ဖူလ်ဟမ်နဲ့ပွဲစဉ်ဟာ အာဆင်နယ် အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတယ်ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။ ပါတေးမပါ၀င်နိုင်ချိန်မှာ အသင်းရဲ့ကွင်းလယ်ဟာ အားနည်းချက်များခဲ့ပြီး အယ်လ်နီနီ၊ လိုကွန်ဂါတို့ဟာ ပါတေးရဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်မယ့်ကစားသမားတွေ မဟုတ်ပါဘူး။
ဆာကာကလည်း ဒီရာသီအစမှာ ရုန်းကန်နေခဲ့ရတာ တွေ့ခဲ့ရပါတယ်။ယုံကြည်မှု ပြန်ရဖို့ သွင်းဂိုးတစ်ဂိုးလောက်လိုအပ်နေသေးတာလို့ ဖြည့်တွေးပေးလို့ရပေမယ့် ပေပေ ထွက်ခွယသွားခဲ့ပြီးတဲ့နောက်မှာ ငရုတ်သီးလေးအတွက် ယှဉ်ပြိုင်စရာ ပြိုင်ဘက်တစ်ယောက်လိုအပ်နေတာတော့ အမှန်ပါပဲ။
လာမယ့် ဩဂုတ်လမှာ ယူရိုပါလိဂ် ပွဲစဉ်တွေပါ ကစားရဖို့ ရှိနေတာကြောင့် အသင်းဟာ စစ်မျက်နှာနှစ်ခုမှာ တိုက်ပွဲ၀င်ရတော့မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် ကစားသမားအင်အားတောင့်တင်းမှုရှိဖို့ အရေးကြီးလာနေပါပြီ။
အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မပိတ်ခင် ကစားသမားအင်အားဖြည့်တင်းဖို့ ရှိနေသေးလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမန်နိုက ခုလို အတည်ပြုပေးလာခဲ့ပါတယ်။
“အာဆင်နယ်ဟာ မှန်ကန်တဲ့ အခွင့်အရေးရှာဖွေဖို့ အာတီတာ၊အီဒူးတို့နဲ့အတူ လာမယ့်ရက်တွေမှာ အလုပ်များနေမှာ ဖြစ်ပါတယ်“
” ပီနိုအတွက် လှုပ်ရှားမှုမရှိပါဘူး၊ဗီလာရီးရဲလ်ကလည်း သူတို့ရဲ့ ကစားသမားကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပက်ဒရိုနက်တိုကိုခေါ်ယူဖို့အတွက်ကတော့ အာဆင်နယ်အပေါ်ပဲ မူတည်နေပါတယ်။ဝူဗာဟန်တန်ဟာ သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း၅၀ထက် ပိုလိုချင်နေပါတယ်။”
“အနည်းငယ်တော့ နောက်ကျနေပြီဖြစ်ပေမယ့် အာဆင်နယ်ဟာ ပေပေလိုမျိုး အချို့ကစားသမားတွေကိုလည်း လက်လွှတ်သွားဖို့ ရှိနေပါတယ်။ဒီနွေအစောပိုင်းမှာ ကျွန်တော်ပြောခဲ့သလိုပဲ ၊ ရာဖင်ဟာ ဘာစီလိုနာကို မပြောင်းခင် အာဆင်နယ်ဟာ သူ့ကို တကယ်စိတ်၀င်စားနေခဲ့ပြီး အခုတော့ အခြားပစ်မှတ်တွေကို ရှာဖွေနေတာ ဖြစ်ပါတယ်၊ဒါက လွယ်ကူမှယတော့ မဟုတ်ပေမယ့် လာမယ့်နေ့တွေမှာ ဘာတွေ ဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့“ လို့ ရိုမန်နိုက ဆိုပါတယ်။
ဖူဟမ်နဲ့ပွဲမှာရုန်းကန်ခဲ့ရခြင်းဟာ ဂန်းနားပရိတ်သတ်တွေအတွက် ပူပန်စရာဖြစ်ခဲ့ရပြီး ပြောင်းရွှေ့ရက်နီးလာလေလေ ၊ အသံငြိမ်လာလေလေမို့ ခန့်မှန်းရခက်ခဲတဲ့အခြေအနေမှာလည်းရှိနေပါတယ်။ ဇယားထိပ်မှာရောက်နေပေမယ့် အထ်မခံတဲ့ ပွဲထွက်စာရင်းကြောင့် ပရိတ်သတ်တွေအနေနဲ့ စိုးရိမ်စရာပိုလာတာလည်းဖြစ်ပါတယ်။