ဂျေးဆူ နဲ့  အနီးဆုံးလများ

တကယ်လို့သာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဗလာဟိုဗစ်ကိုမရလို့ အဆင်ပြေရာတိုက်စစ်မှုးကို ခေါ်ယူခဲ့ရင် ၊ ဒီနွေမှာ အာတီတာနဲ့ အီဒူးတို့က အခြားတိုက်စစ်မှူး‌တွေ ရွေးချယ်စရာ ရှိပေမယ့် ဂျေးဆုကလွဲရင် အခြားသူမလိုချင်ဘူးလို့သာ မဆုံးဖြတ်နိုင်ခဲ့ရင်အသင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချကောင်းချခဲ့နိုင်ပါတယ်။

ဒါပေမယ့် အဆုံးမှာတော့ လိုချင်သူကို ရအောင်ခေါ်ယူဖို့စောင့်ခဲ့တဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ ခံစားခဲ့ရပါပြီ။ ဒါပေမယ့် ဒီအရာတွေဟာ ဘယ်လောက်ထိကြာမှာလဲ?  အရှေ့မှာလဲ သူရဲကောင်းတလှဲ့ သူဖုန်းစားတလှဲ့ တင်စားမှုတွေ ထုနဲ့ထေးကို မြင်ခဲ့ရပြီးဖြစ်ပါတယ်။

အီတီဟက်မှာ ဘယ်တော့မှ ဦးစားပေးကစားသမားမဖြစ်ခဲ့တဲ့၊ အဓိကလူမဖြစ်ခဲ့တဲ့ ဂျေးဆူဟာ အမ်းမရိတ်မှာတော့ဂန်းနားတွေရဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တိုက်စစ်ရဲ့မြှားဦးမှာ အဓိက ကစားသမားအဖြစ်တာ၀န်ယူပြီး ကစားခွင့်ရတဲ့အချိန်မှာ ဂျေးဆူဟာ သူ့ရဲ့လုပ်နိုင်စွမ်းတွေကို မြက်ခင်းစိမ်းတွေပေါ်မှာ အကောင်းဆုံးပြသန်ုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဂျေးဆူဟာ ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲအပြီးမှာ နှစ်ဂိုးသွင်း၊ သုံးကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဂျေးဆူရောက်ရှိလာတာဟာ အသင်းရဲ့ တိုက်စစ်ကိုအများကြီး ပြောင်းလဲစေခဲ့ပြီး ဘရာဇီးလ်သားဟာ အချိန်တိုလေးအတွင်းမှာပဲ အသင်းအတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် ဘောလုံးသုတေသီတစ်ဦးဖြစ်တဲ့ ဂျေမီရက်ပ်နက်က ဂျေးဆူဟာ အာဆင်နယ်ကို အသွင်ပြောင်းပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဂျေးဆူ ရောက်ရှိလာတာဟာ အာဆင်နယ်ကို အဆင့်မြှင့်ပေးလိုက်သလိုပါပဲ ဘာလို့လဲဆိုတော့ အရင်က အာဆင်နယ်မှာ ရှိခဲ့တဲ့ တိုက်စစ်မှူးတွေကြောင့်ပါ

အာဆင်နယ် တိုက်စစ်မှူးတွေဆော့တာ ကျွန်တော် ကြည့်လေ့ရှိပါတယ်၊ သူတို့က ဘောလုံးကို ဒီတိုင်းသာမန်ပဲ ကစားနေခဲ့ကြတာပါ။ ဂျေးဆူရောက်ရှိလာချိန်မှာတော့ သူဟာ တစ်ဖက်ပြိုင်ဘက်ကို အထိနာစေချင်တယ်၊ စိန်ခေါ်မှုတွေ ပြုလုပ်ချင်တယ်၊ သူဟာ အသင်းအတွက် တကယ်ကိုအံ့ဩဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ကစားကွင်းမှာသာမဟုတ်ပဲ လေ့ကျင့်ရေးကွင်းမှာပါ သူလုပ်ပြခဲ့တဲ့ စံနှုန်းတွေဟာ အခြားသူတွေအားလုံးလိုက်နာသင့်တဲ့ စံနမူနာတစ်ခုပါပဲ လို့ ရက်ပ်နက်က ဆိုပါတယ်။

Advertisements

အာဆင်နယ်တိုက်စစ်မှူးဟောင်းနဲ့ Sky Sportsရဲ့ football expert တစ်ဦးဖြစ်သူ အလန်စမစ်ကလည်း ဂျေးဆုကို ခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။

သူဟာ ဒီပုံစံကောင်းကို ဆက်ပြီးသယ်ဆောင်သွားနိုင်လောက်အောင် ဆာလောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။သူရဲ့အနားမှာ ရှိနေတဲ့ကစားသမားတွေကလည်း  သူ့ကို ပုံစံကောင်းတွေပြသနိုင်ဖို့ ကူညီပေးနေပါတယ်။

အသင်းရဲ့ နည်းပြတွေက ဂျေးဆူ ဟာ အသင်းကို အသွင်းပြောင်းပေးခဲ့တယ်လို့ တိုးတိုးတိတ်တိတ်ပြောနေကြပါတယ်။

အချို့ကစားသမားတွေအတွက် အသင်းရဲ့ဂျာစီကို ၀တ်ဆင်ရတာ လေးလံနေပါတယ်။ဒါပေမယ့် ကျောနံပါတ်ကိုး ပေးဆအပ်ခံခဲ့ရပြီး ပရိသတ်တွေရဲ့ ကြီးမားတဲ့မျှော်လင့်ချက်တွေနဲ့ အာဆင်နယ်ကို  ရောက်လာခဲ့တဲ့ ဂျေးဆုကတော့ လုံး၀ကို တာ၀န်ကျေပွန်ခဲ့ပါတယ်။သူက ပထမဦးစားပေးကစားသမားဆိုတာကို သိနေရတာဟာ သူ့အတွက် ယုံကြည်မှုပါပဲ။ဒါဟာ မန်စီးတီးမှာ ရှိခဲ့စဉ်နဲ့ မတူညိတဲ့ အခန်းကဏ္ဍအသစ်တစ်ခုပဲ ဖြစ်ပြီး သူဟာ မတူညီတဲ့ အရာတွေကို ပေးစွမ်းပါလိမ့်မယ်လို့ အလန်စမစ်က ဆိုပါတယ်။

ဒါပေမယ့် ရလဒ်အခရာကမ္ဘာကြီးမှာ  ရလဒ်ကောင်းနေတဲ့အသင်းက တိုက်စစ်မှုးကို ချီးကျူးနေကြတာမဆန်းလှပါဘူး။ ဒီဘရာဇီးသားဟာ အဖွင့်လှပခဲ့ပေမယ့် မှတ်ကျောက်တင်ဖို့အတွက်ကတော့ ပိုပြီးခက်ခဲတဲ့နေ့ရက်တွေရှိနေပါသေးတယ်။

လတ်တလောအဆင့် ၁ နေရာကိုတက်လှမ်းထားနိုင်တယ်လို့ ဆိုပေမယ့် အနီးဆုံးလတွေမှာပဲ  အာဆင်နယ်အသင်းအတွက်ရော ၊ ဂျေးဆူအတွက်ပါ စိန်ခေါ်မှုတွေက စောင့်ကြိုနေနှင့်တာလဲဖြစ်ပါတယ်။  ဒီကာလကို ဖြတ်သန်းပြီးတဲ့အခါ ထပ်ပြောကြမယ့် ဂျေးဆူအကြောင်းဟာ ဘာတွေများဖြစ်မလဲ .. ကျွန်တော်တို့ မသိနိုင်သေးပါဘူး .. ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: