အာဆင်နယ်ဟာ စီးပွားရေးလက်တွဲဖော်‌တွေ ဆွဲဆောင်မှုရှိနေတုန်းလား

လက်ရှိအချိန်မှာ အာဆင်နယ်ဟာ အောင်မြင်မှုတွေပြန်လည်ရရှိနိုင်ဖို့ လမ်းကြောင်းအသစ်တစ်ခု ဖော်လုပ်နေရတဲ့ အချိန်ဖြစ်ပေမယ့် ကမ္ဘာ့အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ ငြင်းလို့မရသေးပါဘူး။

အသင်းဟာ ၂၀၀၄ခုနစ်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရသလို ၂၀၁၇ခုနစ်ကတည်းက ချန်ပီယံလိဂ်၀င်ခွင့် မရရှိထားပါဘူး။ အာဆင်၀င်းဂါးထွက်ခွာပြီး‌နောက် အူနိုင်းအမ်မရီရဲ့ ကျရှုံးမှုတွေ ပြီး‌တဲ့နောက်မှာ အာတီတာဟာ ဂန်းနားတွေရဲ့ ခေတ်သစ်တစ်ခုကို တည်ထောင်ဖို့ အမ်းမရိတ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေပြီးလမ်းကြောင်းတစ်ခုပေါ် စလျှောက်နေဆဲ အခြေအနေမှာသာ ရှိနေပေမယ့် အာဆင်နယ်ဟာ စီးပွားလက်တွဲဖော်တွေအတွက် ရင်းနှီးမြုပ်နှံဖို့ ဆွဲဆောင်မှာရှိနေဆဲဖြစ်ပြီး ငွေကြေးအများအပြားရှာဖွေနေနိုင်ဆဲပါပဲ။ ။ ဒါ့အပြင်   ပရိတ်သတ်မျိုးဆက်သစ်တွေအတွက် ရည်ရွယ်တဲ့ စျေးကွက်ဖော်ဆောင်မှုတွေကိုလည်း အာဖရိကနဲ့ အရှေ့အာရှ ဒေသဖက်တွေမှာ ပြုလုပ်နေတာကိုတွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ ကမ္ဘာ့တဝှမ်းလုံးက သန်းနဲ့ချီတဲ့ ပရိသတ်တွေရဲ့ အားပေးမှု၊ ကြီးမားတဲ့ သမိုင်းကြောင်းတွေနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးတစ်သင်းဖြစ်နေတာကြောင့်ပါပဲ။ အသင်းဟာ တစ်ချိန်မှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ခေတ်နဲ့လျော်ညီတဲ့တင်ဆက်ပုံတွေ ၊ Marketing and Communications အစီအစဥ်တွေကိုလည်း ကောင်းစွာစီစဥ်ထားတာကိုမြင်ရပါတယ်။

Advertisements

ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကီရင်မက်ဂွိုင်းယားဆိုတဲ့ ပညာရှင်တစ်ယောက်ကတော့ အာဆင်နယ်ရဲ့ စီးပွားရေးအောင်မြင်မှုဟာ ကွင်းတွင်းအောင်မြင်မှုတွေအပေါ် အခြေခံထားတာမဟုတ်တဲ့အကြောင်း ရှင်းပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆင်နယ်ဟာ အောင်မြင်မှာတွေနဲ့ ဝေးကွာနေခဲ့ပေမယ့် သူတို့ဟာ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားတဲ့ အသင်းတစ်သင်းဖြစ်နေဆဲပါပဲ .. လက်ရှိအခြေအနေအရ သူတို့ဟာ လီဗာပူးလ်၊မန်ယူတို့နဲ့ တန်းတူအဆင့်အတန်းတစ်ခုမှာ ရှိမနေပေမယ့် ရင်းနှီးမြုပ်နှံ‌သူတွေအတွက် မျက်စိကျစရာဖြစ်နေဆဲပါ

“Amazon ရိုက်ကူးခဲ့တဲ့  documentary ကို ကြည့်ရှုသူတွေ၊ ဒေါင်းလုဒ်ဆွဲခဲ့သူတွေသာ တကယ်ကိုအများကြီးပါပဲ။ဒီရာသီမှာလည်း သူတို့ဟာ အကောင်းဆုံးစတင်ထားနိုင်ခဲ့ပါတယ် လို့ ကီရင်မက်ဂွိုင်းယားက ဆိုပါတယ်။

အာဆင်နယ်ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်စွမ်းမရှိသေးပေမယ့် ကမ္ဘာပေါ်က အကောင်းဆုံး brandတွေ ထဲက တစ်ခုဖြစ်နေဆဲပါပဲ။ မကြာခင်မှာတော့ ဆုဖလားတွေကို ပြန်လည်ရယူနိုင်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းမှာလည်း ရှိနေပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: