ချဲလ်ဆီးကို ကိုယ်ရေးကိုယ်တာအရ မုန်းတာမျိုး မဟုတ်ပါဘူး – ဝင်းဂါး

ချဲလ်ဆီးကို အေဘရာမိုဗစ်ခ်ျ ၀ယ်ယူခဲ့ပြီးနောက်ပိုင်း မော်ရင်ဟို နည်းပြဖြစ်လာချိန်မှာ အာဆင်၀င်းဂါးနဲ့ မော်ရင်ဟိုတို့ရဲ့ စကားလုံးတိုက်ပွဲတွေ ပြင်းထန်ခဲ့ကြတာကို ဘောလုံးပရိသတ်အချို့ မှတ်မိနေဦးမှာပါ။ ဆယ်စုနှစ်နှစ်ခုနီးပါးလောက် အာဆင်၀င်းဂါးရဲ အဓိကပြိုင်ဘက်ဟာ မဟာရန်သူတော် မန်ချက်စတာယူနိုက်တက်ရဲ့ မန်‌နေဂျာ ဖာဂူဆန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးကို ၀ယ်ယူခဲ့ပြီးနောက်  ထိပ်တန်းကစားသမားအများအပြားကို အိတ်စိုက်ခေါ်ယူခဲ့ပြီး ၂၀၀၄မှာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ချဲလ်ဆီးမန်နေဂျာဖြစ်လာချိန်မှာ သိပ်သည်းကျစ်လစ်တဲ့ ခံစစ်၊ စွမ်းအားကြီးတဲ့ တိုက်စစ်အစုအဖွဲ့တွေကို တည်ဆောက်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

ဒီလိုမျိုးချဲလ်ဆီးဟာ သူတို့ကြိုက်တဲ့ ဘယ်ကစားသမားမဆို ငွေပုံပေးပြီး ခေါ်ယူနေတဲ့အပေါ် ၀င်းဂါးဟာ အတော်လေး

ဒေါသပုန်ထခဲ့ပါတယ်။ သူ့ရဲ့လုပ်ပုံကိုင်ပုံနဲ့  ငွေကြေးသုံးစွဲမှုအသားပေးပြီး အောင်မြင်မှုတည်ဆောက်တာက  ပြဒါးတလမ်း သံတလမ်းတော့ဖြစ်နေခဲ့တာပါ။

Advertisements

နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဂန္တ၀င်မန်နေဂျာကြီးဟာ အေဘရာမိုဗစ်ရဲ့ ချဲလ်ဆီးနဲ့ သူရဲ့ တိုက်ပွဲတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို ပြောပြလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ အသင်းရဲ့ ပိုက်ဆံတွေမဟုတ်ပဲ ပိုင်ရှင်ရဲ့ ငွေကြေးအင်အားနဲ့ အောင်မြင်မှုတွေကို ၀ယ်ယူဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်တယ်လို့ ပြင်သစ်သားကြီးက ပြောပြခဲ့ပါတယ်။

ကျွန်တော်ဟာ personal ထက် ကလပ်အသင်းအချင်းချင်းပဲ ယှဉ်ပြိုင်ခဲ့တာပါ။ personal level ရှိတဲ့ ထုတ်ပြန်ချက်မျိုး ကျွန်တော်ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး လို့ Sky Sports ရဲ့ အားကစားအစီအစဉ်မှာ ၀င်းဂါးက ပြောပြလာခဲ့ပါတယ်”

အဲ့ဒီအချိန်တုန်းက မော်ရင်ဟိုနဲ့ ကျွန်တော့်ရဲ့ ကြားမှာမကျေလည်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးဟာ သူတို့ရှာထားခဲ့တာမဟုတ်တဲ့ ပိုက်ဆံတွေကို သုံးစွဲနေတဲ့ ပထမဆုံး အသင်းဖြစ်တာကြောင့် ဖြစ်ပါတယ်

ချဲလ်ဆီးဟာ ဒီလိုမျိုး အောင်မြင်မှုကို ငွေကြေးနဲ့ ၀ယ်နိုင်တယ်ဆိုတာ လမ်းပြခဲ့တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးကို ခြေရာကိုနင်းပြီး မန်စီးတီး၊ပီအက်စ်ဂျီ၊ နောက်ဆုံးအနေနဲ့ နယူးကာဆယ် အသင်းတွေဟာ ချမ်းသာကြွယ်၀တဲ့ ပိုင်ရှင်တွေရဲ့ ငွေကြေးတွေနဲ့ အောင်မြင်မှုတွေရယူဖို့ တည်ဆောက်လာခဲ့ကြပါတယ်။ သို့သော် ယနေ့ခေတ်မှာတော့ ငွေကြေးကြွယ်ဝခြင်းဟာ အသင်းတိုင်းအတွက် ရှိကိုရှိရမယ့် ရင်းမြစ်တစ်ခုဖြစ်လာခဲ့တာကြောင့် ဝင်းဂါးလဲအမြင်ပြောင်းလောက်ပြီလို့ ယူဆရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: