လက်စတာနဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် ဘာတွေ အပြုသဘော၊ အနှုတ်သဘောဆောင်ခဲ့သလဲ

လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အပြုသဘောဆောင်တဲ့ အချက်တွေကို အများကြီးတွေ့ခဲ့ရပါတယ်။ဒါပေမယ့် ပြီးပြည့်စုံတဲ့အရာဆိုတာ ဒီကမ္ဘာမှာ မရှိတာကြောင့် ဒီနိုင်ပွဲမှာ အနှုတ်သဘောဆောင်ခဲ့တဲ့ အချက်အချို့ ရှိခဲ့တယ်ဆိုတာလည်း ငြင်းမရပါဘူး။

ဒီတော့ အသင်းရဲ့ ပထမဆုံး အိမ်ကွင်းနိုင်ပွဲမှာ ဘာတွေ အပြုသဘောဆောင်ခဲ့လဲဆိုတာ ၊ဘာတွေ အနှုတ်သဘော ဆောင်ခဲ့သလဲဆိုတာ တစ်ချက်လောက် ကြည့်ရအောင်။

() မာတင်နယ်လီရဲ့ တိုးတက်မှု

မာတင်နယ်လီဟာ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲပြီးချိန်မှာ နှစ်ဂိုးသွင်းယူခဲ့ပြီးပါပြီ။ စနေနေ့ညမှာလည်း လက်စတာခံစစ်ကစားသမား ဖိုဖာနာကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ပြီး လှပတဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်။

မာတင်နယ်လီနဲ့ဂျေးဆုတို့ဟာ အတွဲအဖက်ညီညီနဲ့  ပြိုင်ဘက်အတွက် အန္တရာယ်ရှိတဲ့ တိုက်စစ်အတွဲအဖက်တစ်ခုဖြစ်လာခဲ့ပါပြီ။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ရာသီကထက်ပိုပြီး တိုးတက်လာခဲ့ပါပြီး ဒီရာသီမှာ တကယ်ကို စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

Advertisements

() ဆလီဘာရဲ့ own goal

ဘောလုံးမှာ အနိမ့်အမြင့်အတက်အကျက တကယ်ကို ပြင်းထန်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာအထူးခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးကစားသမားဆုခဲ့တဲ့ ဆလီဘာဟာ လက်စတာနဲ့ ပွဲစဉ်မှာတော့ OG သွင်းယူမိခဲ့ပါတယ်။

ဒါပေမယ့် အဆိုးထဲက အကောင်းဖြစ်ခဲ့တာကတော့ ကွင်းထဲမှာ ရှိနေတဲ့ ပရိသတ်တွေရဲ့ အံ့ဩကြည်နူးဖွယ်အားပေးမှုပါပဲ။ ဆလီဘာ OG ဂိုးသွင်းယူခဲ့ပြီး ခေါင်းငိုက်စိုက်ကျသွားချိန်မှာ ကွင်းထဲက ပရိသတ်တွေရဲ့ လက်ခုပ်သံတွေဟာ ပြင်သစ်သားအတွက် ခွန်အားတစ်ခုဖြစ်မှာ အသေအချာပါပဲ။

() ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ရှာကာနဲ့ဇင်ချန်ကို

လက်စတာနဲ့ ပွဲစဉ်မှာ ဂျေးဆု၊မာတင်နယ်လီတို့အပြင် ချီးကျူးစရာ အခြားကစားသမားတွေကတော့ ရှာကာနဲ့ ဇင်ချန်ကိုတို့ပါပဲ။

ရှာကာနဲ့ ဇင်ချန်ကိုတို့ဟာ အသင်းရဲ့ ဘယ်ခြမ်းမှာ အတွဲညီညီ ကစားနိုင်သွားခဲ့တာ တွေ့ရပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ role တွေ ချိန်းဆော့သွားခဲ့တာတွေ့ရပါတယ်။ ဒီကစားကွက်မှာ ရှာကာဟာ တိုက်စစ်ကို ပိုပြီးလွတ်လွတ်လပ်လပ်လိုက်ပါနိုင်ပြီး သွင်းဂိုးတွေရယူဖို့ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။

တီယာနေးရဲ့ အရန်ကစားသမားအဖြစ်ခေါ်ယူခြင်းခံခဲရပေမယ့် ဇင်ချန်ကိုဟာ ‌ခြေစွမ်းကောင်းတွေနဲ့အတူ စကော့တလန်သားရဲ့ ပွဲထွက်ခွင့်တစ်နေရာကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

Advertisements

(၄) ဂါဘရီယယ်ဂျေးဆူ

လက်စတာကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ချန်ထားလို့ မရတဲ့သူက ဂါဘရီယယ်ဂျေးဆုပါပဲ။အသင်းအတွက် နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးခဲ့ပြီး ဟက်ထရစ်သွင်းဂိုးရှင်ရဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။

လက်စတာနဲ့ ပွဲစဉ်အပြီးမှာ‌ ဂျေးဆုဟာ အသင်းဖော်တွေ၊ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကို တခဲနက်ရရှိခဲ့ပါတယ်။ဂျေးဆုကိုယ်တိုင်ကလည်း  မန်စီးတီးမှာ အခွင့်အ‌ရေးမရခဲ့တဲ့ ကျောနံပါတ် ၉နေရာကို အာဆင်နယ်မှာ ကစားခွင့်ရခဲ့တာကြောင့် ပျော်ရွှင်နေပါတယ်။

() ဒီထက်ပို ဂိုးပြတ်ခဲ့သင့်တဲ့နိုင်ပွဲ

ပွဲအပြီးမှာ ဂျေးဆူဟာ အ၀တ်လဲခန်းထဲ စိတ်ပျက်‌နေတယ်ဆိုတဲ့အကြောင်း အာတီတာက ပြောပြလာခဲ့ပါတယ်။ ဘရာဇီးလ်သား စိတ်ပျက်နေရတဲ့အကြောင်းက သူ့အနေနဲ့ သွင်းဂိုးလေးဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းရဲ့ ကစားပုံဟာ တကယ်ကို ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေ အများကြီးရရှိခဲ့တာအမှန်ပါပဲ။ ဒီအခွင့်အရေးတွေကိုသာ အပိုင်အသုံးချနိုင်ခဲ့ရင် ဒီထက်ပိုပြီး ပြတ်သားတဲ့ရလဒ်နဲ့ လက်စတာကို အနိုင်ယူနိုင်ခဲ့မှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဂိုးပြတ်နိုင်ပွဲတစ်ခု ပိုင်ဆိုင်ခဲ့ပြီမို့ ဒီအချက်ဟာ  သိပ်တော့ အရေးမကြီးလှတော့ပါဘူး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: