ငါးပွဲဆက်အနိုင်ပွဲစဉ်ထဲက စိတ်၀င်စားစရာအချက်များ

အက်စတွန်ဗီလာနဲ့ ပွဲစဉ်ကို အနိုင်ယူခဲ့ပြီးနောက် ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဂန်းနားတွေဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ရမှတ်သုံးမှတ်ပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုပေမယ့် အသင်းရဲ့ တိုက်စစ်သာ ရလာတဲ့ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့ရင် ဒီထက်ပြတ်သားနဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရမှာပါ။ ဒီတော့ ဒီနိုင်ပွဲကနေ စိတ်၀င်စားစရာ ဘယ်လိုအချက်တွေကို  တွေ့မြင်ခဲ့ရလဲဆိုတာ တစ်ချက်လောက်ကြည့်ရအောင်ဗျာ။

()ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ပြန်လည်ရှာတွေ့ခဲ့တဲ့ ရာသီအကြိုနိုင်ပွဲဆက်မှု

အာဆင်နယ်ဟာ အက်စ်တွန်ဗီလာကို အမ်းမရိတ်မှာ အနိုင်ရခဲ့တာကြောင့် ၂၀၀၄-၂၀၀၅ခုနစ်နောက်ပိုင်း ပထမဆုံးအနေနံ့  ပရီးမီးယားလိဂ်အဖွင့်ပွဲ ငါးပွဲဆက်အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဩဂုတ်လမှာ ရာနှုန်းပြည့်အနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ စက်တင်ဘာကိုလည်း အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့ပါတယ်။

()အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ

အက်စတွန်ဗီလာအသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုတွေကို လျစ်လျူရှုပြီး အာဆင်နယ်ကစားသမားတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့သူကတော့ ကွင်းလယ်ဒိုင် ရော်ဘတ်ဂျုံးစ်ပါပဲ။ အာဆင်နယ်ခွင့်ပြုလိုက်ရတဲ့ ချေပဂိုးမှာလည်း အက်စတွန်ဗီလာကစားသမားဟာ ရမ်ဒေးလ်ကို ဂိုးပေါက်ကာကွယ်မှုပြုလုပ်လို့မရအောင်ပိတ်ဆို့ထားခဲ့တာကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခြင်းတော့ မရှိသေးပါဘူး။ 

အက်စတွန်ဗီလာကစားသမားတွေရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် အိုဒီဂတ်ပါ ဒဏ်ရာရသွားခဲ့ပါတယ်။ အာဆင်နယ် ရရှိခဲ့သင့်တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောတွေကိုလည်ူ ရော်ဘတ်ဂျုံးစ်ဟာ လျစ်လျူရှုသွားခဲ့ပါတယ်။ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

()ဂိုးမြူးနေတဲ့ ဘရာဇီးလ်ညီနောင်

ပရီးမီးယားလိဂ် ပွဲစဉ်ငါးပွဲအပြီးမှာပဲ ဂါဘရီယယ်သုံးယောက်လုံးဟာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီးပါပြီ။မာတင်နယ်လီ၊ဂျေးဆူတို့က သုံးဂိုးဆီ သွင်းယူထားခဲ့ပြီး ဂါဘရီယယ် မက်ဂါဟေးစ် ကတော့ တစ်ဂိုးသွင်းယူထားခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာလည်း ဂျေးဆူ၊ မာတင်နယ်လီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်ဟာ အမ်းမရိတ်မှာ အဖိုးတတန်သုံးမှတ်ကို အရယူနိုင်ခဲ့ပါတယ်။

Advertisements

(၄) ဂိုးပေါက်ပျောက်နေဆဲ ဆာကာ

အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက် ရခဲ့တဲ့ ငရုတ်သီးလေးကတော့ ပွဲစဉ် (၅)ရောက်လာတဲ့အထိ ဂိုးပေါက်ပျောက်ဆုံးနေဆဲပါပဲ။ ဒီပွဲစဉ်မှာလည်း ဆာကာဟာ သူ့ရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ဂိုးဖြစ်လာဖို့ကိုတော့ မာတင်နယ်လီဆိကို အလောတော်လေး ချပေးနိုင်ခဲ့ပါတယ်။

()ဒဏ်ရာရ ကစားသမားတွေများလာတဲ့ အသင်းရဲ့ကွင်းလယ်

ပါတေး၊ အယ်လ်နီနီတို့က အသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်းထဲ ရှိနေချိန် အိုဒီဂတ်ပါ ဒဏ်ရာရသွားခဲ့တာတော့ အာတီတာအတွက် သတင်းကောင်းတစ်ခုမဟုတ်ပါဘူး။အိုဒီဂတ်ရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲဆို‌တာတော့ လက်ရှိစာ‌ကို ရေးသားတဲ့အချိန်အထိတော့ သေချာမသိသေးပါဘူး။

ပွဲအပြီးနောက်နေ့မှာ နိုင်ပွဲကို စားမြုံပြန်ဖို့ထက် ကစားသမားသစ်ရောက်ရှိရေးကိုပဲ အာဆင်နယ်ပရိတ်သတ်တွေစိတ်ဆောနေကြပါတယ်။ အရေးကြီးတဲ့ ပွဲစဥ်တွေလာတော့မယ့်အချိန်မှာမှ  အဓိက ကစားသမားရော  ၊ အရံကစားသမားပါ ကွင်းပြင်ရောက်နေတာမို့ ပရိတ်သတ်တွေကိုလည်း အပြစ်ပြောလို့မရပါဘူး။ ဒါပေမယ့်လည်း စာဖတ်သူတွေ ခနတာ အာရုံပြောင်းဖို့အတွက် နိုင်ငံတကာ Website တွေမှာ ရေးသားနေကြတဲ့ အချက်တွေကို ပြန်လည်တင်ပြပေးလိုက်ရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: