အငှားကစားရင်း ၁၉၇၅ နောက်ပိုင်းမှာ ပထမဆုံး ၃ ပွဲဆက်ဂိုးသွင်းသူဖြစ်လာတဲ့ ဘာလိုဂန်

မနှစ်က ဆာလီဘာဟာ ပြင်သစ်မြေကို အငှားထွက်ကစားရင်း အတွေ့အကြုံကောင်း‌တွေ ရရှိခဲ့ပြီး လက်ရှိဘောလုံးရာသီမှာအသင်းနဲ့အတူ ပွဲထွက်ခွင့် ရရှိခဲ့ပါပြီ။ ဆာလီဘာဟာ လီဂူး၀မ်းမှာ  အတွေ့အကြုံကောင်းတွေ ရရှိခဲ့တာကြောင့် အာတီတာဟာ သူ့ရဲ့ ကစားသမားတွေကို ပြင်သစ်မြေဆီ အငှားချဖို့  မျက်စိကျလာခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဒီဘောလုံးရာသီမှာ တာဗာရက်စ်၊ ဘာလိုဂန်တို့ကလည်း  အတွေ့အကြုံကောင်းတွေ ရှာဖွေဖို့ အခြားအသင်းတွေဆီ အငှားထွက်ကစားခဲ့ကြပါတယ်။ တာဗာရက်စ်က မာဆေးလ်နဲ့ အတူ အကောင်းဆုံးခြေစွမ်းပြနေပြီး ဆာလီဘာရဲ့ ခြေရာကို နင်းဖို့ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ဘာလိုဂန်ဟာ ရင်းစ်မှာ အငှားထွက်ကစားရင်း သွင်းဂိုးတွေ တောက်လျှောက်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားလေးဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘာလိုဂန်နဲ့ ဂျွန်ဂျူးလ် ဟာ ဂန်းနားတို့ မျှော်လင့်ခဲ့ကြရတဲ့ ကစားသမားလေးများဖြစ်ပြီး ဘာလိုဂန်ကတော့ ပိုထူးချွန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Advertisements

စီနီယာအသင်းကြီးမှာ အထောင်တိုက်စစ်မှူးနေရယအတွက် ဂါဘရီယယ်ဂျေးဆု၊ အန်ကက်တီးယားတို့ ရှိနေတာကြောင့် အာတီတာက ဘာလိုဂန်ကို ပွဲထွက်ခွင့် မိနစ်တွေနဲ့ အတွေ့အကြုံကောင်းတွေရရှိစေဖို့ ရင်းစ်ဆီ အငှားထွက်ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စထရာဘော့ဂ်နဲ့ ပွဲစဉ် ပွဲချိန်၈၉မိနစ်မှာ သွင်းဂိုးတစ်ဂိုးရယူပေးခဲ့ပြီး အသင်းအတွက် သရေတစ်မှတ်ရယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ဘာလိုဂန်ဟာ ရင်းစ်အတွက် ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ်သုံးပွဲစလုံးမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။

The Sun ရဲ့ အဆိုအရ  ၁၉၇၅ခုနစ်နောက်ပိုင်း ရင်းစ်အတွက် ပထမဆုံးပွဲစဉ်သုံးပွဲစလုံးမှာ ဂိုးသွင်းယူနိုင်သူဆိုတဲ့ မှတ်တမ်းကောင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘာလိုဂန်မတိုင်မီ ဒီမှတ်တမ်းကို ရယူထားသူက ဂျက်စ်ကွက်ဗားနပ်စ်ဖြစ်ပါတယ်။ 

ဘာလိုဂန်ဟာ လီဂူး၀မ်းမှာ ရင်းစ်နဲ့အတူ ဆက်လက် ခြေစွမ်းပြပြီး ဆာလီဘာနည်းတူ အတွေ့အကြုံကောင်းတွေကို ပြင်သစ်မြေကနေ သယ်ဆောင်လာပြီး အမ်းမရိတ်ဆီ ရင်ကော့ ခေါင်းမော့ပြီး ပြန်လာနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရပါဦးမယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလဲ အသင်းကြီးနဲ့အတူ ပုံစံအနဲငယ်ပျက်ခဲ့ပြီးနောက် ချန်ပီယံရှစ်မှာကစားရင်း ကစားသမားဘဝကို တဖြေးဖြေးမြှင့်တင်လာခဲ့သူဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: