Updated Arsenal News – နောက်ဆုံးရ အာဆင်နယ် သတင်းများ (26Aug)

တရားဝင်ကြေငြာခဲ့ပြီဖြစ်တဲ့ ပေပေရဲ့ အပြောင်းအရွှေ့

ဂန်းနားတောင်ပံလူပေပေဟာ ပြင်သစ်ကလပ်နိစ်အသင်းကို တစ်ရာသီ အငှားနဲ့ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း အာဆင်နယ်အသင်းဖက်က တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲပေါင်း ၁၀၀ ကျော်မှာ ၂၇ ဂိုးထိသွင်းယူခဲ့သလို အသင်းကြီးတွေနဲ့ရင်ဆိုင်ရာမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိခြင်းက  အသင်းက ထွက်ခွာဖို့အကြောင်းဖန်ခဲ့တယ်လို့ ဆိုရပါတယ်။ ပေပေရဲ့ အငှားစာချုပ်မှာ အပြီးသတ်ပြောင်းရွှေ့ခွင့်တော့ ပါဝင်ခြင်းမရှိဘူးလို့လဲသိရပါတယ်။

ပင်နိုက အခြေအနေအရပ်ရပ်အတွက်အသင့်လို့ ဒန်ဂျုံးစ်ပြော

အပြောင်းအရွှေ့သတင်းထောက် ဒန်ဂျုံးစ်ကတော့  ဗီလာရီးရဲ လူငယ်ကစားသမားပင်နို အနေနဲ့ အသင်းပြောင်းကစားရသည်ဖြစ်စေ၊ စပိန်မှာဆက်နေရသည်ဖြစ်စေ ပြဿနာမရှိဘူးလို့ The Football Terrace အစီအစဥ်ကနေ ဖွင့်ပြောလာခဲ့ပါတယ်။ အဆိုပါ တောင်ပံလူဟာ ဂန်းနားတို့အတွက် လွန်ခဲ့တဲ့ရာသီကတည်းက ပစ်မှတ်ထားနေခဲ့သူဖြစ်ပြီး  ယခုရာသီမှာလည်းကမ်းလှမ်းမယ်လို့ သတင်းတွေကျယ်လောင်စွာထွက်ပေါ်နေပါတယ်။

ဒန်ဘီလီအတွက် ငွေသားသီးသန့်လိုနေတဲ့ လိုင်ယွန်

လိုင်ယွန်အသင်းဟာ သူတို့ရဲ့တောင်ပံလူ ဒန်ဘီလီအတွက် ငွေသားသီးသန့် ပြောင်းရွှေ့ကြေးကိုသာ အလိုရှိနေတယ်လို့  Express UK က ဖော်ပြလာပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ဂန်းနားတို့နဲ့ မန်ချက်စတာယူနိုက်တက်တို့က အပြိုင်စိတ်ဝင်စားနေပြီး ၊ တန်ကြေးကတော့ သန်း ၆၀ ခန့်ရှိတယ်လို့ဆိုပါတယ်။

ယူကရိန်းမှာ ဘောလုံးပြန်ကစားဖို့အတွက် ထောက်ခံခဲ့တဲ့ ဇင်ချန်ကို

သတိပေးချက် ၊  အထောက်အပံ့ပစ္စည်းလိုအပ်ချက် နဲ့ အခြားသော အကန့်အသတ်များရှိနေပေမယ့် ယူကရိန်းလိဂ်ပြန်လည်စတင်ခြင်းအပေါ်မှာ အာဆင်နယ်ကစားသမား ဇင်ချန်ကို က ကြိုဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားနေပေမယ့် ပြည်သူတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေအတိုင်းဆက်လက်ရရှိနေဖို့လိုအပ်တယ်လို့ ဇင်ချန်ကိုက ယုံကြည်နေပြီး  ၊ သမ္မတ ဇာလန်စကီးရဲ့လိုအပ်ချက်ကို ကူညီဖို့အသင့်ရှိကြောင်းလဲ ပြောဆိုလာပါတယ်။ လတ်တလောမှာ တော့နိုင်ငံအနောက်ပိုင်းဒေသများနဲ့ မြို့တော်ကိယက်ဗ်မှာသာပြန်လည်ကစားနိုင်ဦးမှာဖြစ်ပါတယ်။

နက်တိုကို အာဆင်နယ်ရမှာမဟုတ်ဘူးလို့  Sky Sports သတင်းထောက်ပြော

Sky Sports သတင်းထောက် ဒါမက်ဆက်ရှ်ကတော့  ဂန်းနားတို့အနေနဲ့ ဝုဗ်ကစားသမား နက်တိုကို ခေါ်ယူဖို့ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။  အဆိုပါ သတင်းထောက်ရဲ့ အဆိုအရ  အာတီတာနဲ့  ဘရူနိုလေ့ တို့ဟာ နက်တိုအတွက်ဆွေးနွေးခဲ့ပြီးဖြစ်သလို  ၊ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ဝင်ရောက်ညှိနှိုင်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က  မိုလီနော့စ် မှာပဲ ပျော်နေတာကြောင့်လို့သိရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: