အာဆင်နယ် ပေးဂိုးများလိမ့်မယ် – အိုဟားရား

အာဆင်နယ်ရဲ့ နောက်တန်းအစွန်နေရာတွေဟာ အားနည်းချက်ရှိနေတာကို ထောက်ပြခဲ့တဲ့သူတွေထဲမှာ ဂျေမီအိုဟားရားလည်း ပါ၀င်လာခဲ့ပါတယ်။ Full-back အားနည်းချက်တွေကြောင့် အာဆင်နယ်ဟာ ဒီရာသီမှာ ပေးဂိုးအများအပြား ခွင့်ပြုရလိမ့်မယ်လို့ အိုဟားရားက ဆိုပါတယ်။  

အာဆင်နယ်အသင်းပရိတ်သတ်တွေအနေနဲ့ သူတို့အသင်းကို ဝေဖန်ပြောဆိုမှုတွေရှိတဲ့အပေါ်မှာ ထူးဆန်းနေကြမှာတော့မဟုတ်ပါဘူး။ ပေါလ်မာဆင် ၊ နိုဝယ်ဝီလျံ ၊ ကီဗင်ကင်းဘဲလ် ၊  ပါလာ  စသည်ဖြင့် ပေါ့လေ။ ဂျေမီအိုဟားရားနဲ့ပတ်သတ်ပြီး မှတ်မှတ်ရရရှိကြတာကတော့ ပြီးခဲ့တဲ့ရာသီက  အာဆင်နယ်သာ အဆင့် ၄ ဝင်ရင်  အကျီပြောင်းဝတ်မယ်ဆိုတာရယ် … အခုရ​က်ပိုင်းမှာ ဂျေးဆူနဲ့ပတ်သတ်ပြီးသူမှားကြောင်းဝန်ခံတာရယ်ပဲဖြစ်ပါတယ်။

နောက်ဆုံးအင်တာဗျုးအရတော့ အိုဟားရားက ဇင်ချန်ကိုနဲ့ တီယာနေးလ်တို့ရှိနေတဲ့ နောက်တန်း ဘယ်အစွန်ကို အသင်းရဲ့ အဓိက အားနည်းချက်အဖြစ်ယုံကြည်နေပါတယ်။

Advertisements

“အာဆင်နယ်ဟာ full-back အားနည်းချက်တွေကြောင့် ဒီရာသီမှာ ပေးဂိုးအများအပြားခွင့်ပြုရပါလိမ့်မယ်” အိုဟားရားက ဆိုလာခဲ့ပါတယ်။

ကျွန်တော် ဇင်ချန်ကို ကို သဘောကျပါတယ်။ဒါပေမယ့် တစ်ဦးချင်းရင်ဆိုင်ဟန့်တားမှုတွေမှာတွေမှာ ဇင်ချန်ကိုသာ သိပ်အကောင်းကြီးမဟုတ်ပါဘူး။ဒါဟာ အာဆင်နယ်အတွက် ပြဿနာ တစ်ခု ဖြစ်လာနိုင်ပါတယ်”

တီယာနေးထက်စာရင် ဇင်ချန်ကိုဟာ ခံစစ်ကစားပုံအားနည်းချက်အချို့ ရှိနေပေမယ့် တိုက်စစ်ကို ကောင်းကောင်းလိုက်ပါနိုင်ပြီး ရှာကာ၊မာတင်နယ်လီတို့နဲ့အတူ အသင်းရဲ့ ဘယ်ခြမ်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အသင်းရဲ့ ဗဟိုခံစစ်ကလည်း ဆလီလာရောက်ရှိလာမှုနဲ့အတူ ပိုပြီး အားကောင်းလာခဲ့ပါပြီ။ဇင်ချန်ကိုမှာ တစ်ဦးချင်း ဟန့်တားတဲ့နေရာ အားနည်းချက်ရှိနေတယ်ဆိုရင် အာတီတာဟာ ကူညိပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ညာအစွန်ခံစစ်မှာလည်း တိုမီယာဆုက ကြံ့ခိုင်မှု ပြန်ပြီး ပြည့်၀လာပြီဖြစ်သလို ဘန်ဝှိုက်ကလည်း ညာအစွန်ထွက် ကစားနိုင်စွမ်းရှိနေတာကြောင့်  အိုဟားရားရဲ့အမြင်က သိပ်တော့ စိတ်ပူစရာ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုဝေဖန်မှုတွေကြားခဲကပဲ အခုနေရာထိရောက်လာပြီမဟုတ်လား။

Advertisements
Advertisement

Leave a Reply

%d bloggers like this: