နောက်ဆုံးရအာဆင်နယ် သတင်းများ (25 Aug)

၂၄ နာရီအတွင်းအဆုံးသတ်မယ့် ပေပေရဲ့ အပြောင်းအရွှေ့

ဂန်းနားတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေကတော့ နာရီပိုင်းအတွင်းမှာပဲ နိုက်စ် အသင်းကို တရာသီအငှားနဲ့ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။  အိုင်ဗရီကို့စ်တောင်ပံလူဟာ  ပြီးခဲ့တဲ့အပတ်ထဲကပြင်သစ်မြေကိုပြန်ဖို့ သတင်းတွေထွက်နေခဲ့ပေမယ့်  ပရီးမီးယားလိဂ်ပြိုင်ဖက် လက်စတာရဲ့ ကြားဖြတ်ကမ်းလှမ်းမှုကြောင့် အနဲငယ် နှောင့်နှေးနေခဲ့တာလို့သိရပါတယ်။  ကစားသမားလစာကို  အငှားကာလအတွက် အာဆင်နယ်နဲ့ နိုက်စ်တို့က တဝက်စီမျှခံကြမယ်လို့ သတင်းများကဆိုပါတယ်။

နီတို ရောက်လာဖို့ ခက်ခဲကြောင်း ပေါ်တူဂီသတင်းစာရေးသား

အာဆင်နယ်အသင်းဟာ နီတိုကို ခေါယူဖို့ ကြိုးပမ်းနိုင်ပေမယ့် လက်တွေ့ဖြစ်လာဖို့ကတော့အလွန်ခက်ခဲကြောင်း ပေါ်တူဂီသတင်းစာ Ojogo က ရေးသားဖော်ပြလာပါတယ်။ ဝုဗ်အသင်းရဲ့ အသက် ၂၂ အရွယ် တောင်ပံလူ နီတိုကို  ဂန်းနားတို့ဟာ တောင်ပံအားဖြည့်ဖို့အတွက် ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေကတော့ ကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

Advertisements

ဝင်းဂါးပစ်မှတ်ဖြစ်ဖူးကြတဲ့ နီတိုနဲ့ ဂျေးဆူ

ဂန်းနားဂန္တဝင်ကြီး ဝင်းဂါးဟာ တချိန်တုန်းက  ဂျေးဆူနဲ့ နီတို တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သတင်းများကို ကိုးကားပြီး Express UK က ဖော်ပြလာပါတယ်။ အဆိုပါကစားသမားများ ဆယ်ကျော်သက်ဘဝတုန်းက အာဆင်နယ်တို့ဟာ အသင်းကိုခေါ်ယူဖို့ကြိုးစားခဲ့ဖူးပြီး အောင်မြင်မှုမရခဲ့တာလို့ဆိုပါတယ်။ နီတိုနဲ့သတင်းတို့  ပေါ်တူဂီသတင်းစာ A Bola က ရေးသားခဲ့တာဖြစ်ပြီး ၊  ဂျေးဆူနဲ့သတင်းကိုတော့ Esporte Interativo က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ဗီအဲရာတစ်ယောက်အသင်းနဲ့အံဝင်နေတယ်လို့ ရေးသားနေကြ

ယခုရာသီမှာခေါ်ယူထားတဲ့ ကစားသမားသစ် ဗီအဲရာဟာ  လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းတွေပြသနေပြီး  ၊ နောက်ခံလူ ဆာလီဘာနဲ့ ချိတ်ဆက်ကစားပုံကလည်း အရည်အသွေးမြင့်ကြောင်း  ပေါ်တူဂီမီဒီယာများမှာ ရေးသားနေကြပါတယ်။ အဆိုပါ ပေါင် ၃၄ သန်းတန်ကွင်းလယ်လူဟာ အသင်းကို ရောက်ရှိလာကတည်းက ပွဲထွက်ရခြင်းမရှိသေးပဲ  လေ့ကျင့်ရေးနဲ့ လူငယ်ပွဲမှာသာ ဝင်ရောက်ကစားရသေးသူလည်းဖြစ်ပါတယ်။

ပေါင် ၅ သန်းတိုးပေးရုံနဲ့ တိုင်လီမန်းစ်ကို ဂန်နားတို့ရတယ်လို့ ဘင်ဂျက်ကော့ဗ် ပြောလာပြန်

အာဆင်နယ်အသင်းနဲ့ တိုင်လီမန်းစ်ကြားမှာ ပေါင် ၅ သန်းလောက်သာအ တိုးအလျော့လုပ်ပြီးညှိနှိုင်းဖို့လိုကြောင်း သတင်းထောက် ဘင်ဂျက်ကော့ဗ်က ပြောကြားလာပါတယ်။  လက်စတာအသင်းဟာ  မူလက ပေါင် ၃၈ သန်းခန့်လိုချင်ခဲ့ပေမယ့် ၊ လက်ရှိကာလမှာတော့ ပေါင်  ၃၂ သန်းခန့်လောက်အထိ စျေးနှုန်းလျော့ချလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ပေါင် ၂၅ သန်းလောက်သာ သုံးစွဲလိုတဲ့ ဆန္ဒရှိတယ်လို့သိရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: