နောက်ဆုံးရ အာဆင်နယ်သတင်းများ (14 Aug)

တိုင်လီမန်းစ်က  အာဆင်နယ် လက်ခုပ်ထဲကရေမဟုတ်ဘူးလို့  ဒန်ဂျုံးစ်ဝေဖန်လာ

သတင်းထောက် ဒန်ဂျုံးစ်ကတော့ အာဆင်နယ်တို့အနေနဲ့ တိုင်လီမန်းစ်ကိုခေါ်ယူဖို့အရမ်းအပိုင်တွက်ထားရင် နောက်ကျသွားနိုင်တယ်လို့ ဝေဖန်လာခဲ့ပါတယ်။  အဆိုပါ သတင်းထောက်က Give Me Sports အစီအစဥ်ကနေတဆင့်  လက်စတာတို့ဟာ အရာရာမျှော်လင့်ချက်ဆုံးနေတဲ့အသင်းမဟုတ်ကြောင်း  ၊ အာဆင်နယ်နဲ့ အလုပ်မဖြစ်ရင်လည်း ကစားသမားအတွက်အစီအစဥ်တွေသေချာပေါက်ရှိမှာဖြစ်ကြောင်းပြောဆိုလာတာဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့လက်စတာနဲ့ အာဆင်နယ်ပွဲမှာ တိုင်လီမန်းစ်လဲ ဝင်ကစားခဲ့ပြီး ၊ ပရိတ်သတ်တွေကတော့ “ မင်းနဲ့ငါတို့ နောက်အပတ်တွေ့မယ် “  ဆိုပြီး သီချင်းတွေသီဆိုခဲ့ကြပါတယ်။  

ဂျေးဆူရဲ့ပြိုင်ဖက်မဖြစ်ချင်ဘူးလို့  အာတီတာပြော

အာဆင်နယ်နည်းပြအာတီတာက သူသာနောက်ခံလူတစ်ယောက်ဆိုရင်  ဂျေးဆူနဲ့ရင်ဆိုင်ကစားဖို့အတွက် စိတ်ပျက်မိမှာအသေအချာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောဆိုလာခဲ့ပါတယ်။

“ ကျွန်တော်နောက်တန်းမှာ တခါမှမကစားဖူးပါဘူး .. ဒါပေမယ့် ဂျေးဆူနဲ့သာရင်ဆိုင်ရမယ်ဆိုရင်တော့ တကယ်ကိုပဲ စိတ်ပျက်မိမှာပါ … ဒါကို ကြိုမှန်းလို့ရပါတယ် .. သူက မြန်တယ် ၊ နေရာစုံမှာရှိနေတယ် ၊ ပြီးတော့ အရာရာကိုလည်း ကြိုတင်တွက်ဆနိုင်တဲ့သူမျိုးဖြစ်တယ် “  လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

Advertisements

ဂျေးဆူဖန်တီးတာကို ပိတ်သွင်းမယ့်သူတွေရှိမနေတာ ပြိုင်ဖက်တွေသက်သာစေတယ်လို့ BBC Pundit ဝေဖန်

BBC Sport ရဲ့  Pundit တစ်ဦးဖြစ်သူ မိုက်ကယ်ဘရောင်းက  အာဆင်နယ်တိုက်စစ်မှုး ဂျေးဆူကို ထုတ်ဖော်ချီးကျူးလာပါတယ်။

“ ခင်ဗျားရဲ့ ဧရိယာထဲကို ဂျေးဆူရောက်လာပြီဆိုရင် ထိမ်းဖို့ မကြိုးစားနဲ့တော့ဗျ ..  သူရဲ့ ကစားဟန်နဲ့ စိတ်ဓါတ်က လုံးဝကွဲပြားပါတယ်။  ခင်ဗျားကတော့ သူ့ကို ပိတ်ထားလိုက်ပြီထင်နေချိန်မှာ ဂိုးရှေ့ကိုဖြတ်တင်ဘောတစ်လုံးသူဖန်တီးလိမ့်မယ် .. အာဆင်နယ်မှာ ပိတ်သွင်းမယ့်သူရှိမနေလို့ ပြိုင်ဖက်က ကံကောင်းနေတာပါ “  ဆိုပြီး အာဆင်နယ်တိုက်စစ်မှုးရဲ့ ကစားဟန်ကို အသေးစိတ်ချီးကျူးသွားခဲ့တာပါ။

ပျော်နေတယ်လို့ ဖွင့်ဟခဲ့တဲ့ရှာခါ

လက်စတာနဲ့ပွဲမှာ တိုက်စစ်ကိုလိုက်ပါရင်း ခြေစွမ်းပြသွားခဲ့တဲ့ ရှာခါက သူ့ရဲ့ခံစားချက်ကို အခုလိုပဲဖွင့်ပြောလာပါတယ်။

“ ကျွန်တော်က တပွဲလုံးလွတ်လွတ်လပ်လပ်ရှိနေခဲ့တယ် ..  ကျွန်တော်အဲ့လိုလဲကစားနိုင်ပါတယ် .. နည်းပြနဲ့ ကစားဖော်တွေကလည်း အပြည့်အဝကူညီပေးကြပါတယ် ..​ အသင်းမှာလုံးဝပျော်ရွှင်နေပါတယ် “  ဆိုပြီး အာဆင်နယ်မီဒီယာသို့ပြောဆိုသွားခဲ့ပါတယ်။ ရှာခါဟာ တိုက်စစ်ကိုလိုက်ပါနိုင်ခဲ့သလို ကိုယ်တိုင်လဲ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တူရကီလူငယ်ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

နောက်ခံလူတစ်ဦးရှာဖွေနေဆဲဖြစ်တဲ့ ဂန်းနားတို့ဟာ တူရကီကလပ် ထရက်ဇွန်စပိုနောက်ခံလူ  အာမက်ကန် ကတ်ပ်လန်း ကို  ခေါ်ယူဖို့ကြိုးစားလာနေတယ်လို့သိရပါတယ်။ အဆိုပါ အသက် ၁၉ နှစ်အရွယ် အရပ် ၆ပေ ၂လက်မမြင့်တဲ့နောက်ခံလူကို  အေဂျက်အသင်းက သဘောတူညီမှုရထားပြီလို့သိရပြီး  ဂန်းနားနဲ့  PSG တို့က ကြားဖြတ်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ တူရကီသတင်းတွေက​ရေးသားနေကြတာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: