အသင်းကို တိုက်စစ်ဆင်ဖို့ ဆာလီဘာဟာ ယုံကြည်မှုပေးခဲ့တယ်ဆိုတဲ့ အဘွန်လဟော်

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဂျေးဆူ ၊ ဆာလီဘာတို့ရဲ့ အကြောင်းတွေကိုပဲ  ကျွန်တော်တို့ မပြီးနိုင်အောင်ပြောနေရမှာပါ။အသင်းရဲ့ တိုက်စစ်ဟာသုံးပွဲမှာ ကိုးဂိုးသွင်းယူခဲ့တယ်။တစ်ဖက်မှာလည်း အသင်းရဲ့ ခံစစ်ကြောင်းဟာ သုံးပွဲမှာ နှစ်ပွဲပေးဂိုးမရှိခဲ့ပါဘူး။အားလုံးဟာ တကယ်ကို အပြုသဘောဆောင်နေခဲ့ပါတယ်။

ဆာလီဘာရဲ့ အာဆင်နယ်ကစားသမားဘ၀ ပွဲဦးထွက်တွေကတော့ တကယ်ကို ကောင်းမွန်နေခဲ့ပါတယ်။ ပထမဆုံးပွဲမှာ အကောင်းဆုံးကစားသမားဆုရတယ်။ ဒုတိယပွဲမှာ OG သွင်းခဲ့ပေမယ့် အမ်းမရိတ်ကွင်းကြီးထဲက ပရိသတ်တွေက သူ့ကို လက်ခုပ်တီးအားပေးခဲ့တယ်။

ဘုန်းမောက်နဲ့ ပွဲစဉ်မှာလည်း အာတီတာနဲ့ သူရဲ့ကောင်လေးတွေကို  အဝေးကွင်းမှာ ကစားနေရတယ်လို့ မခံစားရလောက်အောင် ပရိသတ်တွေကတာ၀န်ကျေခဲ့တာပါ။ ကွင်းထဲမှာ ပရိသတ်တွေက ဆလီဘာရဲ့နာမည်ကို သီချင်းဆိုနေကြပါတယ်။ဒုတိယပိုင်းမှာတော့ ပြင်သစ်သားဟာ မယုံကြည်နိုင်စရာကောင်းတဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပြီး သူရဲ့သွင်းဂိုးအပေါ် ကစားဖော်တွေသာမက ပြိုင်ဘက်တွေကပါ အံအားသင့်ခဲ့ရပါတယ်။ အာတီတာဟာ ဆလီဘာကို အမ်းမရိတ်ဆီ ဘာလို့ အရပြန်ခေါ်ခဲ့လဲဆိုတာ တဖြည်းဖြည်းနဲ့ ပိုသိခဲ့ရပါတယ်။

အက်စ်တွန်ဗီလာ ကစားသမားဟောင်းဖြစ်သူ အဘွန်လဟော်က ပြိုင်ဘက်တွေကို တိုက်စစ်ဆင်ဖို့ အာဆင်နယ်အတွက် ယုံကြည်မှုပေးတဲ့ ကစားသမားဟာ ဝီလီယံ ဆာလီဘာဖြစ်တယ်လို့ ဆိုပါတယ်။

Advertisements

ဆာလီဘာ နောက်တန်းမှာ ရှိနေတာဟာ အသင်းအတွက် ရှေ့တန်းတက်တိုက်စစ်ဆင်ဖို့ ယုံကြည်မှု ဖြစ်စေတာ ဖြစ်တယ်လို့ Talk Sportနဲ့ တွေ့ဆုံမှုမှာ အဘွန်လဟော်က အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အဲ့ဒီနေရာ(နောက်တန်း)မှာ ဆာလီဘာရှိနေတယ်လို့ သိနေရတာပါ တကယ်ကို အကူအညီဖြစ်စေပါတယ်၊ ဟုတ်တယ်မလား၊ ဒါကြောင့် သူတို့(အသင်းဖော်တွေ)ဟာ တိုက်စစ်ကို ပိုပြီးအရဲစွန့်လိုက်နိုင်တယ်ဆိုတာကို သိနေပါတယ်

အဘွန်လ‌ဟော်ရဲ့ သုံးသပ်ချက်က အမှန်ပါပဲ။‌ကောင်းမွန်တဲ့ ခံစစ်အင်အားစုတစ်ခုဟာ အောင်မြင်မှုတွေရဲ့ သော့ချက်တစ်ခုပါပဲ။

လက်ရှိ အသင်းရဲ့ ခံစစ်ဟာ စိတ်ချလုံခြုံရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် အသင်းရဲ့ တိုက်စစ်ဟာ လွတ်လွတ်လပ်လပ်ကစားခွင့်ပိုရလာခဲ့ပြီး  ရှာကာပါ တိုက်စစ်အထိလိုက်ပါနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်  ဆာလီဘာရောက်ရှိလာခဲ့တာဟာ အသင်းရဲ့ ခံစစ်ကိုသာမက တိုက်စစ်ကိုပါ ပိုပြီး အားကောင်းလာစေခဲ့တယ်လို့ပဲ သုံးသပ်ရမှာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: