလယ်ဟာ လူအင်အားဖြည့်တင်းဖို့ လိုအပ်နေဆဲပါပဲ။ဒီလိုအပ်ချက်ကို ဖြည့်တင်းဖို့ အာဆင်နယ်မှာ လာမယ့် ဇန်နဝါရီမှာ ကြိုးစားလာဖို့ ရှိနေပါတယ်။

ရက်အနဲငယ်အကြာမှာတော့  ဒေါက်ဂလပ်လူးဝစ်ကို မရလိုက်တဲ့ကိစ္စကို ပရိတ်သတ်များအနေနဲ့  အနဲငယ်စိတ်ဖြေနိုင်ပြီဖြစ်ပြီး ၊ မန်ချက်စတာယူနိုက်တက်နဲ့ပွဲကိုပဲ  အာရုံစိုက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဂန်းနားတို့ရဲ့  ကွင်းလယ်ပစ်မှတ်တွေဟာ ဇန်နဝါရီမှာလည်း ဆက်လက်ရေပန်းစားဦးမှာတော့ အသေအချာပါပဲ။

လောလောလတ်လတ် ပြီးဆုံးခဲ့တဲ့နွေ အပြောင်းအရွှေ့ရာသီ ပိတ်ခါနီးမှ အာဆင်နယ်ဟာ ပါးလ်မီးယပ်စ်အသင်း ကွင်းလယ်လူ ဒန်နီလိုကို ခေါ်ယူဖို့  ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်ဟာ ဘရာဇီးလ်သားကို ခေါ်ယူဖို့ လက်မလျှော့သေးပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ပါတေးဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာ ထပ်မံကြုံတွေ့နေရပြန်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်ဟာ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို ရှာဖွေဖို့ လိုအပ်နေပြီး အသင်၂၁နှစ်အရွယ် ဘရာဇီးလ်သားဟာ အီဒူး၊ အာတီတာတို့ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တယ်လို့ လည်း သတင်းရင်းအများစုက အခိုင်အမာဆိုလာကြပါတယ်။

ဒန်နီလိုဟာ ကွင်းလယ်မှာ No.8 role နဲ့ No.6 role နှသ်ခုစလုံးမှာ ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်ခြင်း၊ ခြေစွမ်းခြေစရှိတဲ့ ဘရာဇီးလ်သားဖြစ်ခြင်း၊ နေရာစုံကစားနိုင်တဲ့ ကွင်းလယ်လူဖြစ်ခြင်း စတဲ့ အချက်တွေကြောင့် ဒန်နီလိုဟာ အာဆင်နယ်ရဲ့ ပစ်မှတ်ကွင်းလယ်လူထဲမှာ ထိပ်ဆုံးကနေ ပါ၀င်နေတာ ဖြစ်ပါတယ်။

ဒေါက်ဂလပ်စ်လူး၀စ်၊ တိုင်လီမန်းစ်တို့ဟာလည်း သူတို့ရဲ့ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီမှာ ဒီကစားသမားတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ခေါ်ယူဖို့ အခွင့်အရေးလည်း ရှိနေပြန်ပါတယ်။ ဒေါက်ဂလပ်လူး၀စ်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့တဲ့ ဗီလာဟာ ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်လဲ  ရာသီကုန်ရင် တပြားတချပ်မှမရပဲ လက်လွတ်ရမယ့်ကစားသမားတစ်ယောက်အတွက် တင်းခံနေတာဟာ အံ့သြစရာကောင်းလှပါတယ်။

အာဆင်နယ်ဟာ ဒေါက်ဂလပ်စ်လူး၀စ်နဲ့ ဒန်နီလိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တီလ်မန်းအတွက် ကမ်းလှမ်းမှု ပြုလုပ်ထားတာမျိုးတော့ မရှိသေးပါဘူး။ အာဆင်နယ်ဟာ ဘယ်လ်ဂျီယံသားကို ခေါက်ထားပြီး ဘရာဇီးလ်သားတွေကို ခေါ်ယူနိုင်ဖို့ပဲ အဓိက ကြိုးစားသွားနိုင်ချေများပါတယ်။  သတင်းဌာနများကတော့ ငယ်ရွယ်ပြီး ကစားအားကောင်းတဲ့ ဒန်နီလိုဟာ အီဒူးရဲ့  အဓိက ပစ်မှတ်လို့ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: