နောက်ဆုံးရ အာဆင်နယ် သတင်းများ (17 Aug)

ဗီအဲရာကိုယ်တိုင် လေ့ကျင့်ရေးကွင်းက ဓါတ်ပုံတပုံတင်ပြီး  ပရိတ်သတ်တွေကို အသိပေးလာခဲ့

လေ့ကျင့်ရေးကွင်းမှာ မတွေ့ရကြောင်း သတင်းများထွက်လာပြီးနောက်မှာ  ဖေဘီယို ဗီအဲရာဟာ သူကိုယ်တိုင်ပဲ  ဓါတ်ပုံအချို့ကို မျှဝေခဲ့ပါတယ်။  လက်ရှိအာဆင်နယ်အသင်းအတွက် ကွင်းလယ်လူတစ်ဦးအသဲအသန်လိုအပ်နေတာဖြစ်လို့  ဗီအဲရာရဲ့ အခြေအနေဟာ ပရိတ်သတ်တွေအတွက် အားတစ်ခုဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင်  နည်းပြ အာတီတာကလည်း  နေရာစုံကစားနိုင်တဲ့သူဖြစ်တယ်လို့  ဗီအဲရာကို ဖွင့်ဟ ချီးကျူးထားပါတယ်။

နီတိုကို ခေါ်ယူသင့်တယ်လို့ ဒန်းဂျုန်းစ် တိုက်တွန်း

အပြောင်းအရွှေ့သတင်းထောက် ဒန်းဂျုန်းစ် ကတော့ ဂန်းနားတို့အနေနဲ့ တောင်ပံလူလိုအပ်ချက်အတွက်  ဝုဗ်ရဲ့ နီတိုကို ချိတ်ဆက်သင့်တယ်လို့ သုံးသပ်လာခဲ့ပါတယ်။  အသက် ၂၂ အရွယ် နီတိုဟာ ဂန်းနားတို့ရဲ့ ကာလရှည့်ပစ်မှတ်တခုဖြစ်ပြီး လတ်တလောမှာတော့ မန်ချက်စတာယူနိုက်တက်က ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Advertisements

ဟိုးဒင်းကို ချိတ်ဆက်ဖို့ ကြိုးစားလာတဲ့ ဗီလာ

အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ ကစားသမား ဒီယိုဂို ကားလို့စ် ရဲ့ ဒဏ်ရာအခြေအနေကြောင့်   အစားထိုးဖို့ ကစားသမားတစ်ဦးအသဲအသန်ရှာဖွေနေရာမှာ  ဂန်းနားတို့ရဲ့  ဟိုးဒင်းကို ပစ်မှတ်ထားလာတယ်လို့သိရပါတယ်။ လက်ရှိနောက်တန်းမှာ  ဟိုးဒင်းအနေနဲ့ နေရာရဖို့ခက်ပေမယ့်  အသင်းရဲ့လိုအပ်ချိန်တိုင်းရှိနေတဲ့ သူဖြစ်တာကြောင့် ပရိတ်သတ်တွေကတော့ အသင်းကထွက်ခွာမှာကို စိုးရိမ်နေကြပါတယ်။

ဂန်းနားတို့ မည်သည့်တောင်ပံကစားသမား ကိုမှ မကမ်းလှမ်းရသေး

အာဆင်နယ်အသင်းကနေ ပေပေထွက်ခွာဖို့သေချာသလောက်ရှိလာပေမယ့်  ဂန်းနားတို့ဟာ ဘယ်တောင်ပံကစားသမားကိုမှ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးဘူးလို့သိရပါတယ်။ The Mirror ရဲ့ဖော်ပြချက်အရလည်း  ဗီလာရီးရဲ ရဲ့ ပင်နိုကို အဓိက ပစ်မှတ်ထားချင်နေခဲ့ပေမယ့်  စပိန်အသင်းဖက်ကို တိကျသေချာတဲ့ဆက်သွယ်မှုမရှိသေးဘူးလို့သိရပါတယ်။ အပြောင်းအရွေ့ကာလ ပြီးဆုံးဖို့ကလည်း ၁၀ ရက်ခန့်သာရှိတော့တဲ့အနေအထားဖြစ်ပါတယ်။

ခြေစွမ်းပြနေခါမှ  ဒဏ်ရာရသွားတဲ့ ပါတီနို

ဘလက်ပူးလ်အသင်းကို အငှားသွားရောက်ကစားရင်း ခြေစွမ်းပြနေတဲ့ ချာလိပါတီနိုဟာ QPR အသင်းနဲ့ပွဲစဥ်မှာ ပွဲတဝက်နဲ့တင် လူစားလဲခဲ့ရပါတယ်။ နည်းပြ အပီတန်ကလည်း  ခြေစွမ်းပြနေတဲ့ ပါတီနိုရဲ့ အခြေအနေကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပါတီနိုဟာ  ၂ ပွဲသာ ကစားရသေးပေမယ့် ပရိတ်သတ်တွေရဲ့ သီချင်းသီဆို ကြိုဆိုခံရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: