သိသိသာသာတိုးတက်လာမှုတွေနဲ့ ဒုတိယနိုင်ပွဲ (Post Match Review . vs LEICESTER CITY)

အာဆင်နယ်အသင်းအနေနဲ့ ရာသီအဖွင့် ၂ ပွဲဆက်အနိုင်ရပြီး ၆မှတ်စုဆောင်းပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါပြီ။ ဒီပွဲမှာ အကောင်းနဲ့ အဆိုးတွေရောနေခဲ့ပေမယ့် အားသာချက်များစွာကို ပိုပိုသာသာ တွေ့ရပြီး ၊ အခုအတိုင်းသာဆက်သွားမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီကထက်ပိုပြီးကောင်းမွန်တဲ့ အခြေအနေကိုရောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။

ဒီပွဲမှာ အကောင်းဆုံး  ၃ ချက်ကိုကောက်နှုတ်ပြောရမယ်ဆိုရင်  ဂျေးဆူအပါအဝင်ကစားသမားအားလုံးရဲ့ ကိုယ်လုပ်ရမယ့် လုပ်ဆောင်ချက်ကိုယ် ကျေညက်နေမှု ၊ အသင်းလိုက် နားလည်မှုနဲ့ ကစားပုံဟာ သိသိသာသာ တိုးတက်လာနေမှုတို့နဲ့  တပွဲလုံးနီးပါး Pressing ကစားနိုင်မှုတို့ပဲဖြစ်ပါတယ်။ မိနစ် ၈၀ နောက်ပိုင်းကိုကြည့်မယ်ဆိုရင်တောင် အာဆင်နယ်တို့ဟာ ညာခြမ်းကနေဆက်တိုက်ဖိလာတဲ့ လက်စတာတိုက်စစ်ကို ကွင်းလယ်မှာတင်ဖိအားပေးဖျက်ထုတ်ကစားနေကြတာကိုတွေ့နိုင်ပါတယ်။

Advertisements

ဇင်ချန်ကိုနဲ့ ဂျေးဆူဟာ  အာဆင်နယ်အသင်းလိုနေတဲ့ ကွက်လပ်ကို ဖြည့်ပေးခဲ့ကြသူတွေဖြစ်ပြီး ၊  နေရာပြောင်းကစားတဲ့ ဘန်ဝှိုက်ဟာလည်း နောက်ထပ် သန်း ၅၀ တန်နောက်ခံအစွန်လူတစ်ဦးရရှိလိုက်တယ်လို့တောင်ပြောနိုင်ပါတယ်။  ဆာလီဘာအနေနဲ့လဲ  ဟန်ချက်မညီတဲ့  OG တစ်လုံးပေးခဲ့ရပေမယ့် တစ်ပွဲလုံးစွမ်းဆောင်ရည်ဟာ ထိပ်တန်းအဆင့်မှာရှိပါတယ်။

ကစားပုံအရဆိုရင်  အာဆင်နယ်တို့ဟာ   တန်ပြန်တိုက်စစ်ဆင်ဖို့ ခံစစ်ရှင်ပြင်ထားတဲ့ လက်စတာကို  ဖရိုဖရဲဖြစ်ဖို့အတွက်  တွဲလုံးတွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။ ဒီနေရာမှာ အဓိကကျခဲ့တာက ဇင်ချန်ကိုဖြစ်ပြီး သူ့ရဲ့  Diagonal Run တွေဟာ မာတင်နယ်လီအတွက်ရော ကျန်ကစားသမားများအတွက်ပါ အထောက်အကူပြုခဲ့ပါတယ်။  ဒါကြောင့် လက်စတာတို့ရဲ့တိုက်စစ်တွေဟာ မည်ကာမတ္တ အဆင့်နဲ့သာပြီးဆုံးနေခဲ့ပြီး အာဆင်နယ်ကသာ ပွဲကိုထိမ်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပါတေးကတော့ ကောင်းနေဆဲဖြစ်ပြီး  သူ့ရဲ့ အဖျက်နဲ့ စိတ်ကူးစိတ်သန်းကောင်းတဲ့ ပေးပို့ပုံတွေဟာ ပြိုင်ဖက်အသင်းအတွက် အငိုက်မိစေပါတယ်။ ဒီအကျိုးဆက်တွေဟာ ဂရန်းနစ်ရှာခါကို ပါ ခြေစွမ်းပိုပြနိုင်စေပြီး တိုက်စစ်ကိုများစွာလိုက်ပါနိုင်စေပါတယ်။ လက်စတာကို ပိုမိုထိမ်းချုပ်နိုင်စေဖို့ရော ၊ ဂိုးသွင်းနိုင်မှုအရပါ ရှာခါဟာ ကစားကွက်မှာ နေရာများစွာပါဝင်နိုင်ခဲ့ပါတယ်။

ပထမဆုံးဂိုးမှာ  ဘယ်ခြမ်း Side Line ကစလို့ ခန့်မှန်းရခက်တဲ့  Short Pass တွေနဲ့ထိုးဖောက်ရာကနေ  ဂျေးဆူရဲ့ တည်ငြိမ်တဲ့ သွင်းယူမှုနဲ့အဆုံးသတ်ခဲ့ခြင်းဟာ တကယ့်ကို ထိပ်တန်းဖြစ်ခဲ့ပါတယ်။ အပြင်းကန်တာမျိုးမဟုတ်ခဲ့ပဲ  ဂိုသမားမမှီလောက်တဲ့နေရာကို မ ကန်သွားတာဟာ ဒီဂိုးရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒုတိယဂိုးကတော့  သူဟာ စစ်မှန်တဲ့ နံပါတ်ကိုးဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ ဂျေးဆူဟာ ဘောလုံးကျမယ့်နေရာတိုင်းကို ကြိုရောက်နေမယ့်ပုံရှိပါတယ်။

Advertisements

လက်စတာတို့အနေနဲ့လည်း  ထိုးဖောက်မှုတွေလုပ်ခဲ့ပေမယ့် အရင်အာဆင်နယ်မဟုတ်တော့တဲ့အတွက် သူတို့ရဲ့အားထုတ်မှုတွေက အရာမထင်ခဲ့ပါဘူး။  ပေးလိုက်ရတဲ့ ဒုတိယခြေပဂိုးဟာ မက်ဒီဆင်ရဲ့ ကန်သွင်းချက်ကောင်းပေမယ့် ရမ်းစ်ဒေးရဲ့ အားနဲချက်ပါတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ယခုပွဲအားနဲချက်ကတော့ ရမ်စ်ဒေးလ်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ အခုထက်ပိုပြီးလေးနက်တဲ့ ကစားဟန်နဲ့ စိတ်ထားကိုလေ့ကျင့်ယူရမှာဖြစ်ပါတယ်။

မာတင်နယ်လီဟာ ဒီပွဲမှာ သိသာစွာကောင်းမွန်နေခဲ့သလို  ရင့်ကျက်မှုကိုပါ စတင်ပြသနေပြီဖြစ်ပါတယ်။ ၃-၂ ဖြစ်လို့ ပရိတ်သတ်တွေစိတ်ပူခဲ့ရပေမယ့် ဂျေးဆူချပေးတဲ့ဘောလုံးကို လက်စတာနောက်တန်းက  Overlap Player ဆီအာရုံရောက်နေချိန်မှာ အကောင်းဆုံးကန်သွင်းအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းဖက်က ဒါကာ ၊ မက်ဒီဆင် ၊ အီဟီယန်နာချိုတို့ကလည်း မိန်စ် ၇၀ ဝန်းကျင်လောက်မှာတင်ကစားခဲ့ပြီး အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် ၊ ဂန်နားလူငယ်တွေက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးဝင်လာတဲ့ စမစ်ရိုးနဲ့  အန်ကတ်တီးယားတို့ကလည်း သင့်တော်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပြီး ၊ တိုက်စစ်မှုးငယ်လေး အန်ကတ်တီးယားဟာ ပွဲချိန်များများကစားရရင် သူလည်းပဲ ဂိုးမြူးမယ့်သူဖြစ်လာနိုင်ကြောင်းသတင်းပေးသွားခဲ့ပါတယ်။

အနှစ်ချုပ်သုံးသပ်ရမယ်ဆိုရင်တော့  အသင်းဟာ အဖက်ဖက်က တက်ရိပ်ပြနေပြီး ၊ သေသပ်တဲ့စနစ်တစ်ခုကိုပါ ယူဆောင်လာနိုင်ပြီဆိုတာကို ခိုင်ခိုင်မာမာ ပြောလို့ရနေပြီဖြစ်ပါတယ်။ ဂျေးဆူသာ ကံမခေခဲ့ရင်သေချာပေါက် ဟက်ထရစ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာ ဧရိယာထဲထိဆွဲဝင်နိုင်တဲ့ကစားသမားတွေများပြားနေပြီဖြစ်သလို ၊ ချိတ်ဆက်ကစားပုံကလဲ အသားကျစပြုပြီမို့  ဒီရာသီအာဆင်နယ်ဟာ Higher Level ရောက်ဖို့ ခြေလှမ်းစခဲ့တာကတော့ သေချာပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: