၂ပွဲ၆မှတ်မှာ ပျော်ရွှင်နေလို့ ရနိုင်မလား

ဒီအပတ်ပွဲစဥ်ရလဒ်တွေကို  Google Box ထဲမှာ ပြန်ကြည့်ရတာအလွန်ကိုပဲအရသာရှိလှပါတယ်။ အာဆင်နယ်အသင်းဆက် ၂ ပွဲဆက် ဆက်လက်တောက်ပဆဲဖြစ်ပြီး ပရိတ်သတ်တွေကတော့  အပြုံးတွေကို်ယ်စီဝေဆာနေကြပါတယ်။ တန်ဂနွေမှာလည်း  မြိုခံပြိုင်ဖက်တွေလဲဖြစ် ၊  အဆင့် ၄ လုဖက်တွေလဲဖြစ်ကြတဲ့ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့  အကြိတ်အနယ်ရှိမှုတွေကလည်း ကိုယ်တွေအတွက်တော့ အားရစရာပါပဲ။

ချဲလ်ဆီးပရိတ်သတ်တွေကတော့  ပွဲပြီးသွားပြီလို့ ယူဆနေတုန်းမှာ ဟယ်ရီကိန်းက ဂိုးကောက်သွင်းလိုက်တဲ့နောက်  ပရီးမီးယားလိဂ်မှာ ၂ ပွဲလုံးနိုင်တာ မန်စီးတီးနဲ့ ကိုယ်တွေပဲ ကျန်တော့တဲ့ အခြေအနေရောက်သွားပါတယ်။  တန်လာည ဘောလုံးပွဲမှာ ပက်ထရစ်တို့ရဲ့ ၁ – ၁ ဂိုးစီသရေပွဲကလည်း အကြိတ်အနယ်ရှိလှပြီး ဒီရာသီဟာ ခက်ခဲကြမ်းတမ်းတော့မယ်ဆိုတာကို သံချောင်းခေါက်လိုက်ပါတော့တယ်။

တကယ်တော့ အာဆင်နယ်နဲ့ ပွဲ ဒုတိယပိုင်းမှာ ကစားသွားတဲ့ ပဲလေ့စ်ကစားပုံက အခုပွဲကထက် ပိုပြီးတောင် ဆွဲဆောင်မှုရှီနေသလိုပါပဲ။ ဂန်းနားတို့ အတော် အကြပ်ရိုက်ခဲ့တာပါ။

Advertisements

ပွဲအပြီးမှာ ဗီအဲရာက SKY SPORTS ကို အခုလိုပဲ ပြောပါတယ်။

“ ကျွန်တော်တို့ အမှတ်နဲနဲပဲရတာကိုပဲ ပြောမနေပါနဲ့ဦး …  ပဲလေ့စ်က ချန်ပီယံဆု အပြိုင်လုနေတဲ့အသင်း ၂ သင်းနဲ့ဆက်တိုက်ကန်ခဲ့ရတာဗျာ  ..  ပရီးမီးယားလိဂ်ကတော့ တကယ်ခက်ခဲတာအမှန်ပဲ  .. ဒါပေမယ့် ကျွန်တော်ကတော့ စွမ်းဆောင်ရည်တွေကိုပဲ စိတ်ဝင်တစားရှိတယ်ဗျာ  “  လို့ ပြောသွားပါတယ်။ ဆိုလိုတာက သူ့အသင်းဟောင်းကို ချန်ပီယံလောင်းစာရ​င်းထဲမှာ တွေးမြင်မိတဲ့သဘောပါပဲ။

“ ကျွန်တော်တို့ ဘာဆိုတာပြခဲ့တယ် ..  ပြီးတော့ ပွဲကစားရင်းနဲ့ပဲ အနိုင်ပွဲတစ်ပွဲအတွက်ဘာတွေကိုလိုအပ်သလဲဆိုတာ ပိုသိလာတယ် .. အာဆင်နယ်နဲ့ပွဲတုန်းက ဒုတိယပိုင်းကစားပုံက တကယ်ကို အားရစရာရှိခဲ့ပါတယ်  .. ဒီတော့  ကျွန်တော်ကတော့ ပဲလေ့စ်က လမ်းကြောင်းမှန်ပေါ်မှာလို့ ယုံတယ် .. အသင်းမှာလဲ ကစားသမားကောင်းတွေရှိတယ်။  ပြီးတော့ အခုကစားပုံတွေကို ဆက်လက်ထမ်းသိမ်းသွားရမယ် “ 

မန်နေဂျာကောင်းတစ်ယောက် ၊ ပြိုင်ဖက်တစ်ယောက်ဆီကနေ အခုလိုမှတ်ချက်ရတယ်ဆိုတာသိပ်ကောင်းပါတယ်။  အာဆင်နယ်အနေနဲ့ အလုပ်ကောင်းကောင်းဆက်လုပ်ဖို့ပဲလိုတော့တယ် ထင်ပါတယ်။ အခုလိုပြောတာသိပ်ပြီးများစောသေးလား ?  ဒါပေမယ့်  အောင်ပွဲတွေရတုန်းမှာ ပျော်နေတာကရော အပြစ်ဖြစ်လို့လား .. ၂ ပွဲဆိုတာ အစကောင်းတယ်လို့ သတ်မှတ်နိုင်ရဲ့လား  .. မျှော်လင့်ချက်တွေက လက်တွေ့ကျရဲ့လား .. ဒါပေမယ့် ပျော်လိုက်ကြစမ်းပါဗျာ .. ကျွန်တော်တို့က ၂ ပွဲကစား ၆ မှတ်ရထားတာပဲကို။

Advertisements

Original Content Here

Advertisement

Leave a Reply

%d bloggers like this: