ကျွန်တော်ကတော့ တက်တက်ကြွကြွရှိနေဖို့ ရွေးချယ်ထားပါတယ်

အာတီတာ အာဆင်နယ်မန်နေဂျာ ဖြစ်လာချိန်မှာ အသင်းဟာ အင်မတန် ရှုပ်ထွေးနေတဲ့၊ ဖရိုဖရဲဖြစ်နေတဲ့အနေအထား တစ်ခုမှာပါ။ ဒါကို အာဆင်နယ်ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ အာတီတာက ကောင်းကောင်းနားလည်ပါတယ်။အာဆင်၀င်းဂါးအလွန် အူနိုင်းအမ်မရီ ဖြေမရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို စပိန်သား အနေနဲ့ ဘယ်လိုခက်ခက်ခဲခဲ ဖြေရှင်းခဲ့ရလဲဆိုတာ သူကိုယ်တိုင်ပဲ အသိဆုံးနေမှာပါ။

အာတီတာဟာ အာဆင်နယ် နည်းပြဖြစ်ဖို့ အသင့်မဖြစ်သေးဘူး၊ ပိုက်ဆံတွေအများကြီးသုံးခဲ့ပေမယ့် ထင်ထားသလောက်အောင်မြင်မှုရအောင်မလုပ်နိုင်ခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေကို အာတီတာဟာ ခါးစည်းခံခဲ့ရပါတယ်။ အ၀တ်လဲခန်းနဲ့ လေ့ကျင့်ရေးကွင်းက ပြဿနာတွေကို မမြင်ရတဲ့ ပရိသတ်တွေရဲ့ အားမလိုအားမရ ဖြစ်မှုတွေကို နားလည်ပေးလို့ရပါတယ်။ နိုင်ငံတကာ Page တွေမှာလည်း ဝေဖန်သံတွေဟာ ဒီဖက်နှစ်တွေမှာ မစဲခဲ့ပါဘူး။ ဒါတွေအားလုံးဟာ အသင်းကို ချစ်တဲ့ စိတ်နဲ့ပ အပြစ်မြင်ခဲ့ကြတာပါ။ အပြန်အလှန်ပြောစကားတွေမှာ အမုန်းတရားနဲခဲ့မယ်လို့  ကျွန်တော်တို့ ယုံကြည်ကြရအောင်။

အာတီတာ ဖြေရှင်းနိုင်ခဲ့တဲ့ အကြီးမားဆုံးပြဿနာက အိုဇေးလ်ပါပဲ။ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ အမ်းမရိတ်က်ု ရောက်လာခဲ့တဲ့ ကွင်းလယ်မှော်ဆရာဟာ တစ်ခေတ်မှာ တစ်ယောက်လို့ ခေါ်ရနိုင်တဲ့ ပါရမီရှင်ကစားသမားပါ။ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့်လည်း အိုဇေးလ်ရဲ့ သူရဲ့ ဂန်းနားဘ၀နောက်ဆုံးနေ့စွဲတွေမှာ အသင်းရဲ့ ကယ်တင်ရှင်မဟုတ်ခဲ့တာတော့ အသေအချာပါပဲ။လေ့ကျင့်ရေးကွင်းမှာ ကြိုးစားမှုအားနည်းတာတွေ၊စည်းကမ်းပိုင်းဆိုင်ရာလိုက်နာမှု၊အားနည်းတာတွေ၊အသင်းဟာ ရှုံးနိမ့်နေတဲ့အခါ ကွင်းထဲမှာ စိတ်ပျက်နေတဲ့ အမူအရာတွေက သူ့ရဲ့ မျက်နှာမှာပေါ်လွင်နေတာတွေဟာ သူ့ရဲ့ အးနည်းချက်တွေ ဖြစ်ခဲ့ပါတယ်။

အူနိုင်းအမ်မရီဟာ အိုဇေးလ်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။အာတီတာရောက်လာချိန်မှာတော့ ဒီပြဿနာကို လျင်လျင်မြန်မြန်ပဲ ဖြေရှင်းပြခဲ့ပါတယ်။ အသင်းကိုရောက်ခါစမှာ အိုဇေးကို တည်ပြီးကစားပုံတည်ဆောက်မယ်လို့ ပြောခဲ့ပေမယ့် အလုပ်မဖြစ်တဲ့အခါမှာ ဂျာမနီလက်ရွေးစင်ဟောင်းကြီးကို အသင်းရဲ့ လူစာရင်းကနေ လုံး၀ခေါက်ထုတ်ထားလိုက်တာပါပဲ။

Advertisements

အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်အများစုက လက်မခံနိုင်ခဲ့ပါဘူး။ အာတီတာကတော့ အသင်းရဲ့ စည်းလုံးညီညွတ်မှုတွေ၊ တိုက်ပွဲ၀င်စိတ်ဓာတ်တွေကို ပြန်လည် အသက်သွင်းဖို့အတွက် အသင်းရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ မူဝါဒကိုပဲ ကိုင်စွဲထားခဲ့ပါတယ်။ဒီလိုနဲ့ နောက်ဆုံးမှတော့ အိုဇေးလ်ဟာ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဖီနာဘာချီဆီပြောင်းရွှေ့သွားခဲ့ပါတယ်။ ဖီနာဘာချီအသင်းမှာလည်း အိုဇေးလ်ဟာ အာဆင်နယ်မှာလို အလားတူပြဿနာတစ်ခူနဲ့ ထပ်ပြီးရင်ဆိုင်ရတော့မှပဲ အာဆင်နယ်ပရိသတ်တွေဟာ အာတီတာရဲ့ ဆုံးဖြတ်ချက်တွေဟာ နားလည်မှု ပိုပေးနိုင်ခဲ့တာပါ။

အူဘာမီယန်းကိစ္စမှာလည်း အာတီတာဟာ သူ့ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ တိကျမှုကို ပြသခဲ့ပါတယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိနေခဲ့တဲ့ အူဘာမီယန်းကို ကပ္ပတိန်ရာထူးကနေညထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ လူစာရင်းမှာ လုံး၀အသုံးမပြုတော့တဲ့ အထိ အရေးယူခဲ့ပါတယ်။ အာတီတာရဲ့ ဒီအရေးယူမှုဟာ သိပ်ပြင်းထန်လွန်းတယ်လို့ ပရိသတ်အချို့က ခံစားခဲ့ရပါတယ်။

အသင်းရဲ့ ဂိုးသွင်းစက်တစ်လုံးကို စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာဆီလက်လွှတ်လိုက်တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်အပေါ်  ဝေဖန်သူကော ထောက်ခံသူတွေပါ ရှိနေခဲ့ပါတယ်။ တကယ်တော့ လစာငွေအများအပြားခံစားခွင့်ရရှိစေခဲ့တဲ့ စာချုပ်သစ်ကြောင့်လား၊ အသင်းခေါင်းဆောင်လက်ပတ်ကြောင့်လား ၊ ဘာကြောင့်မှန်း သေချာ မသိရရပေမယ့် အူဘာမီယန်းဟာ သူရဲ့ အာဆင်နယ်ကစားသမားဘ၀နောက်ဆုံးနေစွဲတွေမှာ အရင်ကသူလို မဟုတ်တော့တာတော့ အသေအချာပါပဲ။

Advertisements

အခုရေးသားခဲ့တာတွေဟာ အာတီတာ ဘုန်းတော်ဘွဲ့လို့ယူဆနေမယ်ဆိုရင် ၊ ကြံဖန်ခွင့်လွှတ်ဖို့ ၊ ဖော့တွေးဖို့တွန်းအားပေးနေတာလို့ထင်နေရင် အဲ့ဒီစိတ်ကလေးကိုဖျောက်ပေးဖို့ ကျွန်တော်က မေတ္တာရပ်ခံ သတိပေးပါရစေ။ ကျွန်တော်သိစေချင်တာက ကိုယ်တွေ Gooners တွေဟာ ဘယ်လိုကာလ၊ ဘယ်လိုအချိန်တွေကို တူတူအားပေးရင်းဖြတ်သန်းခဲ့ကြတယ်ဆိုတာကို သတိရစေချင်တာဖြစ်ပါတယ်။

စိတ်ပျက်လက်ပျက်မျက်နှာတွေအစား အပြင်းအထန်ကစားတဲ့လူငယ်တွေ၊ ကွင်းဘေးနားမှာ သွက်လက်လှုပ်ရှားနေတဲ့ နည်းပြ၊ အတူတူဆိုတဲ့ ပြယုဂ်နဲ့ လာအားပေးတဲ့ အမျိုးသမီးအသင်းက သူတွေ၊ ဒီနှစ်မှရောက်လာပေမယ့် ကွင်းဘေးကနေအားပေးနေတဲ့ ဇင်ချန်ကို .. ဒါတွေ အာဆင်နယ်မှာရှိပါတယ။

လက်ရှိမှာတော့ ဒီလို ဆုံးဖြတ်ချက်တွေရဲ့ အသီးအပွင့်တွေကိုအသင်းဟာ လက်တွေ့ခံစားရစပြုနေပါပြီ။ အသင်းက ရှုံးနိမ့်နေချိန်မှာ ခေါင်းငိုက်စိုက်ကျပြီး အသင်းဖော်တွေကို အပြစ်တင်နေမယ့် ကစားသမားဆိုတာ အမ်းမရိတ်မှာ မရှိပါဘူ။ လေ့ကျင့်ရေးကွင်းမှာလည်း အားလုံးဟာ အားမာန်အပြည့်နဲ့ ‌လေ့ကျင့်နေကြတာပါ။ အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ အာဆင်နယ် ဒီအန်အေနဲ့ ကစးသမားတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ ပါတေးမပါနိုင်ခြင်း ၊ အယ်နီနီမသေချာခြင်း ..စတဲ့အခြေအနေတွေကြောင့် အသင်းကအားနဲသွားမယ်ဆိုရင်တောင်မှ  အရင်ကထက်တောင့်တင်းတဲ့အင်အားနဲ့ လူငယ်တွေဟာ အသင်းကိုဆွဲတင်ဖို့အသင့်ပါပဲ။ ဒီလိုအသင်းမျိုးရဲ့ ပရိသတ်ဖြစ်ရတာ ဂုဏ်ငယ်သလား ၊ ဂုဏ်ယူဖို့ကောင်းသလားဆိုတာကို  ကိုယ်တိုင်ပဲ ပြန်မေးကြည့်ပါ။

အခက်ခဲဆုံးတွေကို ဖြတ်သန်းပြီးကာမှ  နောက်ထပ်သံသရာဆိုးကြီးကိုလည်ပတ်ဦးမလားဆိုတာကို  တွေးပူနေကြမှာနားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပရိတ်သတ်တွေကိုယ်တိုင်ကလည်း ငါတို့ဟာ အဆိုးသံသရာမလည်ဘူးဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့အားပေးတဲ့အခါ ပိုကောင်းပါတယ်။ မစခင်ကတည်းက  “ အချိန်တန်ရင် ဒါမျိုးဖြစ်မှာပါ “ “ ငါတို့က ရိုးနေပြီ “ ” တန်းဆင်းသွားမှကောင်းမယ် “ စသည်ဖြင့် ရေရွတ်နေခြင်းကလည်း အကောင်းဆုံးတုန့်ပြန်မှုမဟုတ်တာကို  မေ့မထားဖို့လိုပါတယ်။

အသင်းအတွက်  စည်းလုံးညီညွတ်မှု ၊ ကြိုးစားမှုနဲ့ တိုက်ပွဲဝင်စိတ်တွေက နိုင်ပွဲတွေ အောင်မြင်မှုတွေကို ရယူပေးနိုင်မှာပါ။ ဒီလိုစိတ်နဲ့ ချီတက်မယ့်အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ချန်ပီယံစိတ်နဲ့ ပရိတ်သတ်တွေဖြစ်ရမှာပါ။

အခုဆောင်းပါးကို တင်ပြီးတာနဲ့  ကျွန်တော့်ရဲ့ English ပိုင်း Page ဖြစ်တဲ့   Your Arsenal Reporter  ကနေ ဘုတ်အဖွဲ့ကိုသဘောမကျကြောင်း ၊ အားမရကြောင်း ၊ ဒါပေမယ့် အသင်းရဲ့လူငယ်တွေဟာ အခုအခြေအနေကို ဖြတ်ကျော်နိုင်မှာ ယုံကြည်ကြောင်းစာရေးမှာဖြစ်ပါတယ်။ Like 100 တောင်မရှိတဲ့ Page က ဘာ  Impact မှရှိမှာမဟုတ်ပေမယ့်  ဒီလိုပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်းကိုလဲ သက်သေထူနိုင်မှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: