ယနေ့မှာ အာဆင်နယ်ဟာ လက်စတာကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ဂန်းနားတွေဟာ မြေခွေးတွေကို ပြီးခဲ့ရတဲ့ရာသီမှာ နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့ပါတယ်။လက်ရှိရာသီရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာလည်း အာဆင်နယ်ဟာ ရလဒ်ကောင်းဖို့များနေပါတယ်။ ဒီပွဲစဉ်မတိုင်မီ သတင်စားရှင်းလင်းပွဲမှာ အာတီတာနဲ့ မီဒီယာတွေရဲ့ အမေးအဖြေ အချို့ကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။
ကစားသမားတွေရဲ့ လေ့ကျင့်နေမှု အခြေအနေ
“အရမ်းကောင်းပါတယ်။ကောင်လေးတွေသာ အံ့ဩဖို့ကောင်းအောင် ကောင်းကောင်းလေ့ကျင့်နေခဲ့တာပါ။ ရာသီဥတုအခြေအနေကလည်း ကျွန်တော်တို့ကို အများကြီး ကူညီခဲ့ပါတယ်၊ ကစားသမား အချို့ကလည်း အသင်းက ထွက်ခွာသွားခဲ့တာကြောင့် အတော်လေး အလုပ်ရှုပ်ခဲ့တဲ့ သီတင်းပတ်တစ်ခုပါပဲ။လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးပြီး အားလုံး အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ပါတယ်”
တိုမီယာဆု၊ဗီအဲရာ၊စမစ်ရိုတို့ရဲ့ အခြေအနေ
“သူတို့အားလုံး ဒီသီတင်းပတ်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။သူတို့ရဲ ဒဏ်ရာအခြေအနေတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ဒါပေမယ့် အချို့ကတော့ မနက်ဖြန်လူစာရင်းမှာ ပါလာပါလိမ့်မယ်”
တီယာနေးရဲ့ ကြံ့ခိုင်မှု အခြေအနေ
“ပြီးခဲ့တဲ့ သီတင်းပတ်က သူ ၁၅မိနစ်၊မိနစ် ၂၀လောက် ကစားနိုင်ခဲ့ပြီး ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ဒူးဒဏ်ရာကြောင့် သူနားနေခဲ့ရတာ ကြာပါပြီ၊ ဒါပေမယ့် သူ့ကြည့်ရတာ အာလုံးအဆင်ပြေတဲ့ပုံပါပဲ”
နယ်လ်ဆင်ရဲ့ ဒဏ်ရာအခြေအနေ
“လေ့ကျင့်ခန်းဆင်းနေရင်း သူ တစ်ခုခုခံစားခဲ့ရတယ်။စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ဆရာ၀န်တွေက သတင်းဆိုးအချို့နဲ့အတူ ရောက်လာခဲ့ပါတယ်။ကြွက်သားဒဏ်ရာတစ်ခုဖြစ်ပြီး မကြာခင် သူပြန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်”
အသင်းရဲ့ လက်ရှိ culture နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေလား
“ဒီနေရာမှာ ဒီလူတွေနဲ့ အသင်းမှာရှိတဲ့ ပရော်ဖက်ရှင်နယ်တွေ အတူရှိရတာ၊ ကျွန်တော်တို့ တည်ဆောက်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး တကယ်ပဲ ပျော်ရွှင်ပါတယ်။ဒီအရာတွေကြောင့် ဒီထက်ပိုပြီး ကျွန်တော် ပျော်ရွှင်ရဦးမှာပါ”
တီယာနေးလ် မန်စီးတီးကို ထွက်ခွာမလားဆိုတဲ့ သတင်းတွေ ကြားမိသလား
“မကြားမိပါဘူး။ ဒီလို သီးခြားကိစ္စတွေကို ကျွန်တော် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး”
အူဘာမီယန်းကို ကပ္ပတိန်ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် နောင်တရနေလား
“ဒါတွေ ဖြစ်ခဲ့တာ ကြာပါပြီ။ အမြဲတမ်း ချေးခြောက်ရေနူးနေလို့မရပါဘူး၊ ရှေ့ဆက်သွားရမယ့် အရာတွေ ရှိပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့ အယူအဆနဲ့ ပတ်သက်ပြီး လုံး၀ရှင်းရှင်းလင်းလင်း၊ ရိုးရိုးသားသားပါပဲ။ ဒီလို ဆုံးဖြတ်ချက်ကို ချခဲ့တာလည်း အသင်းကို ကာကွယ်ဖို့ နဲ့ တတ်နိုင်သလောက် အတည်ငြိမ်ဆုံးနေရာတစ်ခုမှာ ရှိနေစေဖို့ပါ”
ပူပြင်းမယ့် ရာသီဥတုနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိနေလား
“ဒါဟာ ကစားပွဲတစ်ခုရဲ့ (ဖြစ်တတ်တဲ့) အခြေအနေတွေနဲ့ ဆက်စပ်စဉ်းစားစရာတွေပါ။ ဒါတွေနဲ့ ကျွန်တော်တို့ လိုက်လျောညီထွေ ဖြစ်ရပါမယ်။ ကျွန်တော်တို့မှာ ရေသောက်ဖို့ နားချိန်ရှိမှာ ဖြစ်ပြီး ကစားသမားတွေကို တတ်နိုင်သလောက် အကောင်းဆုံးအခြေအနေမှာ ရှိစေဖိုါ အခွင့်အရေးရှိပါတယ်။ကျွန်တော်တို့ကစားချင်တဲ့ ကစားနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်”