ရိုမာနိုထုတ်ပြောလာတဲ့ အာတီတာရဲ့ ဦးစားပေးစာရင်း
နာမည်ကျော်သတင်းထောက် ဖေဘရီဇိုယိုရိုမာနိုကတော့ ဂန်းနားတို့ဟာ ကွင်းလယ်လူတစ်ဦးကိုရှာဖွေဆဲဖြစ်တယ်လို့ အတည်ပြုထားပြီး ၊ လက်စတာရဲ့ တိုင်လီမန်းစ်ကလဲ အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ပါကေးတား ၊ ကိုင်စီဒိုတို့ဟာ အာတီတာရဲ့ အကြိုက်စာရင်းထဲမှာ အစဥ်လိုက်ရှိနေကြပြီး ဘယ်လ်ဂျီယံသားကတော့ ထိပ်ဆုံးကလို့ အီတလီဂျာနယ်လစ်ကဆိုပါတယ်။
Deadline day မတိုင်ခင် အီဒူး လုပ်စရာရှိတဲ့အရာများ
Express UK ရဲ့ဖော်ပြချက်အရ အီဒူးဟာ သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ အလုပ်ရှုတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဘရာဇီးသား ဒါရို်က်တာဟာ ကစားသမားလျော့ချရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဘယ်လာရင် ၊ နိုင်းလ် နဲ့ ပေပေတို့ကိုရောင်းထုတ် / အငှားချပြီး ကလပ်ရဲ့ ငွေကြေးကို ပြန်လည်စီမံနေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်းစဥ်များနဲ့အတူ ကစားသမားသစ်တစ်ယောက်ကိုလည်း ထပ်မံခေါ်ယူဖို့ရှိတယ်လို့ ဆိုပါတယ်။
သူရဲနီတို့ ကမ်းလှမ်းခဲ့တဲ့ ဂန်းနားပစ်မှတ်ဟောင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂန်းနားတို့နဲ့ ကာလရှည်ကြာ သတင်းကြီးခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှုး ယာအိုဖိလစ်ကို ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Daily Star ရဲ့ရေးသားချက်အရ ဖိလစ်ရဲ့ အေးဂျင့်တွေဟာ သူတို့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ဂန်းနားတို့ဆီကို ချဥ်းကပ်ခဲ့ဖူးတယ်လို့သိရပြီး ၊ နောက်ထပ်သတင်းတော့ထွက်ပေါ်လာခဲ့ခြင်းမရှိပါဘူး။
အသင်းဟောင်းနဲ့ ပြန်ဆုံချင်နေတဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေလ်းက သူ့ရဲ့အသင်းဟောင်းနဲ့ ကစားရမယ့်ပွဲကို မစောင့်နိုင်တော့ကြောင်း ပြောဆိုလာပြီး ၊ အသင်းဟောင်နဲ့ သူ့ကြားက အကြောင်းကိုလဲ အခုလိုမျှဝေခဲ့ပါတယ်။
“ ဒီပွဲကို အရမ်းကစားချင်နေပြီဗျာ .. မိနစ် ၉၀ အတွင်းမှာတော့ ကျွန်တော်တို့က နဲနဲလောက်ရန်ဖက်တွေဖြစ်မှာပေါ့ .. ပွဲပြီးရင်တော့ သူတို့နဲ့ ကျွန်တော် နွေးထွေးစွာပဲ နှုတ်ဆက်မှာပါဗျာ .. ပရိတ်သတ်နဲ့ ကျွန်တော့်ကြားမှာ အမှတ်တရကောင်းတွေရှိပါတယ် “ လို့ ဂန်းနား ဂိုးသမားက ဖွင့်ဟလာတာဖြစ်ပါတယ်။
ဖူဟမ်မှာလေ့ကျင့်ရေးဆင်းနေတဲ့ ဝီလျှံ
ဂန်းနားပလေယာဟောင်း ဝီလျှံဟာ သဘောတူညီမှုအပြီးမသတ်ရသေးပေမယ့် ဖူဟမ်အသင်းနဲ့ လေ့ကျင့်ရေးဆင်းနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြလာပါတယ်။ အဆိုပါ ဘရာဇီးသားသာ ခရာဗင်ကော့တေ့ချ် သို့ ပြောင်းဖြစ်ခဲ့ပါက အသင်းဖော်ဟောင်းလီနိုနဲ့ ပြန်ဆုံနိုင်မှာလည်းဖြစ်ပါတယ်။ ဝီလျှံဟာ ဂန်းနားတို့အတွက် ၃၇ ပွဲကစားပြီး ၁ ဂိုးသွင်း ၊ ၇ ကြိမ်ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။