Post Match – တက်ရိပ်ပြနေပြီဖြစ်တဲ့ အာဆင်နယ် (AFC v ARS)

သက်သက်သာသာ အနိုင်ရခြင်း ၊  ပထမပိုင်းမှာတင်  တစ်ပွဲလုံးစာ စိတ်အေးရခြင်း ၊ အသင်းနိုင်ဖို့ ဆိုတဲ့ မူလရည်မှန်းချက်အပြင်  ကိုယ်သွင်းစေချင်တဲ့ ကစားသမားကို ဂိုးသွင်းနိုင်စေခြင်း  စတဲ့ ခံစားချက်တွေဟာ အာဆင်နယ်အသင်း ပရိတ်သတ်တွေအတွက် မေ့ပျောက်သလိုတောင်ရှိနေတဲ့အရာများဖြစ်ပါတယ်။ အခုလက်ရှိ အာဆင်နယ်အသင်းဟာ ပရိတ်သတ်များ ပျော်ရတဲ့အသင်းဖြစ်နေပါပြီ။ အထူးသဖြင့်  အာတီတာကို ယုံကြည်ပေးရင်း  လုပ်ငန်းစဥ်နဲ့အတူစီးမျောခဲ့ကြသူများအတွက်ပိုလို ခံစားချက်ကောင်းပါတယ်။

သို့သော်  ကျွန်တော့်ရဲ့ Personal အရ  ငါပြောသားပဲ I told you so ဆိုပြီး နောက်ပြန်ပြောဆိုရတာကို မနှစ်သက်ပါဘူး။ ဒါပေမယ့်လည်း အချိန်တိုင်း သုံးသပ်ပြီး မိမိအမြင်တွေကို Upgrade လုပ်နေရမှာပါ။ ဒါကြောင့် မို့လို့ အခုလို အရှိန်ရနေတဲ့ အာဆင်နယ်အသင်းဟာ အားလုံးအတွက်ဖြစ်ပါတယ်။ အာတီတာကို ဝေဖန်နှိမ့်ချဖူးလို့ ၊ ဂျေးဆူဟာ ဘာအဆင့်မှမရှိဘူးလို့ မှတ်ချက်ပြုဖူးလို့  အောင်ပွဲခံဖို့ နောက်တွန့်နေစရာမလိုပါဘူး​။ ကျွန်တော်တို့တွေဟာ ကမ္ဘာကျော် Pundit တွေမဟုတ်ပါဘူး။ ဘောလုံးအသင်းတစ်သင်းကို နှစ်သက်ကြတဲ့ ပရိတ်သတ်တွေသာဖြစ်ပါတယ်။

Advertisements

အစချီပြီးပြီမို့ ပွဲအကြောင်းဆက်ရအောင်ပါ။

အခြားအကြောင်းတွေထက်  တည်နေတာကို လုကန်သလိုဖြစ်သွားတဲ့ အိုဒီဂတ်ရဲ့ ဒုတိယဂိုးမှာ ဂျေးဆူရဲ့ တုန့်ပြန်မှုနဲ့  ဆာလီဘာသွင်းယူအပြီးမှာ ဖြစ်သွားခဲ့တဲ့ ဇင်ချန်ကို ရဲ့  Gesture   ဟာ အာဆင်နယ်အသင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ ရလဒ်ထက်ပိုပြီး ပရိတ်သတ်တွေကို ပျော်ရွှင်နေစေတဲ့ အကြောင်းတစ်ခုလို့ ကျွန်တော်က ကောက်ချက်ချပါတယ်။

ကွင်းတွင်းကိစ္စတွေကိုဆက်ရရင် ….

ဂိုးတွေဆိုတာ အခွင့်အရေးတည်ဆောက်ပြီးမှရလာတာပါ။ ဂျေးဆူဟာ Nothing ဆိုတဲ့အခြေအနေကနေ တစ်စုံတစ်ရာကိုဖန်တီးနိုင်တဲ့သူဖြစ်ပါတယ်။ ဒီအချက်ဟာ အာဆင်နယ်အသင်းကို ၅ မိနစ်နဲ့ အဖွင့်ဂိုးရရှိစေပါတယ်။ ပထမဆုံး ၂ ဂိုးဟာ အာဆင်နယ်အတွက် လေ့ကျင့်ရေးကွင်းက Training Type Goal  တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ တဖက်အသင်းကို နှိမ့်ချတာမဟုတ်ပဲ ဂန်းနားတို့တွေ ဘယ်လောက်အထိ ကျင့်သားပြည့်ဝနေတယ်ဆိုတာကို  ညွန်းဆိုခြင်းဖြစ်ပါတယ်။

ဘန်ဝှိုက်ဟာ  တိုမီယာစု မကစားနိုင်ချိန်မှာ ဝင်ကစားပေးတဲ့သူမဟုတ်ပဲ တကယ်ကို Versatile ဖြစ်တဲ့ ပလေယာဆိုတာကို လက်ခံရတော့မှာပါ။​ဒီနေ့ပွဲမှာ Overlap တွေနဲ့ ၊ Cross Ball တွေက သက်သေပါပဲ။ ဆာကာဟာ  ကစားပုံမပေါ်လွင်ဘူးလို့ ဝေဖန်စရာရှိပေမယ့် ပြိုင်ဖက်တွေအတွက် Fear Factor ဖြစ်တာမို့ အခုလို ပိတ်ဆို့ထားရတာဖြစ်ပါတယ်။

ဇင်ချန်ကို  ၊ မာတင်နယ်လီတို့ကတော့ သူတို့လုပ်စရာရှိတာလုပ်နေဆဲပါပဲ။  တသင်းလုံးခြုံပြောရရင် ဂန်းနားတို့ အတက်ဖက်ရောက်နေပြီး အရှိန်ရနေပါပြီ။ ဒါ့အပြင် ဆာလီဘာရဲ့သွင်းဂိုးဟာ  အာဆင်နယ်အသင်းအနေနဲ့ တသင်းလုံးပါဝင်နေတဲ့ တိုက်စစ်ပုံစံကို ဦးတည်နေပြီဆိုတာကို မြင်သာစေပါတယ်။

၃ ပွဲကစားပြီး  ၃ ပွဲလုံးနိုင် ၊  Clean Sheet ၂ ပွဲဆိုတာ သိပ်ကိုလှပဲတဲ့အခြေအနေဖြစ်ပြီး ၂၀၀၄-၀၅ နောက်ပိုင်းမှာ ပထမဆုံးလဲဖြစ်ပါတယ်။ ဒီအခြေအနေဟာ လူငယ် ၊ လူသစ်တွေရဲ့ ပေါင်းစပ်အားအသားကျလာမှုလို့ဆိုနိုင်ပြီး စမစ်ရိုး ၊ အန်ကတ်တီယား ၊ ဗီအဲရာ တို့က အရံခုံမှာ Alternative အဖြစ်ရှိနေခြင်းဟာလည်း အာဆင်နယ်အတွက် ပြောင်းလဲခြင်းဖြစ်ပါတယ်။

ယခုအတိုင်းဆိုရင်တော့ ကစားသမားသစ်တွေသာရောက်လာခဲ့ရင် ပရိတ်သတ်တွေအနေနဲ့ မြင့်မားတဲ့အခြေအနေကိုပါ မျှော်လင့်နိုင်နေပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: