အသင်းရဲ့ အနိင်ရလိုတဲ့စိတ်ကို အမြဲထိန်းသိမ်းထားဖို့ လိုတယ်ဆိုတဲ့ မာတင်နယ်လီ

အာဆင်နယ်နဲ့ ဗီလာတို့ရဲ့ ပွဲစဉ်ကတော့ ဘရာဇီးလ်‌သားတွေ တောက်ပခဲ့တဲ့ ညဖြစ်ခဲ့ပါတယ်။ ဂါဘရီယယ်ဂျေးဆူကို ဦးဆောင်ဂိုးကို ဒေါက်ဂလပ်စ်လူး၀စ်က ပြန်လည်ချေပခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ မာတင်နယ်လီက အာဆင်နယ်အတွက် အနိုင်ဂိုးကို ရယူပေစခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အသင်းဟာ ငါးပွဲဆက်နိုင်ပွဲဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲပါပဲ။ ဒီရာသီအသင်းအတွက် သွင်းဂိုးသုံးဂိုး ရယူပေးနိုင်ခဲ့ပြီးဖြစ်တဲ့ မာတင်နယ်လီရဲ့ ပွဲအပြီးအင်တာဗျူးမှာ အသင်းဟာ ဒီလိုမျိုး အနိုင်ရလိုတဲ့ စိတ်ကို တစ်ရာသီလုံးသာမက အမြဲတမ်း ထိန်းသိမ်းထားဖို့ လိုတယ်လို့ ဆိုလာခဲပါတယ်။

ဒါက ဒီတစ်ရာသီလုံး ကျွန်တော်တို့မှာ ရှိနေဖို့ လိုတဲ စိတ်ဓာတ်ပါပဲ၊ နောက်ရာသီတွေမှာကော၊အနာဂတ်မှာပါ ထိန်းသိမ်းသွားရမယ့်အရာပါ။ကျွန်တော်တို့ ဒီလို အနိုင်ရလိုစိတ်ကို ထိန်းသိမ်းပြီး ပွဲစဉ်တွေကို အနိုင်ရနေဖို့ လိုအပ်ပါတယ်။

ဒီ (အက်စ်တွန်ဗီလာနဲ့) ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲမယ်ဆိုတာ ကြိုသိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့

ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်၊ အရေးကြီးဆုံးက ရမှတ်သုံးမှတ်ပဲ ဖြစ်ပြီး ကျွန်တော်တို့ ရမှတ်အပြည့်ရခဲ့ပါတယ်

Advertisements

တကယ်ကို မိုက်တယ်လို့ ခံစားနေမိပါတယ်၊ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။အသင်း တစ်သင်းလုံး၊ ၀န်ထမ်းတွေအားလုံး၊ ပရိသတ်တွေအားလုံးက ဒီနေ့ ပျော်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ ကစားပွဲတစ်ခုချင်းဆီကို ဒီလို အနိုင်ရလိုစိတ်နဲ့ ဖြတ်သန်းဖို့ လိုအပ်ပါတယ်။

အသင်းဖော်ဟောင်း မာတီနက်ဇ်နဲ့ ပြန်လည် ရင်ဆိုင်ရပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်လည်း မာတင်နယ်လီက ခုလိုဆိုလာခဲ့ပါတယ်။

သူဟာ အရမ်းကောင်းတဲ သူငယ်ချင်းတစ်ယောက်ပါ။ကျွန်တော်ဂိုးသွင်းမယ်ဆိုတာ သူ့ကို ပြောခဲ့ပြီး တကယ်လည်းသွင်းနိုင်ခဲ့ပါတယ်။ဂိုးသွင်းနိုင်ခဲ့တာနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် ပျော်ရွှင်မိပါတယ်

ကျွန်တော် ဘောလုံးရသွားတော့ တိုမီကို ပေးခဲ့တယ်၊သူက ဘူကာယိုကို ပေးခဲ့တယ်။ ဘူကာယိုက ဖြတ်တင်ပေးခဲ့ပြီး ကျွန်တော်က အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်။ဂိုးသွင်းဖို့ ကျွန်တော်ကြိူးစားခဲ့ပြီး အလုပ်ဖြစ်ခဲ့တယ်။ကျွန်‌တော်ဂိုးသွင်းနိုင်ခဲ့တာရော၊နိုင်ပွဲအတွက်ပါ အရမ်းပျော်ရွှင်မိပါတယ်

မာတင်နယ်လီက အောင်ပွဲခံလိုစိတ်ကို တစ်ရာသီလုံးထိမ်းသိမ်းရမယ်လို့ ပြောထားပေမယ့် လက်ရှိအချိန် အသင်းမှာ ဒဏ်ရာရကစားသမားများပြားလွန်းနေတာကြောင့် ပရိတ်သတ်တွေကတော့ အနီးဆုံးပွဲကိုပဲ စိုးရိမ်စိတ်များနေကြပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: