ဒီလူက ဒီလူငယ်လေးတွေနဲ့အတူ  ဘာမဆိုကြိုးစားသွားမှာ – ကီဗင်ကမ်းဘဲလ်

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ဖြတ်သန်းကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်တွေကို documentary ရိုက်ကူးထားခဲ့တာပြီး HBO Max မှာ လက်ရှိပြသနေပါတယ်။ ဒီ sereis မှာ အပိုင်းဆယ်ပိုင်းပါ၀င်လာမှာ ဖြစ်ပြီးအာဆင်နယ်ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ documentary series တစ်ခုပါပဲ။

ဒီ series ထဲမှာ အာတီတာဟာ အသင်းကို ဘယ်လိုပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့လဲ၊ လူငယ်လေးတွေကို ဘယ်လို လမ်းညွှန်ဖို့ ကြိုးစားခဲ့လဲဆိုတာကို တွေမြင်ခွင့်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး လူစာရင်းကို ကိုင်တွယ်ခဲ့ရတဲ့ လိဂ်ရဲ့ အသက်အငယ်ဆုံးမန်နေဂျာတစ်ယောက်ရဲ့ ဖိအားနဲ့တာ၀န်တွေ၊ အသင်းအပေါ်ချစ်မြတ်နိုးမှုတွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

All or Nothing series ကို ကြည့်ရှုပြီး ကီဗင်ကမ်းဘဲလ်က အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ အာတီတာရဲ့ လုပ်ဆောင်ချက်တွေအပေါ် ‌ချီးကျူးခဲ့ပါတယ်။

Advertisements

All or Nothing  က အာတီတာဟာ ဒီလူငယ်လေးတွေနဲ့အတူ ဘာမဆိုကြိုးစားသွားကြမယ်ဆိုတာ ပြသခဲ့ပါတယ် လို့ အာဆင်နယ်ကစားသမားဟောင်းကြီးက ဆိုပါတယ်။

သူသာ ဒီလူငယ်လေးတွေကို မှန်ကန်တဲ့ စိတ်သဘောထားနဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ရှိစေချင်တယ်

” You will never walk alone ကို ဖွင့်ပြခဲ့တဲ့အတွက် သူ့ကို လှောင်ပြောင် ဝေဖန်မှုအချို့ရှိခဲ့ပါတယ်။ဒါပေမယ့် ကစားသမားတွေအတွက်တော့ ဒါဟာ ကြက်သီးထစရာပါ။ ကစားသမားတွေ အားမာန်တွေနဲ့ ပြည့်လာအောင် သူလုပ်ခဲ့တာပါ အာတီတာဟာ သူ့ရဲ့ ကောင်လေးတွေကို လီဗာပူးလ်လို သားရဲတွေဖြစ်လာအောင် ကြိုးစားဖို့၊ပြင်ဆင်ဖို့အတွက် ဒီလိုလုပ်ခဲ့တာ ဖြစ်တယ်” လို့ ကမ်းဘဲလ်က ဆိုပါတယ်။

အာတီတာဟာ မန်နေဂျာ အသစ်တစ်ယောက်ဆိုပေမယ့်

All or Nothing seriesထဲမှာ သူရဲ ရင့်ကျက်မှုတွေနဲ့ပြောင်မြောက်တဲ့ စကားလုံးတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဂွာဒီယိုလာရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်အနေနဲ့ လေ့လာသင်ယူခဲ့ရတဲ့ အာတီတာဟာ ဂွာဒီယိုလာရဲ့ မိတ္တူတစ်ခုတော့ဖြစ်လာမှာ မဟုတ်ပါဘူး။ သူဟာ သူ့နည်းသူဟန်၊သူရဲ့ ဘောလုံးသီအိုရီတွေနဲ့ အာဆင်နယ်ကို အစကနေ ပြန်လည်‌ တည်ဆောက်နေခဲ့တာပါ။

စပိန်သားဟာ တကယ်ကို ကြီးကျယ်တဲ့ အလုပ်တစ်ခုကို လုပ်နေခဲ့တယ်ဆိုတာ All or Nothing က သက်သေပြပါလိမ့်မယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: