အာဆင်နယ် ယူ၂၁ ကြယ်ပွင့် ပြောပြတဲ့ မာကွင်ဟိုစ်အကြောင်း

ဒီနွေမှာ ဆော်ပိုလိုကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာကွင်ဟိုစ်ဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်ကြယ်ပွင့်လေးဖြစ်ပါတယ်။ စီနီယာအသင်းကြီးနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ ဘရာဇီးလ်သားလေးက လက်ရှိမှာတော့ အာဆင်နယ် ယူ၂၁ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

လူငယ်အသင်းနဲ့အတူ ပထမဆုံးပွဲဦးထွက်မှာပဲ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့ မာကွင်ဟိုစ်ဟာ ပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ ၃ဂိုးသွင်းပြီး ဂိုးဖန်တီးမှုအချို့ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ခြေစွမ်းကောင်းတွေပြသနေတဲ့ ဘရာဇီးလ်သား‌လေးဟာ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားပါတယ်။ အသင်းဟာ ဒုတိယမာတင်နယ်လီကို ‌ရရှိထားပြီးလို့ ယုံကြည်ရသလို မာကွင်ဟိုကလည်း အသင်းရဲ့ ယုံကြည်မှုကို သူ့ရဲ့ခြေစွမ်းတွေနဲ့ သက်သေပြထားခဲ့ပါတယ်။

Advertisements

မာကွင်ဟိုစ်နဲ့ ပတ်သက်ပြီး သူရဲ့ ယူ၂၁ အသင်းဖော်  ဂျိမ်းစ်အိုယာလင်ကာက ခုလို ချီးကျူးလာခဲ့ပါတယ်။

ကြီးမားတဲ့ လွမ်းမိုးမှု တစ်ခုပါပဲ။ကစားပွဲနှစ်ပွဲပဲ ရှိသေးပေမယ့် သူဟာ သွင်းဂိုးနှစ်ဂိုးနဲ့ ဂိုးဖန်တီးမှုအချို့ ပြုလုပ်ထားခဲ့ပြီးပါပြီ။သူက အသင်းကြီးကနေ ဆင်းလာခဲ့တာပါ

“သူဟာ စိတ်သဘောထားကြီးပြီး ငယ်ရွယ်သူတွေကို ကူညီပေးနေပါတယ်။ကျန်တဲ့ ကျွန်တော်တို့အားလုံး၊ အသင်းမှာရှိတဲ့သူတွေဟာလည်း ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေကို ကူညီဖို့ ရှိနေပါတယ်။သူဟာ ကစားနေတဲ့အချိန်မှာလည်း တကယ်ကို ထက်မြက်ပြီး ကျွန်တော်တို့နဲ့အတူရှိနေသရွေ့  ဒီလိုဆက်ပြီး ထက်ထက်မြက်မြက် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မာကွင်ဟိုစ်ရဲ့ အသင်းဖော်လေးက ဆိုပါတယ်။

မာကွင်ဟိုစ် ကို စီနီယာအသင်းကြီးအတွက် ရည်ရွယ်ပြီး အာတီတာဟာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။သူရဲ့အသက်ဟာ ၁၉နှစ်သာ ရှိသေး တာ‌ကြောင့် အတွေ့အကြုံကောင်းတွေရှာဖွေဖို့ လူငယ်အသင်းမှာ ပထမဆုံးကစားစေခဲ့တာ ဖြစ်ပါတယ်။နောက်လာမယ့် ရာသီတွေမှာတော့ မာကွင်ဟိုစ်ဟာ အသင်းကြီးရဲ့ လူစာရင်းမှ ပါ၀င်လာနိုင်ချေ ရှိနေပါတယ်။

တကယ်လို့သာ ယူ ၂၁အသင်းမှာ သူရဲ့ ခြေစွမ်းကောင်းတွေကို ဆက်ပြီး ပြသထားနိုင်မယ်ဆိုရင် မာကွင်ဟိုစ်ဟာ ရာသီမကုန်ခင်မှာပဲ အသင်းကြီးအတွက် အာတီတာရဲ့ ရွေးချယ်ခံရနိုင်ချေရှိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: