နောက်ဆုံးရ အာဆင်နယ် သတင်းများ (13Aug)

အာဆင်နယ်အနိုင်ရမယ်လို့  ဘာကြောင့် ဆပ်တန်က ခန့်မှန်းသလဲ

ပရီးမီးယားလိဂ်ကစားသမားဟောင်း ခရစ္စဆပ်တန်က ယခုအပတ်ကစားမယ့် ပွဲစဥ်မှာ အာဆင်နယ်အသင်းက လက်စတာအသင်းကို ၂ – ၁ နဲ့အနိုင်ရမယ်လို့ BBC ရဲ့ အစီအစဥ်မှတဆင့် ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဆပ်တန်က  လက်စတာအနေနဲ့ ကစားသမားကောင်းတွေရှိပေမယ့် အင်အားဖြည့်တင်းမှုမှာ အားနဲကြောင်း ၊ နည်းပြရော်ဂျာကလည်း အသင်းကိုအားရသေးပုံမပေါ်ကြောင်း ၊ ပြီးခဲ့တဲ့အပတ်ကလည်း ရုန်းကန်ခဲ့ရကြောင်း သုံးသပ်ပြီး  ဂျေးဆူကိုလည်းနှစ်သက်ကြောင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းကောင်းဆက်လက်ပြသနေဆဲ မာကွင်ဟို့စ်

အာဆင်နယ်လူငယ်အသင်းဟာ  ဝက်စ်ဟမ်းလူငယ်အသင်းကို အဝေးကွင်းမှာ ၃-၂ နဲ့ဆက်လက်အနိုင်ရခဲ့ပြီး မှတ်တမ်းကောင်းကို သယ်ဆောင်ထားနိုင်ပါတယ်။ ထိုပွဲမှာ  ယခုရာသီမှ ခေါ်ယူထားတဲ့ မာကွင်ဟို့စ်က  ၂ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မာကွင်ဟို့စ်ဟာ မကြာခင် အငှားထွက်ကစားဖို့ရှိနေကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။

Advertisements

သူ့ကိုစောင့်ကြည့်ဖို့ ပရိတ်သတ်တွေကို တောင်းဆိုလာတဲ့ နော်တန်ကူဖီ

မကြာသေးခင်ကမှ စာချုပ်သစ်ချုပ်ဆိုခဲ့တောင် တောင်ပံခံစစ်သမားလေး နော်တန်ကူဖီက ပရိတ်သတ်တွေကို “ ဒီရာသီကို စောင့်ကြည့်ပေးပါဦး “ လို့ သတင်းစကားပါးခဲ့ပါတယ်။ ကူဖီဟာ စီနီယာကစားသမားဘဝ ပွဲ ၂၀ မပြည့်ခင်မှာပဲ ပရိတ်သတ်တွေရဲ့နှစ်သက်ခြင်းကိုရရှိခဲ့သူဖြစ်ပြီး ၊ အငှားသွားကစားခဲ့တဲ့ လင်ကွန်းစီးတီးဖက်က နည်းပြဖြစ်သူကလည်း  တချိန်မှာ အာဆင်နယ်ရဲ့ ပထမကစားသမားဖြစ်လာမယ့်သူလို့ ထုတ်ဖော်ချီးကျူးခံထားရသူဖြစ်ပါတယ်။

ဘလွန်းဒီအော်စာရင်းမှာ ပါဝင်လာတဲ့ ဆာကာ

ဂန်းနားလူငယ်လေးဆာကာဟာ  Balloon D Or လူငယ်ကစားသမား ဆန်ကာတင် ၁၀ ဦးစာရင်းမှာပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဆာကာဟာ အဆိုပါစာရင်းမှာ  ဘာစီလိုနာရဲ့ ဂါဘီ ၊  ဒေါ့မွန်ရဲ့ ဘယ်လင်ဂမ်တို့နဲ့အတူပါဖော်ပြခံရတာဖြစ်ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့နှစ် Golden Boy ဆုပေးပွဲတုန်းကလဲ ဆန်ကာတင်ဝင်ခဲ့ပြီး ၊ ဆုမရပေမယ့်ရင်ထဲမှာရှိနေတဲ့သူ ဖြစ်ကြောင်း ဂန္တဝင်အများစုက ဝိုင်းဝန်းချီးကျူးခံခဲ့ရသူဖြစ်ပါတယ်။

ပင်နိုကို ကမ်းလှမ်းလာရင် လက်လွှတ်သွားမယ်လို့  အူနိုင်းပြောဆို

ဗီလာရီးရဲနည်းပြအူနိုင်အမ်မရီဟာ ကမ်းလှမ်းမှုတစ်ခုခုရောက်လာခဲ့ပါက  ပင်နိုကို လက်လွှတ်သွားရမှာဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။  ပင်နို်ကို ဂန်းနားနဲ့ လီဗာပူးတို့က အပြိုင်ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ သိရပြီး ၊ ဂန်းနားတို့ကအလေးသာနေတယ်လို့ ပြောဆိုနေကြပေမယ့်  သတင်းအတည်တကျထွက်လာဖို့ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း Football London က ဖော်ပြထားပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: