ထိုက်သင့်တဲ့ ‌ဈေးနှုန်းရရင် တီယာနေးကို ရောင်းချတာဟာ ပြဿနာမရှိဘူး – ဝီလန်

မကြာသေးမီကပဲ မန်စီးတီးဟာ တီယာနေးကို အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ ဇင်ချန်ကိုက ဘယ်ခြမ်းခံစစ်မှာ ခြေစွမ်းပြနေသလို တာဗာရက်စ်ကလည်း ပြင်သစ်မြေကို အငှားထွက်ကစားပြီး အတွေ့အကြုံတွေ ရှာဖွေနေပြီဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့  တီယာနေးက်ု လက်လွှတ်သင့်ပြီလို့ အကြံပေးလာတဲ့သူ‌တွေ ရှိလာခဲ့ပါတယ်။

တီယာနေးဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး  အသင်းအတွက် ပါ၀င်ခွင့်ရတဲအချိန်တွေမှာ  အပြည့်အ၀ပေးဆပ်ကစားတတ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီးရရှိထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း အာဆင်နယ်ဟာ သူ့ဆီက‌နေ လုပ်အားအပြည့်အ၀ မရရှိခဲ့ပါဘူး။ တကယ်လို့ စကော့တလန်သားဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်မနေခဲ့ရဘူးဆိုရင် အသင်းရဲ့ ကပ္ပတိန်လက်ပတ်တောင် သူ့ဆီကို ရောက်လာခဲ့နိုင်ပါတယ်။

Advertisements

ဒီလိုမျိုး အသင်းရဲ့ အဓိကကစားသမားတစ်ယောက်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဟာ အသင်းရဲ့ ရလဒ်ပိုင်းတွေအပေါ်ထိခိုက်မှု ရှိစေခဲ့တာ ငြင်းမရပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အာတီတာဟာ မနှစ်ကနွေမှာ တာဗာရက်စ်၊ ဒီနွေမှာ ဇင်ချန်ကိုတို့ကို ခေါ်ယူခဲ့ရပါတယ်။

နိုရယ်ဝီလန်ကတော့ အာဆင်နယ်ဟာ တီယာနေးလ်အတွက် မှန်ကန်တဲ့ ဈေးနှုန်းတစ်ခုသာ ရမယ်ဆိုရင် ရောင်းထုတ်သင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။

အာဆင်နယ်ဟာ သူ့ကို ရောင်းချလိုက်လို့ ပြဿနာရှိမယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ဝီလန်က Football Insider ကို ‌ပြောပြလာခဲ့ပါတယ်။

ဇင်ချန်ကိုက သူတို့ရဲ့ ပထမဦးစားပေးရွေးချယ်မှု ဖြစ်တယ်ဆိုတာ အရှင်းကြီးပါ။ဒါ့ကြောင့် ပဲလေ့စ်နဲ့ပွဲမှာ ဇင်ချန်ကိုက ပွဲထွက်လူစာရင်းမှာ ပါ၀င်လာခဲ့ပြီး တီယာနေးက အရန်ခုံမှာ ထိုင်နေခဲ့ရတာပါ။ တကယ်လို့ မန်စီးတီးဆီကနေ ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခုရနိုင်မယ်ဆိုရင် ဘာမှစဉ်းစားနေစရာ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်

အာဆင်နယ်ဟာ သူတို့စိတ်ကြိုက်ဈေးနှုန်းကို သတ်မှတ်နိုင်ပါတယ်။ နောက်ရာသီ သူ့ကို အသင်းမှာ ဆက်မထားချင်လောက်စေမယ့် ဈေးနှုန်းပေါ့ 

တီယာ‌နေးအနေနဲ့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်မရသေးတာဟာ ကြံ့ခိုင်မှု မပြည့်၀သေးတာကြောင့် ဖြစ်ပါတယ်။ဒါပေမယ့် ဇင်ချန်ကို ခြေစွမ်းပြနေတာဟာ တီယာနေးလ်အတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ ပရိသတ်တွေက‌တော့ တီယာနေးကို ရောင်းချသင့်တယ်ဆိုတဲ့ အကြံကို ထောက်ခံကြမှာမဟုတ်ပါဘူး။ဒါပေမယ့် ဒီရာသီမှာ တီယာနေးဟာ ဒဏ်ရာပြဿနာကင်းကင်းစင်စင်နဲ့ ကစားနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: