ကျွန်တော့်အသင်းသားတွေဟာ ယုံကြည်မှုပေးရင် အောင်ပွဲရယူနိုင်စွမ်းရှိသူတွေပါ-ပွဲကြိုအင်တာဗျူးအပြည့်အစုံ

ရာသီအဖွင့်ငါးပွဲစလုံးအနိုင်ရထားပြီး အမှတ်ပေးဇယားကို ဦး‌ဆောင်ထားတဲ့ အာဆင်နယ်အတွက် မန်ယူနဲ့ ပွဲစဉ်ဟာ အခက်ခဲဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ပရိသတ်တွေကတော့ အသင်းရဲ့ ခြောက်ပွဲဆက်နိုင်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ဆက်လက် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်နေဆဲပါပဲ။

ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာဟာ အသင်းကနေထွက်သွားတဲ့ ကစားသမားတွေ၊ အပြောင်းအရွှေ့နောက်ဆုံးနေ့တွေမှာ ကစားသမားမခေါ်နိုင်ခဲ့တတွေ၊ ဒဏ်ရာရ ကစားသမား တွေနဲ့ အသင်းရဲ့ ပွဲကြိုပြင်ဆင်မှု စတဲ့ အကြောင်းအရာတွေကို‌ ဖြေကြားသွားခဲ့ပါတယ်။

အမေးအဖြေအချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင်တော့

ရမ်စ်ဒေးလ်နဲ့ အိုဒီဂတ်တို့ရဲ့ ကြံ့ခိုင်မှုအခြေအနေ

“သူတို့ရဲ့ အခြေအနေတွေကို စစ်ဆေးနေဆဲပါ၊ မနက်ဖြန်တော့ အဖြေသိရမှာပါ။သူတို့ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ကံမကောင်းစွာနဲ့ပဲ ဇင်ချန်ကိုကတော့ နှစ်ပွဲဆက်လွဲချော်ခဲ့ပြီး အသင်းနဲ့ ခုထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး”

ကွင်းလယ်လူတစ်ဦး ထပ်မခေါ်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိလား

“စိတ်မပျက်ပါဘူး။အသင်းရဲ့ ဒီလူစာရင်းနဲ့ အများကြီးလုပ်စရာ ရှိပါသေးတယ်၊ ထွက်သွားတဲ့ ကစားသမားအရေအတွက်နဲ့ အသစ်ခေါ်ထားတဲ့ ကစားသမားအရေအတွက်တွေကို ခင်ဗျား တွေ့နိုင်တာပဲ။ အသင်းဟာ ပုံမှန်အလုပ်တစ်ခုကို လုပ်ခဲ့တယ်၊ ကျွန်တော်တို့လိုချင်တဲ့ အရည်အသွေးနဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အရာအားလုံးပုံအော ကြိုးစားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ အပြောင်းအရွှေ့နောက်ဆုံး ၇၂နာရီမှာ ပါတေးက ဒဏ်ရာရသွားပါတယ်။အယ်လ်နီနီကလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖို့ ရှိနေပါတယ်။ဒါ့ကြောင့် အပြောင်းအရွှေ့နောက်ဆုံးနေ့တွေမှာ အသင်းအတွက် မှန်ကန်မယ်လို့ထင်ရတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့  မလုပ်နိုင်ခဲ့ပါဘူး”

Advertisements

အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ကစားဖို့ လုံလောက်တဲ့ လူစာရင်းရှိရဲ့လား

“ဒါက ကျွန်တော့်တို့မှာ ရှိတဲ့၊ ကျွန်တော့်အတွက် အသင်းပါပဲ။ဒါဟာ ကျွန်တော်ရနိုင်တဲ့ အကောင်းဆုံးလူစာရင်း၊ အကောင်းဆုံးကစားသမားတွေပါပဲ။အခြားဘာမှ လုပ်စရာမရှိပါဘူး။ ကျွန်တော်တို့မှာ  အသုံးပြုစရာ လူငယ်အကယ်ဒမီတစ်ခုက ကစားသမားတွေလည်း ရှိပါတယ်။သူတို့ကို တတ်နိုင်သလောက် အကောင်းဆုံးနည်းလမ်းနဲ့ အသုံးချနိုင်ဖို့ ကြိူးစားရမှာပါ။”

မန်ချက်စတာယူနိုက်တက်အသင်းရဲ ပုံစံ့အပေါ်

“သူတို့မှာ ရှိနေတဲ့ ကစားသမားတွေ၊ ဈေးကွက်ထဲမှာ သူတို့ အသုံးပြုခဲ့တဲ့ ငွေကြေးပမာဏတွေကို ကြည့်မယ်ဆိုရင် သူတို့ဟာ ပွဲစဉ်တွေအများကြီးကို အနိုင်ရနိုင်တယ်ဆိုတာ အံ့ဩစရာ မရှိပါဘူး။မန်ယူရဲ့ သမိုင်းကြောင်းကလည်း ဒီလို ဖြစ်လာတော့မယ်လို့ ပြောပြနေပါတယ်။သူတို့ဟာ ကြီးမားတဲ့ ပြိုင်ဘက်တွေတိုတာ ကျွန်တော်တို့သိသလို သူတို့နဲ့ ယှဉ်ပြိုင်ရတော့မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်”

ဗီအဲရာနဲ့ လိုကွန်ဂါတို့ အခွင့်အရေးတွေ ပိုရလာမယ့်အပေါ်

“ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမားတွေကို ယုံကြည်မယ်၊သူတို့ကို ကောင်းကောင်း ဂရုစိုက်မယ်၊ယုံကြည်မှုတွေပေးမယ်ဆိုရင် သူတို့မှာ နိုင်ပွဲတွေရယူနိုင်တဲ့ စွမ်းရည်ရှိပါတယ်” 

အူဘာမီယန်း ချဲလ်ဆီးကို ပြောင်းရွှေ့သွားတဲ့အပေါ်

“အပြောင်းအလဲတစ်ခုထပ်လုပ်ဖို့၊ သူရဲ့အနာဂတ်အတွက် အကောင်းဆုံးတွေ ဖြစ်လာနိုင်ဖို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာလို့ ကျွန်တော်သေချာပါတယ်။သူကံ‌ကောင်းပါစေလို့ပဲ ကျွန်တော်တို့ ဒီကနေဆုတောင်းပေးလိုက်ပါတယ်”

Advertisements

ဘယ်လာရင်အပေါ်

“မနေ့ညက အတော်နောက်ကျမှ သူ ကျွန်တော့်ကို ဖုန်းဆက်ခဲ့ပြီး ကျွန်တော်တို့ ကစားဖော်တွေ ဖြစ်ခဲ့တုန်းကထက် ပိုပြီး စကားတွေ ပြောဖြစ်ခဲ့ပါတယ်။သူနဲ့ ကျွန်တော်က တကယ်ကိုသူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ပါတယ်။နည်းပြနဲ့ကစားသမားဆိုတာတွေကိုဖယ်လိုက်ရင် သူနဲ့ ကျွန်တော်နဲ့ဟာ တကယ့်သူငယ်ချင်းကောင်းဆိုတဲ့ ဆက်ဆံမှုထဲမှာပါ။  ကျွန်တော် သူ့ကို၊အသင်းအတွက် သူလုပ်ပေးခဲ့တာတွေကို ချစ်ပါတယ်။သူကံကောင်းဖို့ ကျွန်တော်ဆုတောင်းပေးပါတယ် ဘာလို့လဲဆိုတော့ ဘာစီလိုနာမှာ ကစားဖို့က သူ့ရဲ့ အိပ်မက်ဆိုတာ ကျွန်တော်သိလို့ပါ။ သူ့ရဲ့ အိပ်မက်တွေ ပြည့်၀ပြီး အောင်မြင်တဲ့ ကစားသမားဘ၀ကို ပြန်ရယူနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ဘာလို့လဲဆိုတော့ သူက အရမ်းငယ်ပါသေးတယ်၊ သူအများကြီး လုပ်နိုင်ပါသေးတယ်”

အိုးထရက်ဖို့ဒ်မှာ အနိုင်ရတာဟာ ဘယ်လို အဓိပွါယ်မျိုးဖြစ်မလဲ

“ဒါက အသစ်အဆန်းမဟုတ်ပါဘူး။ကျွန်တော်တို့ ဒါကို လုပ်ခဲ့ပြီးပါပြီ။ကျွန်တော်တို့ ထပ်အနိုင်ယူပြရမှာ ဖြစ်ပြီး ဒီနေ့ကစပြီး ဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်နေရပါမယ်။မနေ့က ကစားပွဲပြီးတာနဲ့ ဒီနေ့မှာ အိုးထရက်ဖို့ဒ်ကို ထပ်သွားပြီး ကိုယ်ကစားချင်တဲ့အတိုင်း ကစားနိုင်လောက်အောင် ယုံကြည်နေဖို့ လိုပါတယ်”

Advertisements
Advertisement

Leave a Reply

%d bloggers like this: