Updated News – နောက်ဆုံးရ အာဆင်နယ် သတင်းများ (29 Aug)

ရိုမာနိုပြောလာခဲ့တဲ့ အဆန်ဆီယိုအခြေအနေ

ကမ္ဘာကျော်သတင်းထောက် ဖေဘရီဇိယိုရိုမာနိုကတော့  ရီးရဲကစားသမား အဆန်ဆီယိုရဲ့ အခြေအနေက စောင့်ကြည့်စရာဖြစ်ပြီး ၊ အီတလီကလပ်တွေခေါ်ယူနိုင်ဖို့ခက်ခဲတဲ့ ကစားသမားလို့ ပြောဆိုလာပါတယ်။ အာဆင်နယ် ၊ မန်ယူတို့နဲ့ ကျယ်ကျယ်လောင်လောင်အသံထွက်နေခဲ့ပေမယ့်  ယူနိုက်တက်တို့က အန်တိုနီကိုခေါ်ယူခဲ့ပြီဖြစ်လို့ ဂန်းနားတို့အနေနဲ့ သူတို့သာ ဆန္ဒရှိရင် ကစားသမားဟာ အမ်းမရိတ်ကိုရောက်လာဖို့ရှိနေပါတယ်။

ပွဲထွက်မလှခဲ့တဲ့ ပေပေ

ပြင်သစ်မြေဆီအငှားနဲ့ပြန်သွားခဲ့တဲ့တောင်ပံကစားသမားပေပေရဲ့ ပွဲဦးထွက်ကတော့ လှပခြင်းမရှိခဲ့ပဲ  အိမ်ကွင်းမှာတင်  ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါ့အပြင်  ပေပေရဲ့ ခြေစွမ်းနဲ့ပတ်သတ်လို့လဲ ဝေဖန်မှုအချို့ရှိနေပြီး ၊ အိုင်ဗရီကို့စ်သားဟာ အကောင်းဆုံးပြန်လာနိုင်ဖို့အတွက် ကြိုးစားရဦးမှာဖြစ်တယ်လို့ သုံးသပ်ရေးသားနေကြပါတယ်။

Advertisements

ဆာလီဘာကို ချီးကျူးလာသူ နောက်တစ်ယောက်

ဆာလီဘာအငှားသွားကစားခဲ့တဲ့ စိန်အက်တိန်းအသင်းကစားသမားဟောင်းဖြစ်တဲ့ ယန်းအမ်ဗီလာကလည်း သူရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ဆာလီဘာကို ချီးကျူးသွားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်လူငယ်ဟာ ဂန်းနားတို့ရဲ့ ၁၀၀% ပြည့်နိုင်ပွဲမှာ အဓိက ကျနေသူဖြစ်ပြီး Man Of The Match နဲ့ သွင်းဂိုးများကိုလည်း ၄ ပွဲကစားပြီးချိန်မှာတင်ရရှိထားသူဖြစ်ပါတယ်။ ကစားဖော်ဟောင်း ပြင်သစ်တိုက်စစ်မှုးကတော့  “ တကယ့် အာဂလူပဲ “ ဆိုပြီး အမွှန်းတင်ထားတာဖြစ်ပါတယ်။

ဂန်းနားပြိုင်ဖက်ကိုလည်း ချီးကျူးလာတဲ့ မီကာရစ်ချက်

BBC  ရဲ့ဆောင်းပါးရှင်တဦးလည်းဖြစ်တဲ့  မီကာရစ်ချက်ကတော့  အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျာရတ်ဟာ အခြေအနေတွေကို ပြောင်းလဲသွားမယ့်သူဖြစ်ကြောင်း ချီးကျူးလာပါတယ်။ နိုင်ပွဲဆက်နေတဲ့ ဂန်းနားတို့ဟာ  လာမယ့်အပတ်မှာ  ဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ရစ်ချက်ဟာ  ပြီးခဲ့တဲ့နှစ် ဂန်းနားတို့ရှုံးပွဲဆက်နေတုန်းကလဲ အာတီတာဖက်ကနေရပ်တည်ပေးခဲ့သူဖြစ်ပါတယ်။

နက်တိုဖက်က ဂန်းနားတို့ဆီလာချင်နေတယ်လို့ သတင်းထောက်ဆို

အပြောင်းအရွှေ့သတင်းထောက်  ဂျို့ရှ်ဟော်လန်ကတော့ ဂန်းနားတို့ ပစ်မှတ် နက်တိုဟာ မြောက်လန်ဒန်ဆီကို လာချင်နေတယ်လို့ Give Me Sport ကနေတဆင့် ပြောဆိုလာပါတယ်။ ဂန်းနားတို့ဟာ အပြောင်းအရွှေ့ပိတ်ဖို့ ရက်အနဲငယ်မျှသာလိုအပ်တော့ချိန်မှာ တောင်ပံလူတစ်ယောက်ကို မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီး ၊ ပရိတ်သတ်ဖက်ကလည်းတောင်းဆိုမှု မြင့်တက်နေပါတယ်။ နက်တိုအတွက် အာဆင်နယ်တို့ဟာ သန်း ၅၀ ခန့်သုံးစွဲရမယ်လို့ ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: