“ကစားသမားအားလုံး ok” – အာတီတာနဲ့ ပွဲကြိုအင်တာဗျူး

ဘုန်းမောက်နဲ့ ပွဲစဉ်အတွက် ပြင်ဆင်မှုတွေက မပြီးဆုံးသေးပါဘူး။ဘော့စ်ဟာ သူ့ရဲ့ ကောင်လေးတွေနဲ့အတူ သုံးပွဲဆက် နိုင်ပွဲကို ရယူဖို့ စိတ်အားပြင်းပျနေပါပြီ။ ဒီနေ့ပွဲစဉ်မှာ ဗီအဲရာ၊စမစ်ရို တို့ကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေတာကလည်း ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာပါ။

ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို အာတီတာက ခုလိုပဲ ဖြေကြားထားခဲ့ပါတယယ်။

အသင်းရဲ့ နောက်ဆုံးရသတင်းများ

“အားလုံး အဆင်ပြေနေပါတယ်။ အားလုံးတွေ့ခဲ့တဲ့အတိုင်း U 21 အသင်းနဲ့အတူ စီဒရစ်၊ ဖေဘီယိုနဲ့ စမစ်ရိုးတို့ ကစားခဲ့ပြီး သူတို့အားလုံး ကြံ့ခိုင်မှုပြည့်နေတဲ့ ပုံပါပဲ။ တစ်ပတ်လုံး သူတို့ဟာ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။ ဒီတော့ သူတို့ကို အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်နိုင်ပါပြီ။”

Advertisements

လက်ရှိအသင်းရဲ့ ယုံကြည်မှု

“လက်ရှိအခိုက်အတန့်တွေမှာ ကျွန်တော်တို့အနိုင်ရနေတာတွေ၊ စွမ်းဆောင်ပြနေတာတွေက တကယ်ကောင်းပါတယ်၊ ဒါပေမယ့် နှစ်ပွဲပဲ ရှိပါသေးတယ် ၊ရာသီကြီးတစ်ခုလုံး ရှေ့မှာ ကျွန်တော်တို့ကို စောင့်ကြိုနေပါတယ်။ နောက်လာမယ့်ပွဲစဉ်အပေါ်နဲ့ ကိုယ်လုပ်ရမယ့်အရာတွေ၊ တိုးတက်အောင်လုပ်ရဦးမယ့် အရာတွေ အပေါ်ပဲ အာရုံစိုက်ကြတာပေါ့။”

ပုံစံကောင်းတွေ မပျောက်ဆုံးသွားအောင် ဘယ်လို ထိန်းသိမ်းမလဲ

“ခုမှ နှစ်ပွဲပဲ ရှိပါသေးတယ်။ ဘာမှ မဟုတ်ပါဘူး။ ရာသီတစ်ခုလုံး ကစားဖို့ ကျန်နေပါသေးတယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်၊ဒီလို ကစားဖို့ ပွဲတွေအများကြီး ကျန်နေသေးတာကို ကျွန်တော်တို့ ကောင်းကောင်းသိထားနေပါတယ်။ ကစားပွဲတွေကို ပိုပြီး ကောင်းကောင်းမွန်မွန်နဲ့ ချဉ်းကပ်နိုင်အောင်၊ ပိုကောင်းကောင်းကစားနိုင်အောင် အသင်းလိုက် ကျွန်တော်တို့လုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ တိုးတက်မှုတွေကိုလည်း သတိထားမိပါတယ်။ဒါဟာ သီတင်းပတ်တစ်ခုလုံး ကျွန်တော်တို့ ပစ်မှတ်ထားနေခဲ့တဲ့အရာပါ”

ဘုန်းမောက်ရဲ့ စိန်ခေါ်နိုင်စွမ်းအပေါ်

“အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်မှာပါ။ ကျွန်တော် အဲ့ဒီကို(ဘုန်းမောက် အိမ်ကွင်း) အကြိမ်များစွာ ကောင်းခဲ့ဖူးပါတယ်။ဒါကြောင့် ဘယ်လောက်ခက်ခဲမလဲ ဆိုတာ ကျွန်‌ောတ်သိသလို အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် တကယ်ကို ဗျာများရမယ့် အဝေးကွင်းပွဲစဉ်ဖြစ်လာမှာပါ။ သူတို့ဟာ အောင်မြင်မှုတွေ ရယူတတ်တဲ့ အသင်းပါ ၊ဘာလို့လဲဆိုတော့  မနှစ်က သူတို့မှာ အောင်မြင်တဲ့ ရာသီတစ်ခု ရှိခဲ့ပါတယ်။ဒီရာသီကိုလည်း သူတို့ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်။ စကော့ပါကား( ဘုန်းမောက်မန်နေဂျာ)ကိုလည်း ကျွန်တော်ကောင်းကောင်းသိပြီး ဒီပွဲမှာ ကျွန်တော်တို့ကို တကယ်အခက်တွေ့စေဖို့ သူတို့ ကောင်းကောင်း ပြင်ဆင်ထားကြမှာပါ။”

ဂျေးဆုရဲ့ အာဆင်နယ်ကစားသမားဘ၀ အစပေါ်

“ကျွန်တော် စတွေ့ခဲ့တဲ့ ဂျေးဆုနဲ့ လက်ရှိဂျေးဆုတို့ရဲ့ အဓိက ခြားနားချက်က ရင့်ကျက်မှုပါပဲ။နှစ်အချို့ကုန်ဆုံးသွားခဲ့ပြီ၊ အတွေ့အကြုံအချို့နဲ့အတူ သူရဲ့ ဘာသာစကားစွမ်းရည်ကလည်း အများကြီး ပိုတိုးတက်လာခဲ့ပါပြီ။ သူဟာ ဒီမှာ မတူညိတဲ့ အခန်းကဏ္ဍတစ်ခုကို ရရှိထားပါတယ်၊ဒါကို ခင်ဗျား သေချာ အာရုံခံမိမှာပါ။သူ့မှာ ကောင်းမွန်တဲ့ အချိန်တစ်ခုရှိနေပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြနေတဲ့အပေါ်၀မ်းသာပါတယ်”

Advertisements

ယုံကြည်မှုရှိတဲ့ တိုက်စစ်မှူးတွေက အသင်းတွေကို ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်လဲ

“ထိပ်တန်းအသင်းတွေဟာ ထိပ်တန်းဂိုးသွင်းရှင်တွေ လိုအပ်ပါတယ်။တစ်ယောက်တည်း မဟုတ်ပါဘူး၊ စိတ်ကူးအရဆိုရင် သုံးယောက် ပေါ့။ဒီလို ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိမယ်၊ သူတို့ကလည်း ဂိုးအရအတွက်တစ်ခုသွင်းနိုင်မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိဖို့ အခွင့်အရေးရလာမှာပါ

ကစားသမားတွေခေါ်ယူမှုတွေ မှန်ကန်လားဆိုတာ ဘယ်လိုသေချာအောင် လုပ်သလဲ

“မှန်ကန်တဲ့သူ၊ မှန်ကန်တဲ့ ကစားသမား ဖြစ်ရပါတယ်၊( စိတ်သဘောထားကောင်းမွန်သလို ခြေစွမ်းပါကောင်းမွန်တဲ့သူကို ဆိုလိုတာပါ)ဒီအမြင်နဲ့ပဲ ထိပ်တန်းကစားသမားတွေကို ကျွန်တော်တို့ခေါ်ယူချင်တာပါ။ မဟုတ်ရင်တော့ မတန်ပါဘူး”

ထိပ်တန်းကစားသမားတွေ မခေါ်ယူနိုင်ခဲ့ရင် လက်ရှိလူစာရင်းအပေါ် ကျေနပ်မှု ရှိသလား

“လုံး၀ ကျေနပ်ပါတယ်၊ ဒီကစားသမားတွေဆီက အကောင်းဆုံးခြေစွမ်းတွေကို ညှစ်ထုတ်နိုင်ဖို့ ကြိုးစားသွားမှာ‌ပါ”

ရှာကာအပေါ် ဘယ်လောက်ထိ ဂုဏ်ယူမိလဲ

“သူ အသင်းကို ခေါင်းဆောင်ဖို့ ကပ္ပတိန်လက်ပတ်မလိုပါဘူး။ဒါက သူရဲ့ ပင်ကိုစရိုက်ပဲ ဖြစ်ပြီး သူရဲ့ ကစားပွဲကိုချဉ်းကပ်တဲ့ပုံစံနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေဟာ သူ့ကို ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်စေပါတယ်။သူဟာ အရမ်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ဒီအချက်ကို သူပြသနေခဲ့ပါတယ်၊ ဒီအတိုင်းဆက်ကစားနေဖို့ ဒါမှမဟုတ် ဒီ့ထက်ပိုကောင်းအောင် ကစားနေဖို့ပဲ လိုပါတယ်”

Advertisements
Advertisement

Leave a Reply

%d bloggers like this: