မာတင်နယ်လီသဘောကျတဲ့ တောင်အမေရိသား ဘောလုံးသမားများ

တောင်အမေရိကမြေဆိုတာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေကို မွေးထုတ်ပေးတဲ့ နေရာတစ်ခုလို့ ဆိုရင်

မမှားနိုင်ပါဘူး။ ပီလီ၊မာရာဒိုနာကနေအစ ရော်နယ်ဒို၊‌ကာကာတို့အလယ် မက်ဆီ၊ ဆွာရက်ဇ်၊ အဂူရိုတို့အဆုံး ဒီကမ္ဘာကျော်တွေဟာ ဘရာဇီးလ်၊ဥရုဂွေး၊အာဂျင်တီးယားတို့လို တောင်အမေရိကနိုင်ငံတွေကနေ ဥရောပကို တင်သွင်းလာတဲ့ အကောင်းဆုံးထုတ်ကုန်တွေပါပဲ။

လက်ရှိအာဆင်နယ်မှာလည်း တောင်အမေရိကသား ကစားသမားတွေတဖြည်းဖြည်းများလို့လာပါပြီ။ပြီးခဲ့တဲ့ နှစ်တွေမှာ ဂါဘရီယယ်၊ မာတင်နယ်လီတို့ အသင်းမှာ ရှိနေခဲ့သလို ဒီနှစ်မှာလည်း ဂျေးဆု၊ မာကွင်ဟိုစ်တို့ဟာ အမ်းမရိတ်ကို ထပ်မံရောက်ရှိလာခဲ့ပါပြီ။

ချဲလ်ဆီးနဲ့ ပွဲမှာ ကွင်းလယ်နားလောက်ကနေ ပြိုင်ဘက်ဂိုးဧရိယာထဲအထိ တစ်ကိုယ်တော်ဆွဲပြေးပြီး ကန်တီကို လဲကျစေခဲ့တဲ့ မာတင်နယ်လီရဲ့ သွင်းဂိုးကို အာဆင်နယ်ပရိသတ်တွေ မှတ်မိနေဦးမှာပါ။ ဆယ်ကျော်သက်ကစားသမားဘ၀ကတည်းက အလားအလာကောင်းတွေ ရှိတဲ့ လူငယ်လေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဘရာဇီးလ်သားလေးဟာ ခုဆို ၂၁နှစ်ရှိပါပြီ။ဒီရာသီမှာလည်း သူ ဘယ်လောက်ထိ တောက်ပပြနိုင်မလဲဆိုတာ ပရိသတ်တွေကတော့ စောင့်မျှော်နေကြပါပြီ။

အာဆင်နယ်မီဒီယာက မာတင်နယ်လီကို ပရီးမီးယားလိဂ်ကစားခဲ့တဲ့၊ ကစားနေတဲ့ တောင်အမေရိကသားတွေထဲက သူအကြိုက်ဆုံး ငါးယောက်ရဲ့ နာမည်ကို မေးမြန်းခဲ့ရမှာတော့ မာတင်နယ်လီက အာဆင်နယ်ကစားသမားသုံးယောက်အထိ ရွေးချယ်ခဲ့ပါတယ်။

Advertisements

သူရဲ့ ပထမဆုံးရွေးချယ်မှုကတော့ ဘရာဇီးလ်သား ဖရီးကစ်ဘုရင် ဂျူနင်ဟိုပဲ ဖြစ်ပါတယ်။

ပြိုင်ဘက်ဂိုးဧရိယာထဲမှာ သူကစားတဲ့ပုံစံတဲ့၊ Final Pass ပေးပို့တဲ့ ပုံစံတွေက တကယ်ကို အံ့ဩစရာပါပဲ လို့ မာတင်နယ်လီက ဂျူနင်ဟိုကို ချီးကျူးခဲ့ပါတယ်။

မာတင်နယ်လီရဲ့ နောက်ထပ် ရွေးချယ်မှုက‌တော့ အာဆင်နယ်ကစားသမားဟောင်း ချီလီသား အလက်ဆစ်ဆန်းချက်ဇ်ပဲ

ဖြစ်ပါတယ်။ အိုဇေးလ်နဲh တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းတွေကိုပြသခဲ့တဲ့ ဆန်းချက်ဇ်ကို ပရိသတ်တွေ မှတ်မိနေကြဦးမှာပါ။

သူကတော့ ဘောလုံးတိုင်းကို ပြိုင်ဘက်ဆီက ရဖို့ အမြဲပြေးလွှားနေတာပါ။တစ်ဦးချင်းရင်ဆိုင်မှုတွေမှာလည်း အမြဲအနိုင်ရဖို့ ကြိုးစားပါတယ်။ဒါကို ကျွန်တော် တကယ်ပဲ သဘောကျပါတယ်”

မန်စီးတီးရဲ့ တိုက်စစ်မှူးဟောင်းကြီး ကားလို့စ်တီဗက်ဇ်ကလည်း မာတင်နယ်လီရဲ့ စာရင်းထဲမှာ ပါ၀င်လာခဲ့ပါတယ်။

သူကစားတဲ့ ပုံစံကို ကျွန်တော်သဘောကျပါတယ်။ သူဟာ အမြဲတမ်းတစ်ဦးချင်းစီကျော်ဖြတ်ပြီး ဂိုးသွင်းဖို့ ကြိုးစားနေတာပါလို့ အာဂျင်တီးနားတိုက်စစ်မှူးကြီးနဲ့ ပတ်သက်ပြီး မာတင်နယ်လီက မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်းနဲ့ လက်ရှိအက်စ်တွန်ဗီလာ ကစားသမားဟောင်းဖြစ်သူ မာတီနက်ဇ်ကိုလည်း မာတင်နယ်လီက မေ့မထားခဲ့ပါဘူး။

Advertisements

နေ့ရက်တိုင်းမှာ ကျွန်တော်ဟာ သူနဲ့ အတူရှိနေခဲ့တာကြောင့် သူဘယ်လောက်ထိ ကြိုစားတယ်၊ဘယ်လိုသူဖြစ်တယ်ဆိုတာ သိခွင့်ရခဲ့ပါတယ် လို့ အာဂျင်တီးနားဂိုးသမားကြီးကို သဘောကျရတဲ့အကြောင်းကို မာတင်နယ်လီက ပြောပြလာခဲ့ပါတယ်။

သူရဲ့ နောက်ဆုံး ရွေးချယ်မှုကတော့ ဂါဘရီယယ်ဂျေးဆူပါပဲ။တစ်နိုင်ငံတည်းသားတွေ ဖြစ်သလို အာဆင်နယ်အသင်းဖော်တွေလည်းဖြစ်၊ လက်ရှိမှာလည်း သူနဲ့အတူ တွဲဖက်ပြီး အကောင်းဆုံး‌ခြေစွမ်းတွေပြနေတဲ့ ဂျေးဆုကို ဘာလို့ သဘောကျရလဲဆိုတာကိုတော့ မာတင်နယ်လီက ခုလိုပြောပြလာခဲ့ပါတယ်။

သူဟာ တကယ်ကိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ကွင်းထဲမှာ သူဘယ်လောက်ကြိုးစားတယ်၊အသင်းကို ကူညီဖို့ ဘယ်လိုကြိုးစားတယ်ဆိုတာတွေကို အားလုံးတွေ့နိုင်ပါတယ်။ကွင်းအပြင်မှာလည်း သူဟာ ကပ္ပတိန်တွေထဲက တစ်ဦးပါ။အသင်းမှာ သူရှိတာ ကျွန်တော်တို့ အရမ်းကံကောင်းပါတယ် လို့ မာတင်နယ်လီက ဆိုပါတယ်။

နောင်တချိန်မှာလည်း  လူငယ်ကစားသမားလေးတွေပြောလာမယ့် အကြိုက်ဆုံးကစားသမားတွေထဲမှာ ဂါဘီတစ်ယောက် ပါလာဖို့ကိုလဲ​ကျွန်တော်တို့က မျှော်လင့်နေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: