Updated News – နောက်ဆုံးရအာဆင်နယ်သတင်းများ(28Aug)

အဆန်ဆီယိုကို ဂန်းနားတို့ကြိုးစားနေပြီဖြစ်တယ်လို့ အခိုင်အမာဖော်ပြလာ

အာဆင်နယ်အသင်းဟာ ရီးရဲတောင်ပံလူ အဆန်ဆီယိုကို ခေါ်ယူဖို့အတွက် အကောင်းဆုံးအနေအထားမှာရှိနေပြီဖြစ်တယ်လို့ The Mirror သတင်းဌာနက ဖော်ပြလာပါတယ်။ အဆိုပါစပိန်သားနဲ့ပတ်သတ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က  ရီးရဲအသင်းထံတရားဝင်ဆက်သွယ်ခဲ့ကြတယ်လို့ သိရပြီး ၊ ကစားသမားကလည်း အေးဂျင့်အသစ်အဖြစ် ဂျော့မန်ဒက်စ်ကို လက်တွဲခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ပရိတ်သတ်တွေအားမရပေမယ့်  ဆာကာအလွန်ကောင်းတယ်လို့ မီဒီယာတွေ တညီတညွတ်ထဲ ချီးကျူးနေကြ

ဂိုးသွင်းယူနိုင်ခြင်းမရှိသလို သွင်းဂိုးပတ်သတ်မှုလည်းမရှိခဲ့ပေမယ့်  လူငယ်လေး ဘူကာယိုဆာကာ ကို သတင်းဌာနများစွာက ချီးကျူးနေကြပါတယ်။ Football London ၊  90Min ၊ Evening Standard နဲ့ Daily Express  အစရှိတဲ့ သတင်းဌာနများဟာ  အိုဒီဂတ်နဲ့အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပြီး ၊ အသင်းရဲ့ကစားပုံမှာလည်း ကြီးမားတဲ့သက်ရောက်မှုရှိခဲ့တယ်လို့ သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။

Advertisements

ကြံ့ခိုင်ရေးအတွက် စစ်ဆေးမှုတွေလုပ်ရဦးမယ့် ဂန်းနားများ

ဖူဟမ်နဲ့ကစားခဲ့တဲပွဲစဥ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိကြတဲ့ ဇင်ချန်ကိုနဲ့ပါတေးတိုဟာ လာမယ့်အပတ်ပွဲစဥ်မတိုင်ခင်မှာ စစ်ဆေးမှုတွေပြန်လည်ပြုလုပ်ရဦးမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါကစားသမား နှစ်ယောက်မပါဝင်ခြင်းက အာဆင်နယ်အသင်းကစားပုံကိုသက်ရောက်ခဲ့ပြီး အာတီတာ စိတ်ကြိုက်ကစားပုံရရှိဖို့အတွက်ရုန်းကန်ခဲ့ရပါတယ်။

နီတိုကို သဘောကျနေတဲ့ ကစားသမားဟောင်း

မန်စီးတီးနဲ့ လက်စတာ ကစားသမားဟောင်းဖြစ်တဲ့ လက်စ်ကော့ကတော့ အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး Livescore အစီအစဥ်ကနေ အခုလိုပဲပြောကြားလာခဲ့ပါတယ်။

“ အာတီတာအနေနဲ့ အပြောင်းအရွှေ့မပိတ်မီ တစ်ခုခုလုပ်ချင်နေသေးပုံပါပဲ… သူတို့ချိတ်ဆက်နေတဲ့ကစားသမားတွေကလည်း အများကြီးပါ .. အဲ့ဒီအထဲမှာ နီတိုကလဲ သတိထားမိစရာတစ်ယောက်ပေါ့ ..  သူက ကျနော့်အသင်းဟောင်းလဲဖြစ်တဲ့ ဝုဗ်အတွက် တကယ်အရေးပါတဲ့သူဖြစ်ပါတယ်  .. ဒါပေမယ့် ကစားသမားတိုင်းကတော့ သူ့တန်ကြေးနဲ့သူပါပဲ .. သူက အလားအလာသိပ်ကောင်းတဲ့သူပါ    “  ဆိုပြီးမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ ဖူဟမ်နဲ့ပွဲကွင်းဘေးအပြုအမူတွေကို အပြင်းအထန်ဝေဖန်လာတဲ့ တင်ဆက်သူ

အာတီတာရဲ့ ဖူဟမ်နဲ့ပွဲက အပြုအမူတွေအပေါ်နာမည်ကျော်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ရစ်ချက်ကီးက လှောင်ပြောင်လိုက်ပါတယ်။

“ ကြည့်ပါဦးဗျာ .. တကယ့်ဟာသပါ ,, အလွန်အကျူးကိုအောင်ပွဲခံနေတာပဲ .. ဒါဟာ တန်းတက်အသင်းကို ၂ – ၁ နဲ့နိုင်တာလေဗျာ  .. ကျွန်တော်နားကိုမလည်နိုင်ပါဘူး … ဒီပွဲကနေ သူတို့ဘာရခဲ့လို့လဲဗျာ .. မြင်ရတာ တကယ် ကိုးလိုးကန့်လန့်ကြီးပါ .. အာတီတာဟာ တပွဲလုံးလေညွန်တံလိုမျိုးလက်တွေ့ဝှေ့ယမ်းနေတာ … သူ့အသံချည်းပဲ “  ဆိုပြီး BeiN Sports ရဲ့အစီအစဥ်ကနေတဆင့်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: