ပွဲထွက်ခွင့်လိုချင်လို့ အာဆင်နယ်လာရင် မှားပါလိမ့်မယ် – ကင်းဘဲလ်

ချဲလ်ဆီးမှာ ပွဲကစားချိန်မိနစ်တွေရဖို့ ခက်ခဲနေတဲ့ဟတ်ဆန်အိုဒွိုင်းဟာ ဒီနွေမှာစတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ကြံစည်နေပြီး အာဆင်နယ်နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမားဟာ တိုက်စစ်မှာ နေရာစုံကစားနိုင်သူဖြစ်တာကြောင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတဲ့ အာဆင်နယ်အတွက် ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတာ်။

ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားတွေထဲမှာ အထွန်းတောက်ဆုံး လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိုဒွိုင်းဟာ စီနီယာအသင်းကြီးကို ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ ဒဏ်ရာပြဿနာအချို့ကြောင့် ရုန်းကန်ခဲ့ရသလို အသင်းမန်နေဂျာတွေရဲ့ ယုံကြည်မှုကိုလည်း မရှိခဲ့တာကြောင့်  ပွဲထွက်ခွင့် တစ်နေရာအတွက် ရုန်းကန်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ နေရာဖြစ်ပြီး အမ်းမရိတ်ဟာ ဟတ်ဆန်အိုဒွိုင်းလို့ လူငယ်ကြယ်ပွင့်လေးတွေအတွက် ထွန်းတောက်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။

ဒါပေမယ့် ဂန်းနားဟောင်းကြီး ကီဗင်ကမ်းဘဲလ်ကတော့ ဟတ်ဆန်အိုဒွိုင်းဟာ ချဲလ်ဆီးမှာ ကြုံတွေ့ခဲ့ရသလိုမျိုးအာဆင်နယ်မှာလည်း ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်တယ်လို့ ဆိုပါတယ်။

Advertisements

“ဒါဟာ ဘောလုံးရဲ့ ထိပ်ဆုံး အစိတ်အပိုင်းပါပဲ။သူဟာ ကစားခွင့်ရချင်တယ်ဆိုရင်တောင် အာဆင်နယ်မှာလည်း အများကြီး ကစားခွင့်ရမှာ မဟုတ်ပါဘူး၊ ဒီအရာကို ကျွန်တော်ပြောချင်တာပါ၊ ဒါဟာ ခက်ခဲတဲ့ အရာတစ်ခုပါ”

“သူသာ အသင်းရဲ့ အစိတ်အပိုင်းဖြစ်နေလိမ့်မယ်။သူဟာ ပွဲကစားခွင့် မိနစ်တွေလည်း ရလိမ့်မယ်။ဒါပေမယ့် ပွဲထွက်ကစားသမား ၁၁ယောက် စာရင်းမှာတော့ ပါလာမှာ မဟုတ်ပါဘူး။တကယ်လို့ ပွဲထွက်ကစားသမားပဲ ဖြစ်ချင်တယ်ဆိုရင် အာဆင်နယ်ဟာ သူ့အတွက်နေရာ မဟုတ်ပါဘူး”

ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကို သဘောကျပါတယ်။သူ့မှာ ကြီးမားတဲ့ စွမ်းရည်တစ်ခုရှိပြီး တိုက်စစ်ဘယ်တောင်ပံမှာကော ညာတောင်ပံမှာပါ ကစားနိုင်ပါတယ်။ရိုးရိုးသားသားပြောရရင်တော့ (အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး) ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်မမြင်နိုင်ပါဘူး

အသင်းရဲ့ တိုက်စစ်၊ကွင်းလယ်နဲ့ ခံစစ်မှာ ကစားသမားကောင်းတွေ ရှိနှင့်ပြီးဖြစ်တာကြောင့် အရန်ကစားသမားအချို့ကိုပဲ အီဒူးတို့ခေါ်ယူဖို့ လိုအပ်ပါတော့တယ်။ ချဲလ်ဆီးလို အသင်းမျိုးမှာ နေရာမရခဲ့တဲ့ ကစားသမားဟာ အာဆင်နယ်မှာလည်း ပွဲထွက်ခွင့်ရဖို့ မလွယ်ကူနိုင်ပါဘူး။

ဒါ့ကြောင့် ကမ်းဘဲလ်က အိုဒွိုင်းကို အမ်းမရိတ်မှာ ပွဲထွက်ခွင့်တစ်နေရာသေချာပေါက်ရမယ်လို့ မမျှော်လင့်ဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: