လေ့ကျင့်ရေးကွင်းက ပုံစံတွေက ကွင်းထဲရောက်နေပါပြီ – ဘန်ဝှိုက်

ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ ပြောစရာအချက်လေးတွေအချို့ ရှိခဲ့ပေမယ့် အသင်းဟာ လေးပွဲဆက်အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာဟာ တကယ်ကိုကျေနပ်စရာပါ။ ပွဲမတိုင်မီကတည်းက လန်ဒန်ဒါဘီပွဲစဉ်မှာ အနိုင်ရဖို့ ခက်ခဲမယ်ဆိုတာ ကြိုတင် ‌မျှော်လင့်ခဲ့သလို တကယ်တမ်းယှဉ်ပြိုင်ခဲ့တဲ့ အခါမှာလည်း ဖူလ်ဟမ်က အာဆင်နယ်ကို အခက်တွေ့စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂါဘရီယယ်ရဲ့ အမှားကနေ ဦးဆောင်းဂိုး ခွင့်ပြုခဲ့ရပေမယ့် အသင်းဟာ တိုက်ပွဲ၀င်စိတ်အပြည့်နဲ့ အနိုင်သုံးမှတ်အတွက် တိုက်ပွဲ၀င်ခဲ့ပြီး အိုဒီဂတ်၊ဂါဘရီယယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ ဘန်ဝှိုက်က အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး ခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။

ဒီမှာ (အမ်းမရိတ်မှာ) အနိုင်သုံးမှတ်ရယူနိုင်တာဟာ အမြဲတမ်းကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါပဲ။ ဖူလ်ဟမ်ဟာ 

ကျွန်တော်တို့ကို အခက်တွေ့စေခဲ့သလို ကျွန်တော်တို့ကလည်း (မမျှော်လင့်ပဲ ခွင့်ပြုလိုက်ရတဲ့) သွင်းဂိုးနဲ့ ကိုယ့်ကိုယ်ကို အခက်တွေ့အောင် လုပ်ခဲ့ကြပါတယ်။ဒါပေမယ့် ကောင်လေးတွေရဲ့ တုံ့ပြန်ပုံက တကယ် အံ့ဩဖို့ ကောင်းပါတယ်

Advertisements

ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း ကြံ့ခိုင်မှုကို အားပြုပြီးဆော့ရပါတယ်။ခင်ဗျားတို့ မြင်တဲ့အတိုင်း သူတို့ရဲ့ ရှေ့တန်းမှာလည်း လူကောင်ကြီးကြီး တိုက်စစ်မှူးတစ်ယောက်(မီထရိုဗစ်) ရှိနေတယ်လေ၊ သူဟာ ထိန်းချုပ်ဖို့ တကယ်ခက်ခဲတာပါ။ဒါပေမယ့် ကောင်လေးတွေက ကောင်းကောင်းလုပ်ပြခဲ့ပါတယ်

သူရဲ့ အမှားကနေ ဦးဆောင်ဂိုးခွင့်ပြုပြီးလိုက်တဲ့နောက် အကောင်းဆုံးအာရုံစိုက်ပြန်ကစားပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဂါဘရီယယ်ကို ဘန်ဝှိုက်က အထူးသတလည် ချီးကျူးသွားခဲ့တယ်။ဂါဘရီယယ်ကို ပွဲချိန်အတိုင်း အားပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေကြောင့် ခူလိုအနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“တကယ် တော်ပါတယ်။ဂါဘရီယယ်ဟာ အမှားလေးတစ်ခုရှိခဲ့ပြီး သူ့ရဲ့ တုံ့ပြန်ပုံက တကယ်ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ကို အနိုင်ရအောင် တကယ်ပဲ ကူညီပေးခဲ့ပါတယ်။နေ့စဉ် လေ့ကျင့်ရေးအစီအစဉ်တွေမှာရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ စိတ်ဆန္ဒတွေဟာ အခုဆို ကွင်းထဲမှာ ပြနေပါပြီ” လို့ ဘန်ဝှိုက်က ဆိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: