အာဆင်နယ်နဲ့ ဖူလ်ဟမ် တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ အချက်တွေ

စနေနေ့ညရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ အာဆင်နယ်ပရိသတ်တွေအတွက် ရိုလာကိုစတာစီးနေရသလို ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားချက်မျိုး ရရှိစေခဲ့မှာပါ။ ပွဲသိမ်းခရာမှုတ်ချိန်မှာ့တော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အနိုင်သုံးမှတ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ဂန်းနားတွေဟာ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲပါ။

ပွဲပြီးဆောင်းပါးတွေကို ကလောင်ရှင်များစွာ ၊  Page များစွာကတင်ပြရေးသားနေကြလို့  စာဖတ်သူတွေရိုးအီနေမလားတွေးမိပေမယ့် အနိုင်ရတဲ့ပွဲစဥ် highlight ဆိုရင် မရိုးတန်းကြည့် ၊  သုံးသပ်ချက်တွေဆိုရင်လဲ ဖတ်မဝတတ်တဲ့သဘာဝရှိတာမို့ နိုင်ငံတကာဆောင်းပါးတွေကနေ ထုတ်နှုတ်ထားတဲ့အချက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ အသေးစိတ်သုံးသပ်ချက်မျိုးထက် ယေဘူယျဆန်တဲ့အချက်တွေကိုပဲ ဖတ်ရပေမယ့် ကျေနပ်မယ်လို့မျှော်လင့်ပါတယ်။

ဒီပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်တွေကတော့

() ဗီလိန်ကနေ ဟီရိုးပြန်ဖြစ်ခဲ့တဲ့ ဂါဘရီယယ်

သူရဲ့ အမှားကနေ မီထရိုဗစ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရပြီးတဲ့နောက် ဂါဘရီယယ်ဟာ သူရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ အကောင်းဆုံးအာရုံစိုက်ပြီး ကစားသွားခဲ့တာ တွေ့ရပါတယ်။ လေနိုရဲ့ အမှားကနေ အသင်းအတွက် အနိုင်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် ဂါဘရီယယ်ဟာ ၀မ်းသာအားရနဲ့ အောင်ပွဲခံခဲ့တာကို မြင်ရတာဟာ ပရိသတ်တွေအတွက် ကြည်နူးစရာပါပဲ။

Advertisements

()ဂန်းနား ဒီအန်အေနဲ့ ကစားသမားသစ်တွေ

ဂျေးဆူ ၊ ဇင်ချန်ကိုတို့ဟာ အသင်းကို ဒီနွေမှ ရောက်လာခဲ့ပေမယ့် ဂန်းနား ဒီအန်အေအပြည့်နဲ့ ကစားသမားတွေဆိုတာကို ဒီနေ့ပွဲစဉ်မှာ သက်သေပြခဲ့ပါတယ်။

ဆာကာကို လူချခဲ့တဲ့ ဖူလ်ဟမ်ကစားသမားကို  ဂျေးဆူက သွားပြီးစိန်ခေါ်ခဲ့တာကို ပရိသတ်တွေက သဘောကျနေကြပါတယ်။ ဒီပွဲစဉ်မှာ ဂျေးဆူဟာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေမရရှိခဲ့ပမယ့် အကောင်းဆုံးလုပ်အားနှုန်းတွေနဲ့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သွားခဲ့ပါတယ်။

ဂါဘရီယယ်အနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် အရန်လူစာရင်းမှာတောင် မပါတဲ့ ဇင်ချန်ကိုက အနက်ရောင်အာဆင်နယ်ဂျာစီနဲ့ ဘယ်ကပြေးလာမှန်းမသိပဲ အသင်းဖော်တွေနဲ့ အောင်ပွဲခံနေခဲ့တာဟာလည်း ပရိသတ်တွေအတွက် ရယ်မောစရာဖြစ်ခဲ့ပါတယ်။

ကွင်းဘေးမှာ ရှိနေတဲ့ လုံခြုံရေးကတောင် ဇင်ချန်ကိုကို ပရိသတ်ထင်ပြီး ဆွဲထုတ်ဖို့ ကြံခဲ့ပေမယ့် နောက်ပိုင်းမှ ဇင်ချန်ကိုမှန်းသိသွားတာကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ယူကရိန်းသားကို သဘောကျပြီးရင်း ကျနေပါတော့တယ်။

() ညာအစွန်နောက်ခံလူ‌နေရာမှာ အသားကျလာတဲ့ ဘန်ဝှိုက်

ဘန်ဝှိုက်ဟာ ညာအစွန်ခံစစ်နေရာမှာ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ခြေစွမ်းပြ ကစားလာနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ဒီတိုင်းဆို တိုမီယာဆုရဲ့ နေရာကိုတောင် သူဟာ လူယူနိုင်စွမ်းရှိနေပါပြီ။ ညက ပွဲစဉ်မှာလည်း ညာခြမ်းခံစစ်၊တိုက်စစ်တွေမှာ တည်တည်ငြိမ်ငြိမ် ကစားပြနိုင်ခဲ့သလို ချေပဂိုးပေးရနိုင်တဲ့ ဂိုးကန်ချက်တစ်ခုကိုလည်း တားဆီးနိုင်ခဲ့ပါတယ်။

()ခြေစွမ်းကောင်းတွေကို ဆက်တိုက်ပြသနေတဲ အိုဒီဂတ်

မိနစ်ကိုးဆယ်လုံးမှာ ချီးကျူးစရာ အကောင်းဆုံး ကစားသမားတစ်ဦးကို ပြပါဆိုရင် အိုဒီဂတ်ကလွဲလို့ အခြားလက်ညှိုးထိုးပြစရာ မရှိပါဘူး။ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးရယူပေးနိုင်ခဲ့သလို ဒီပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့သလို အကွက်မြင်လှပတဲ့ ဘောလုံးပေးပို့မှုတွေကိုလည်း တစ်ပွဲလည်း လုပ်ပြနေခဲ့တာပါ။

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း နော်ဝေသားဟာ ထိုက်ထိုက်တန်တန်ပဲ ရရှိခဲ့ပါတယ်။

Advertisements

()လက်စွမ်းပြခဲ့တဲ့ ရမ်ဒေးလ် 

မိုးထဲ လေထဲ ရောက်နေတဲ့အချိန်၊ အသင်းရဲ့ အနိုင်သုံးမှတ်ကို မဆုံးရှုံးရ‌အောင် ‌လက်စွမ်းပြခဲ့သူကတော့ အာရွန်ရမ်ဒေး ပါပဲ။ ဂါဘရီယယ်ဟာ အမှားမလုပ်ခဲ့ရင် သူဟာ clean sheet ရယူနိုင်ခဲ့မှာပါ။ 

ဖူလ်ဟမ်အသင်းရဲ့ အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို အကောင်းဆုံးလက်စွမ်းပြပုတ်ထုတ်ခဲ့တဲ့ ရမ်ဒေးလ်ကြောင့်ဟာ မဟုတ်ခဲ့ရင် အာဆင်နယ်ဟာ ဖူလ်ဟမ်နဲ့ အမှတ်ခွဲယူခဲ့ရမှာပါ။

တစ်ဖက်မှာ ဖူလ်ဟမ်းဂိုးသမားလေနိုကလည်း လက်စွမ်းပြခဲ့ပေမယ့် ဂါဘရီယယ်ရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာမှာ သူရဲ့ အမှားမကင်းခဲ့ပါဘူး။ ရမ်ဒေးလ်ကတော့ လေနိုကို ကျော်ဖြတ်ပြီး အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကို ထပ်မံသက်သေပြနိုင်ခဲ့တာပါ။

() လိုအပ်ချက်တွေ ရှိခဲ့တဲ့ အယ်လ်နီနီ နဲ့ တီယာနေး

ဇင်ချန်ကို၊တီယာနေးတို့ ဒဏ်ရာရနေချိန်၊ အယ်လ်နီနီနဲ့  တီယာနေးတို့ရဲ့ ကစားပုံတွေဟာ လိုအပ်ချက်ရှိခဲပါတယ်။ ပါတေးမပါ၀င်နိုင်တဲ့ ကွင်းလယ်ဟာ ဖန်တီးမှုပိုင်းမှာ အားနည်းခဲ့ပြီး တီယာ‌လ်နေးကလည်း ဇင်ချန်ကိုလိုမျိုး အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ထိထိရောက်‌ရောက်အကာအကွယ်မပေးနိုင်ခဲ့တာ တွေ့ ရပါတယ်။

အခြားအချက်တွေအနေနဲ့ ပါတေးရဲ့ ကြံ့ခိုင်မှုပြဿနာနဲ့ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး‌နောက် နည်းဗျူဟာ အပြောင်းအလဲတွေ လုပ်ပြပြီး ‌ချေပဂိုးနဲ့အနိုင်ဂိုးတွေ ရယူစေခဲ့တဲ့ အာတီတာနဲ့ ထက်မြက်မှုတို့ပါပဲ။

ဒီနေ့ပွဲစဉ်မှာ အသင်းရဲ့ ခြေစွမ်းထက် အသင်းရဲ့စိတ်ဓာတ်ခွန်အားတွေက ပိုပြီးချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ အခြေအနေတစ်ရပ်ဆီသို့ ဦးတည်နေတဲ့အသင်းတစ်သင်းရဲ့ သရုပ်သကန်များလဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: