အိုဒီဂတ်ဟာ အခုဆို ပေါင်သန်း၈၀ တန်နေပါပြီ – အလန်စမစ်

ဒီရာသီမှာ အသင်းရဲ့ အမြဲတမ်းကပ္ပတိန်ဖြစ်လာခဲ့တဲ့ အိုဒီဂတ်ဟာ ရာသီအဖွင့်ပွဲစဉ်နှစ်မှာ မနှစ်ကလို ခြေစွမ်းမျိုးမပြသနိုင်ခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ကပ္ပတိနန်ဟာ သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့ပြီး ဝေဖန်မှုတွေအပေါ် အကောင်းဆုံးတုံ့ပြန်ပြနိုင်ခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်ကနေအာဆင်နယ်ကို အငှားလာရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

ရာသီကုန်ဆုံးပြီးချိန်မှာတော့ နော်ဝေသားဟာ စပိန်မြေကို ပြန်သွားခဲ့ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီအစ၊ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သေးခင်မှာ အာဆင်နယ်ဟာ အိုဒီဂတ်ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ အိုဒီဂတ်ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူခဲ့တာဟာ ထိုက်တန်ရဲ့လားလို့ သံသယရှိခဲ့သူတွေ အများကြီးပါပဲ။

အိုဒီဂတ်ဟာ အမ်းမရိတ်ကို အပြီးသတ်‌ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပေါင်သန်း၃၀ထက်မက တန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ဒါ့ကြောင့် အာတီတာဟာ အိုဒီဂတ်ကို အသင်းခေါင်းဆောင် လက်ပတ်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပြီး ‌အူဘာ၊လာကာတို့အလွန်မှာ နော်ဝေးသားဟာ အသင်းရဲ့ ကပ္ပတိန်အသစ်ဖြစ်လာခဲ့ပါတယ်။

Advertisements

လက်ရှိ အိုဒီဂတ်ရဲ့ခြေစွမ်းနဲ့ အသက်အရွယ်အရ အနည်းဆုံး ပေါင်သန်း၅၀နဲ့အထက် တန်ကြေးရှိနေပြီလို့ ဆိုနိုင်ပါတယိ။ အိုဒီဂတ်ကို ပေါင်သန်း၃၀တည်းနဲ့ ရောင်းချခဲ့တယ်ဆိုပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ သူတို့ဟာ အသင်းကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ။

ဂန်းနားဟောင်းကြီး အလန်စမစ်က အိုဒီဂတ်ကို ခေါ်ယူခဲ့တဲ့ အသင်းနဲ့ recruitment team တို့ကို ချီးကျူးလာခဲ့ပါတယ်။

အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေက တကယ်ကို ကောင်းမွန်ပါတယ်။ ဒီလို (အိုဒီဂတ်လို) ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

ကစားသမားခေါ်ယူမှုစနစ်အပေါ်  ကြီးမားတဲ့ အလင်းရောင်တစ်ခု တောက်ပနေသလိုပါပဲ။သူတို့ (recruitment team)ဟာ သိပ်ကို စည်းလုံးကြပါတယ်

သူတို့(recruitment team)က အိုဒီဂတ်ကို ပေါင်သန်း၃၀နဲ့ ခေါ်ယူခဲ့တယ်။အဲ့ဒီအချိန်တုန်းက အချို့ကတွေးမိမှာပေါဗျာပေါင်သန်း ၃၀တောင်လားပေါ့။ အခုချိန်ပြန်ရောင်းရင် အနည်းဆုံးသန်း၈၀ အသာလေးရနိုင်တယ်လိူ့ ကျွန်တော်ထင်ပါတယ်

ပြီးခဲ့တဲ့နွေမှာ ဘန်ဝှိုက်၊တိုမီယာဆု၊ရမ်ဒေးလ်၊အိုဒီဂတ်စတဲ့ Major Signings တွေအားလုံးဟာ မှန်ကန်ခဲ့ပြီး ဒီနွေမှာခေါ်ယူခဲ့တဲ့ ဂျေးဆု၊ဇင်ချန်ကိုဟာလည်း လက်ရှိမှာ အသင်းအတွက် အများကြီးအကျိုးပြုနေနိုင်ပါတယ်။ဗီအဲရာကတော့

အသင်းအတွက် ကောင်းကောင်းကစားခွင့်မရသေးတာကြောင့် စောင့်ကြည့်ရပါဦးမယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: