ဗီလာ ဘယ်လောက်ကောင်းသလဲ ကျွန်တော်သိပါတယ် – အာတီတာ

လေးပွဲဆက်နိုင်ပွဲ‌ပြီးနောက် ပရိသတ်တွေကတော့ ငါးပွဲဆက်နိုင်ပွဲကို မျှော်လင့်နေကြပါပြီ။ ဒဏ်ရာပြဿနာထိုးနှက်ချက် အချို့ကြောင့် အသင်းဟာ အနိုင်ရလဒ်တွေရဖို့ အရင်ပွဲတွေကထက် ပိုပြီးကြိုးစားအားထုတ်လာရမှာ အမှန်ပါပဲ။

ဒီမနက်အစောပိုင်းမှာတော့ အာဆင်နယ်ရဲ့ စက်တင်ဘာ‌စာမေးပွဲကို အက်စ်တွန်ဗီလာဆိုတဲ့ မေးခွန်းနဲ့ အစပြုမှာပါ။ တနင်္ဂတွေနေ့ကျရင်တော့ အဲရစ်တန်ဟက်ဂ်ရဲ့ မန်ယူနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာဟာ ဒီရာသီ ပွဲစဉ်လေးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ထားခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၁၅နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အက်စတွန်ဗီလာနဲ့ ပွဲစဉ်ဟာ ဖူလ်ဟမ်နဲ့ ပွဲစဉ်တုန်းကလိုပဲ ရုန်းကန်ရဦးမယ်လို့ အာတီတာက ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ် အသင်းတွေ ကစားတာ ကျွန်တော်အမြဲ ကြည့်ပါတယ်၊အက်စ်တွန်ဗီလာဟာ ကြံခိုင်မှု ဘယ်လောက်ကောင်းတဲ့ အသင်းလဲဆိုတာ ကျွန်တော်သိပါတယ်။ဒီမှာ ပွဲစဉ်တိုင်းဟာ လူတိုင်းအတွက် တိုက်ပွဲတစ်ခုပါပဲ၊ဒါဟာ ကျွန်တော်တို့အတွက်လည်း ဘာမှ ကွဲပြားသွားမှာမဟုတ်ပါဘူး။ဗီလာဟာ ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး သူတို့မှာ ကြီးမားတဲ့ လူစာရင်းတစ်ခု၊ ထိပ်တန်းကစားသမား‌တွေနဲ့ မန်နေဂျာကောင်းတစ်ယောက် ရှိပါတယ်။ဗုဒ္ဓဟူးနေ့ပွဲစဉ်ဟာ ကျွန်တော်တို့အတွက်ခက်ခဲမှာပါ

Advertisements

ကျွန်‌တော်တို့ ဖူလ်ဟမ်နဲ့ ပွဲစဉ်ကို ကြည့်ပြီး ဆန်းစစ်သွားမှာပါ။ ကျွန်တော်တို့ သူတို့နှစ်သင်းစလုံးနဲ့ ကစားဖူးပြီး အများကြီးကွဲပြားတာ မရှိပါဘူး။လာမယ့်ပွဲစဉ်တွေအတွက် အကောင်းဆုံးပြင်ဆင်ပြီး ကစားသွားမှာပါ။သူတို့ဟာ ကာယပိုင်းဆိုင်ရာ အရ တကယ်တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဂိုးဧရိယာထဲမှာလည်း သူတို့ဟာ တကယ်ကောင်းပါတယ်၊ သူတို့ကို ရင်ဆိုင်ရတာ ခက်ခဲလာမှာပါ

ပါတေးနဲ့ ဇင်ချန်ကိုတို့ ဗီလာနဲ့ ပွဲအမီ ဒဏ်ရာကနေ ပြန်လည်သက်သာလာမလားဆိုတဲ့အပေါ်  အာတီတာက ခုလိုဖြေကြားခဲ့ပါတယ်။

ကျွန်တော်ကတော့ မထင်မိပါဘူး။နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါဦးမယ်။အထူးသဖြင့်ပါတေးပေါ့၊ သူတို့ပါနိုင်ဦးမယ်လို့ ကျွန်တော်မထင်ပါဘူး။ ပါတေးက ပြီးခဲ့တဲ့ ရာသီက ရခဲ့တဲ့ ဒဏ်ရာမျိုးပဲ ထပ်ရသွားတာလို့ ယူဆရပါတယ်။အရမ်းမဆိုးဖို့ မျှော်လင့်မိပါတယ်

အသင်းရဲ့ ရာသီအစကို ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ စတင်နိုင်ခဲ့တဲ့ အပေါ်လည်း ဘော့စ်က ခုလို ဆိုလာခဲ့ပါတယ်။

“‌ကြည်နူးဖို့အကောင်းဆုံးအရာက ရလဒ်တွေနဲ့အတူ အသင်းရဲ့ စွမ်းဆောင်ရည်တွေပါပဲ။အသင်းတစ်သင်းအနေနဲ့ ကျွန်‌တော်တို့ လုပ်ဆောင်နေတဲ့ ပုံစံတွေ၊ ပွဲစဉ်တွေကို အနိုင်ယူနေတဲ့ ပုံစံတွေဟာ ကျွန်တော်တို့ကို  အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်စေနိုင်ခဲ့တဲ့ အကြောင်းရင်းပါပဲ

နောက်ထပ်တိုးတက်အောင်လုပ်ရမယ့်အရာတွေတော့ အများကြီးရှိပါသေးတယ်၊တစ်ဦးတစ်ယောက်ချင်းရော၊အစုအဖွဲ့လိုက်ပါ နယ်ပယ်အလိုက် ကျွန်တော်တို့ လုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိပါတယ်

ဒါက‌တော့ အက်စတွန်ဗီလာနဲ့ ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ မီခေးလ်အာတီတာ ပြောကြားခဲ့တဲ့စကားအချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ တဖက်မှာလည်း အရေးပါတဲ့ပွဲတွေဆက်နေတုန်းမှာအချိန်ကိုက်တက်လာတဲ့ ဒဏ်ရာသတင်းတွေကြောင့် ပရိတ်တ်တွေရဲ့စိုးရိမ်မှုက မြင့်တက်နေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: