နောက်ဆုံးရ​အာဆင်နယ်သတင်းများ(22Aug)

နီတိုကိုကမ်းလှမ်းဖို့ အသင့်ပြင်ထားတယ်လို့  The Athletic  ဖော်ပြလာ

အာဆင်နယ်အသင်းဟာ ဝုဗ်အသင်းရဲ့  တောင်ပံကစားသမား နီတိုကို ဆွေးနွေးဖို့အတွက် အသင့်အနေအထားမှာရှိနေပြီး  ၊ လက်ရှိတောင်ပံလူ ပေပေရဲ့ အသင်းကထွက်ခွာမှု အတည်ဖြစ်ဖို့ စောင့်ဆိုင်းနေတယ်လို့ The Athletic သတင်းဌာနက ဆိုပါတယ်။ ပေပေဟာ  ပြင်သစ်ကလပ်နိစ်အသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

နိုင်းလ်စ်ကို ခေါ်ယူဖွယ်ရှိနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ နိုင်းလ်စ်ကို ခေါ်ယူဖို့  ဆွေးနွေးဖွယ်ရှိတယ်လို့  Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။  လန်ဒန်မြို့ခဲ့အသင်းဟာ ကွင်းလယ်လူ လိုအပ်လျှက်ရှိပြီး သူတို့ရဲ့ အခြားပစ်မှတ်တွေနဲ့ဆွေးနွေးရာမှာလည်း အောင်မြင်မှုမရှိသေးဘူးလို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

တိုင်လီမန်းစ်က ပစ်မှတ်ဖြစ်နေဆဲလို့  ဘယ်လ်ဂျီယံ သတင်းထောက်ပြော

ဘယ်လ်ဂျီယံသတင်းထောက်  ဆန်ချာ တာဗိုလီရီ  ကတော့  ဂန်းနားတို့ဟာ တိုင်လီမန်းစ်ကို အသဲအသန်လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုလာခဲ့ပြီး  ၊ တိုင်လီမန်းစ်ကို ခေါ်ယူရေးမအောင်မြင်ခဲ့ပါက  အေစီကစားသမား တိုနာလီနဲ့   ဘရိုက်တန်ရဲ့ ကိုင်စီဒိုတို့ကို  အရံပစ်မှတ်အဖြစ် လျာထားကြောင်း ပြောဆိုလာခဲ့ပါတယ်။ အဆိုပါသတင်းထောက်ဟာ ဘယ်လ်ဂျီယံ ကစားသမားများရဲ့ သတင်းကို ဖော်ပြရာမှာ တိကျလေ့ရှိသူဖြစ်ပါတယ်။

Advertisements

မာတင်နယ်လီအတွက်စာချုပ်သစ်က လွယ်ကူဖွယ်ရှိနေ

ဂန်းနားတို့ဟာ မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ အဆိုပါ ဘရာဇီးသားလေးဟာ တပတ်ကို ပေါင်  ၉သောင်းခန့်ရရှိနေတာဖြစ်ပြီး ၊ စာချုပ်သစ်မှာတော့ ပိုမိုမြင့်မားတဲ့ ခံစားခွင့်တွေကိုရရှိဖို့လည်း ရှိနေပါတယ်။  ကစားသမားကိုယ်တိုင်ကလဲ အခွင့်သာရင် တသက်တာနေမယ်လို့ ပြောထားတာဖြစ်လို့  စာချုပ်သစ်ကလွယ်ကူစွာ ပြီးမြောက်ဖို့ ရှိလာပါတယ်။

တိုမီယာစုက  ဘီစကွတ် မုန့်လိုပဲ လို့ လီးဒစ်ဆင်ပြော

အာဆင်နယ်ဂန္တဝင်ကြီး လီးဒစ်ဆင် ကတော့ ဘန်ဝှိုက်ထက် ပိုကြိုက်ရပေမယ့် တိုမိယာစုဟာ ကြိုးကျေလွယ်တဲ့ ဘီစကွတ်လေးလိုဖြစ်နေတယ်လို့ဆိုလာပါတယ်။

“ ကျွန်တော်က သူ့နေရာနဲ့ သူကျွမ်းကျင်စွာကစားတာကိုပဲ လိုချင်တဲ့သူမျိုးပါ .. ဘန်ဝှိုက်က အစွန်မှာကစားနိုင်တယ်ဆိုပေမယ့် လိုအပ်တာတွေများပါသေးတယ် .. ဒါကြောင့် တိုမီယာစုကို ကစားစေချင်တာပါ .. ဒါပေမယ့် သူက ဘီစကွတ် မုန့်လေးလိုပဲဗျ ..  ထိခိုက်လွယ်လွန်းနေတယ်  “ လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ ၃ ပွဲကစားပြီးချိန်မှာ ညာစွန်နောက်ခံအဖြစ်ပိုမို အံဝင်လာပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: