“အရမ်းခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာမှာပါ” အာတီတာ

ဖူလ်ဟမ်နဲ့ ပွဲမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ ဘော့စ်က မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေးခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေအကြောင်း၊ ပွဲကြိာပြင်ဆင်မှုနဲ့ အခြားသောအကြောင်းအရာတွေကို အာတီတာ ဘယ်လို ဖြေကြားထားသလဲဆိုတော့

အသင်းရဲ့ သတင်းတွေနဲ့ ဒဏ်ရာပြဿနာတွေအ‌ကြောင်း

“ဒီသီတင်းပတ်မှာ အားလုံးလေ့ကျင့်ခဲ့ပြီး အကုန်အဆင်ပြေပါတယ်။ဒါ့ကြောင့် ရွေးချယ်စရာ တစ်သင်းလုံးအကုန်ရှိနေပါတယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်အချို့က ဒဏ်ရာရခဲ့တဲ့ ရိစ်(နယ်လ်ဆင်)က လွဲလို့ပေါ့”

ဘုန်းမောက်နဲ့ ပွဲမှာ ဘာကို အားအရခဲ့ဆုံးလဲ

“ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံ၊ စွမ်းဆောင်ပြခဲ့တဲ့ပုံစံနဲ့ အမှတ်ပြည့်ရယူနိုင်ခဲ့တာ၊ ပုံစံကောင်းကို ဆက်ပြနိုင်ခဲ့တာတွေပေါ့”

ပြီးခဲ့တဲ့ရာသီအစနဲ့ ဒီရာသီအစ နှစ်ခုမှာ အဓိကကွဲပြားတဲ့အရာက ဘာများဖြစ်မလဲ

“အဲ့ဒီတုန်းက ကျွန်တော်တို့မှာ ရှိခဲ့တဲ့ကစားသမားတွေနဲ့ အခု ကျွန်တော်တို့မှာ ရှိတဲ့ ကစားသမားတွေပေါ့။ တစ်နှစ်ကြာပြီးတဲ့နောက် ကျွန်တော်တို့ဟာ မတူညီတဲ့ အချိန်အခိုက်အတန့်တစ်ခုမှာ ရှိနေပါပြီ။ မနှစ်က ကျွန်တော်တို့နဲ့အတူကစားသမားတွေတောင် ဒီနှစ်မှာ ကွဲပြားသွားခဲ့ပါပြီ။ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အရှိန်အဟုန်၊စွမ်းအားနဲ့ ယုံကြည်မှုတွေရခဲ့ပြီ။ဒီတော့ ဒီအတိုင်းဆက်သွားကြတာပေါ့”

Advertisements

ဖူလ်ဟမ်အသင်းဆီကနေ ဘာတွေ မျှော်လင့်ထားသလဲ

“တကယ်ကို ခက်ခဲမယ့် ပွဲစဉ်တစ်ခုပါ။သူတို့ဟာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ လမ်းကြောင်းတစ်ခုမှာ ရှိနေခဲ့ပါတယ်။မနှစ်က ချန်ပီယံရှစ်မှာလည်း တကယ်ကောင်းကောင်းလုပ်ပြခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ရှုံးပွဲမရှိသေးပါဘူး။သူတို့ဟာ အရမ်းကို ခက်ခဲတဲ့ ပြိုင်ဘက်သုံးသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ဒီတော့ သူတို့ကို ချီးကျူးရမှာပါ။ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”

ဖူလ်ဟမ်တိုက်စစ်မှူ မီထရိုဗစ်နဲ့ ပတ်သက်ပြီး

“ခင်ဗျားတို့ မြင်တဲ့အတိုင်း ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ သူဟာ ၄၃ဂိုးသွင်းယူခဲ့ပြီး ဒီရာသီမှာလည်း ၃ဂိုးသွင်းယူခဲ့ပြီးပါပြီ။ တိုက်စစ်မှာ သူ့ရဲ့ လုပ်ပြနိုင်စွမ်းတွေအရ မီထရိုဗစ်ဟာ ဖူလ်ဟမ်ရဲ့ အန္တရာယ်အရှိဆုံး ကစားသမားတွေထဲက တစ်ဦးပါ”

ပေပေရဲ့ ထွက်ခွာမှုအပေါ်

“သူ အသင်းကိုရောက်ခဲ့တာ သုံးနှစ်ရှိပါပြီ။သူမှာ အရမ်းကောင်းတဲ့ အချိန်တွေလည်းရှိခဲ့ပြီး ကစားခွင့်မိနစ်တွေ အများကြီးမရခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။အားလုံးအတွက် အဆင်ပြေအောင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ ကျွန်‌တော်တို့ ဆုံးဖြတ်ခဲ့တာပါ။သူဟာ ကစားခွင့်မိနစ်တွေ လိုအပ်ပါတယ်၊ ဘောလုံးကစားရဖို့ လိုအပ်ပါတယ်၊သူဟာ ဒီလို အခွင့်အရေးတွေ ရဖို့လည်း ထိုက်တန်ပါတယ်”

Advertisements

လေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ ခံစားချက်

“ခံစားချက်က တကယ်ကောင်းနေပါတယ်၊ စွမ်းအင်တွေလည်း အပြည့်ပါပဲ။ကောင်လေးတွေဟာ ဒီအပတ်မှာလည်း ပြောစရာမရှိအောင် ထပ်ပြီးကောင်းကောင်း လေ့ကျင့်ခဲ့ပါတာ်။ကျွန်တော်တို့ နောက်ထပ် စွမ်းဆောင်ရည်ကောင်းတစ်ခုကို ချပြပြီး အနိုင်ရဖို့ အခွင့်အရေးကို ရယူဖို့ပဲ လိုအပ်ပါတယ်”

ယူရိုပါလိဂ် ရည်မှန်းချက်တွေအပေါ်

“ကျွန်တော်ဟာ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။ တစ်ဆင့်ချင်းသွားပြီး မဲခွဲဆုံးဖြတ်မှုက ဘယ်လိုရှိမလဲ ကြည့်ကြတာ‌ပေါ့၊ ပြီးရင်တော့ ပြိုင်ပွဲအတွက် အကောင်းဆုံးဖြစ်နိုင်ချေရှိတဲ့ ပုံစံနဲ့ လေ့ကျင့်သွားမှာပါ”

Financial Fair Play အပေါ်

“ကျွန်တော်တို့ကို စောဒကတွေ တက်ကြပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်ဆီကနေ ဘာမှ မကြားခဲ့ရပါဘူး။ ဒီသတင်းက ဘယ်ကလာလဲတော့ ကျွန်တော်မသိဘူး။အသင်းသာ အမြဲတမ်း စည်းကမ်းလိုက်နာပြီး ကျွန်တော်တို့လုပ်ဆောင်ချင်တဲ့ အရာတွေအပေါ် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပေါ် အရမ်းကို ရှင်းလင်းတဲ့ အမြင်လည်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့မှာ ရှိနေတဲ့ ကန့်သတ်ချက်တွေ၊ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရမယ့် အရာတွေကိုလည်း ကောင်းကောင်းသိပါတယ်။ဒီတော့ ဒီလို အဓိပွါပယ်မရှိတဲ့အရာတွေဟာ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး”

ဘယ်လာရင်နဲ့ ပတ်သက်ပြီး

“သူတို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အချို့ကစားသမားတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးနေကြတုန်းပါပဲ။ အားလုံးအတွက် အကောင်းဆုံးအဖြေကို ကျွန်တော်တို့ ကြိုးစားရှာဖွေသွားမှာပါ”

Advertisements
Advertisement

Leave a Reply

%d bloggers like this: