နောက်ဆုံးရ အာဆင်နယ်သတင်းများ(15Aug)

ဒဏ်ရာရသွားခဲ့တဲ့ ခြေစွမ်းပြလူငယ်

အာဆင်နယ်အသင်းကနေ စတုတ်စီးတီးအသင်းကိုအငှားနဲ့သွားကစားနေတဲ့  လူငယ်နောက်ခံလူဟယ်ရီကလပ်ဟာ  ခြေသလုံး ဒဏ်ရာရရှိခဲ့တဲ့အတွက်  အနဲဆုံးရက်သတ္တပတ် အနဲငယ်အနားယူရမယ်လို့ နည်းပြ မက်အိုနေးလ်က အတည်ပြုလာပါတယ်။ ကလပ်ဟာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး  အနီးဆုံးပွဲစဥ်မှာ ဂိုးလည်းသွင်းယူထားနိုင်တဲ့နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

နိုင်းလ်စ်ကို ရောင်းချဖို့အတွက် အာဆင်နယ်အသင်းသစ်ရှာဖွေနေ

အာဆင်နယ်အသင်းဟာ  သူတို့ရဲ့ အသက် ၂၄ နှစ်အရွယ်နောက်ခံလူ မိတ်လန်းနိုင်းစ်ကိုရောင်းချဖို့အတွက် အသင်းတစ်သင်းရှာဖွေနေတယ်ဆိုပြီး The Times သတင်းစာကဖော်ပြလာပါတယ်။ ဂန်းနားတို့ဟာ အသစ်ခေါ်ယူမှုများပြုလုပ်ထားသလို  အသုံးမလိုတဲ့ကစားသမားတွေကိုရောင်းထုတ်ဖို့ကိုလည်း အပြင်းအထန်ကြိုးစားနေရပါတယ်။ လတ်တလောမှာ တော်ရဲရား  လီနို   နဲ့  မာရီတို့အသင်းကထွက်ခွာသွားပြီဖြစ်သလို ဘယ်လာရင်ကလဲ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Advertisements

ဆာလီဘာကို အာဆင်နယ်အသင်းဖက်က အလွန်အလေးထားတယ်လို့  နာမည်ကျော်သတင်းထောက်ပြောဆို

နာမည်ကျော်သတင်းထောက် ပေါလ်ဘရောင်းရဲ့ အဆိုအရ အီဒူးဟာ ဆာလီဘာကို အသင်းမှာကာလရှည်စာချုပ် ချုပ်ဆိုလိုနေတယ်လို့  သိရပါတယ်။ အသင်းကိုရောက်စကတည်းက အငှားနဲ့သာဖြတ်သန်းရင်း ခြေစွမ်းတိုးတက်လာခဲ့တဲ့ ဆာလီဘာဟာ ယခုအချိန်မှာအကောင်းဆုံးကစားပေးနေနိုင်ပြီး  ၊ အကောင်းဆုံးကစားသမားဆုလည်းရရှိထားသလို ပရိတ်သတ်တွေကလည်းအလွန်နှစ်သက်နေတဲ့ကစားသမားတစ်ဦးဖြစ်နေခဲ့ပါပြီ။

“ ဘန်ဝှိုက်ကို အစွန်ပို့ပြီး သူ့ကိုဗဟိုမှာ ကစားစေတာဟာ အာဆင်နယ်က ဆာလီဘာကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာမြင်ရတာပါပဲ “ လို့ ဘရောင်းကသုံးသပ်ခဲ့ပါတယ်။

ဖောရက်စ်ကို ပြောင်းတော့မယ့်  ဂန်းနားပစ်မှတ်ဟောင်း

နှစ်စဥ်နှစ်တိုင်း အာဆင်နယ်နဲ့သတင်းထွက်လာခဲ့တဲ့ လိုင်ယွန်ကွင်းလယ်လူ ဟူစိန်အာဝါဟာ  နော်တင်ဟန်ဖောရက်စ်အသင်းကိုပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီလို့သိရတာကြောင့် ၊ သိပ်မကြာခင်မှာပဲ ပေါ်ထွက်နေကျ ဇတ်လမ်းတပုဒ်က ရပ်တန့်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ  ဂန်းနားတို့ဆီရောက်လာဖို့ အကြောင်းများခဲ့ပေမယ့် အေးဂျင့်ဖြစ်သူ သူ့ရဲ့အစ်ကိုရဲ့ဆုံးဖြတ်လုပ်ကိုင်ပုံများက အမ်းမရိတ်ရောက်ရေး အတားအဆီးဖြစ်ခဲ့တယ်လို့ သတင်းများအရသိရပါတယ်။

ဗလင်စီယာကို  အီဒူး ခရီးထွက်သွားလို့ ပရိတ်သတ်တွေစိတ်ဝင်စားနေကြ

ဗလင်စီယာမြို့ကို ခရီးထွက်သွားခဲ့တဲ့  နည်းစနစ်ဒါရိုက်တာ အီဒူးကြောင့် ပရိတ်သတ်တွေအကြားမှာ ပင်နိုကို ခေါ်ယူတော့မလားဆိုတဲ့ ခန့်မှန်းမှုတွေမြင့်တက်လျှက်ရှိပါတယ်။ အာဆင်နယ်အသင်းဟာ ဆက်တိုက်တက်ရိပ်ပြနေပေမယ့်  ပထမကစားသမားတွေမကစားနိုင်ခဲ့ရင် ဖြစ်လာနိုင်တဲ့အခြေအနေကြောင့် ပရိတ်သတ်တွေကအလွန်စိုးရိမ်နေကြပြီး ကစားသမားသစ်တွေခေါ်ယူစေလိုနေတာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: