ဂျေးဆူ ၊မာတင်နယ်လီနဲ့ ရှာကာတို့ကို အာတီတာ ဘယ်လို မှတ်ချက်ပေးခဲ့လဲ

မနှစ်က ဘောလုံးရာသီအဖွင့်ဟာ မလှပခဲ့ပေမယ့် ဒီနှစ်ကတော့ နှစ်ပွဲဆက် ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ အာဆင်နယ်ဟာ ရာသီအဖွင့်လှခဲ့ပါပြီ။ ဂန်းနားပရိသတ်တွေဟာလည်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေအပေါ် ကျေနပ်ပျော်ရွှက်နေမယ်လို့ မျှော်လင့်မိပါတယ်။

မနေ့ညက နိုင်ပွဲအပြီးမှာတော့ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာတို့လို ခြေစွမ်းမာကျောတဲ့ အသင်းတွေကို ဂိုးပြတ်အနိုင်ရခဲ့တာ၊ မာတင်နယ်လီနှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာ၊ တစ်ပွဲတည်းမှာ ဂျေးဆုရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှု နှစ်ကြိမ်ကို မြင်တွေ့ခဲ့ရတာ ထောင့်ကန်ဘောတွေကနေ နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ စသဖြင့် အပြုသဘောဆောင်တဲ့ အချက်တွေကို တွေ့မြင်ခဲ့ရပါတယ်။

ဂျေးဆူဟာ သူရဲ့ အာဆင်နယ်ကစားသမားဘ၀အဖွင့်ဂိုးကို အလှပဆုံးကန်သွင်းချက်တစ်ခုနဲ့ ရယူနိုင်ခဲ့သလို မာတင်နယ်လီရဲ့ သွင်းဂိုးကလည်း လှပခဲ့ပါတယ်။ ဆွစ်ဇာလန်သားကြီးကလည်း ဒီရာသီအတွက် ပထမဆုံးဂိုးကို စောစောစီးစီးရှာဖွေနိုင်ခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ သွင်းဂိုးတွေရယူပေးခဲ့တဲ့ သူရဲ့ကောင်လေးတွေကို ဘော့စ်က ခုလိုပဲ မှတ်ချက်ပေးလာခဲ့ပါတယ်။

“မတူညီတဲ့ သွင်းဂိုးတွေပါပဲ။ ဒါပေမယ့် ပထမဦးဆုံးသွင်းဂိုးကတော့ တကယ်ကို ထိပ်တန်းတစ်ဦးချင်း စွမ်းဆောင်ရည်ပါပဲ၊ အထူးသဖြင့် ဂိုးမရှိသရေကျနေတဲ့ အချိန်မျိုးမှာပေါ့။ သူ့ရဲ့ လုပ်အားနှုန်း၊သူရဲ့ ရွေ့လျားပုံနဲ့ သူရဲ့ အရည်အသွေးတွေဟာ အသင်းဆီကို မတူညီတဲ့ level တစ်ခုဆီ ပို့ဆောင်ပေးနိုင်ပါတယ်။သူဟာ ဂိုးဖန်တီးမှု နှစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး (ပြိုင်ဘက်အတွက်) ကြောက်ဖို့ကောင်းခဲ့ပါတယ်”

Advertisements

ဂရန်းနစ်ကိုလည်း ဂိုးဧရိယာထဲ၀င်လာပြီး ဒီလိုအခိုက်အတန့်တွေ ဖန်တီးစေချင်ပါတယ်။သူရဲ့ ကစားသမားဘ၀မှာ ဒီလိုမျိုးတွေ လုပ်ခဲ့ပြီးပါပြီ။သူ ဒါကိုလုပ်နိုင်တယ်ဆိုတာ( ဂိုးတွေသွင်းနိုင်တာ)ကို ကျွန်တော်ယုံကြည်ပြီး သူဒါကိုလုပ်ပြဖို့ အခိုက်အတန့်လည်း ပိုင်ဆိုင်ခဲ့ပြီးပါပြီ။ပထမပိုင်းမှာ ခေါင်းတိုက်သွင်းဂိုး တစ်ဂိုး သူရနိုင်ခဲ့ပါသေးတယ်၊ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တကယ်ကျေနပ်ပါတယ်

ဒီကောင်လေး (မာတင်နယ်လီ) တိုးတက်လာတဲ့ ပုံစံကတော့ တကယ်ကို အံမခန်းပါပဲ။ဒါဟာ သူ့ရဲ့ဆာလောင်မှု၊သူရဲ့ character နဲ့ နေ့စဉ်တိုင်းမှာ တိုးတက်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒတွေ၊ရည်မှန်းချက်တွေနဲ့ ဒီပွဲကို သူကစားခဲ့တာပါ

နှစ်ပွဲဆက်နိုင်ပွဲအပြီးမှာတော့ ချီးကျူးသံတွေ ၊ ပျော်ရွှင်မှုတွေနဲ့ပဲပြည့်နှက်နေတယ်ဆိုပေမယ့် ဂန်းနားတို့ဟာ ခရီးရှည်အတွက်လဲပြင်ဆင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိပုံစံကောင်းရနေတဲ့ ကစားသမားတွေ တစ်စုံတစ်ရာကြောင့်  အကောင်းဆုံးမဖြစ်တော့ရင် ဘာဆက်လုပ်မလဲဆိုတာက အာတီတာတို့လူစု ရက်ပိုင်းအတွင်းကြိုတင်ပြင်ဆင်ရမယ့် ကိစ္စဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: