တိုက်စစ်ကို အင်အားထပ်ဖြည့်ဖို့ အာဆင်နယ်ကို အကြံပေးခဲ့တဲ့ ပေါလ်မာဆင်

ဂန်းနားဟောင်းတစ်ဦးဖြစ်သူ ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ အသင်းရဲ့ တိုက်စစ်ကို ထပ်မံအင်အားဖြည့်တင်းဖို့ လိုအပ်သေးတယ်လို့ အကြံပေးလာခဲ့ပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်း၊လာကာဇက်တီတို့မရှိတော့တဲ့ တိုက်စစ်အင်အားစုကို အင်အားဖြည့်တင်းဖို့ ဂျေးဆု၊မာကွင်ဟိုတို့ကို ဒီနွေမှာ ခေါ်ယူထားခဲ့ပါတယ်။မာကွင်ဟိုကတော့ စီနီယာအသင်းကြီးမှာ ကစားဖို့ အဆင်သင့်မဖြစ်သေးပေမယ့် လူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

လက်ရှိ အသင်းရဲ့ တိုက်စစ်ကို ဆာကာ ၊မာတင်နယ်လီနဲ့ ဂျေးဆုဆိုတဲ့ attacking trio က ဦးဆောင်နေတာ ဖြစ်ပါတယ်။ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒီတိုက်စစ်အတွဲအဖက်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုးတွေရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

အသင်းရဲ့ လက်ရှိတိုက်စစ်အင်အားစုဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပေမယ့် ကစားသမားတစ်ယောက်သာ ဒဏ်ရာရသွားခဲ့ရင် အစားထိုးစရာ အရန်ကစားသမား အင်အားနည်းပါးနေပါတယ်။ဒီအခြေအနေကို ပေါလ်မာဆင်က စိတ်ပူနေပြီး ကစားသမားတစ်‌ယောက်သာ ဒဏ်ရာရသွားခဲ့ရင် အသင်းရဲ့ တိုက်စစ်ဟာ သွင်းဂိုးတွေရယူဖို့ ရုန်းကန်ရလိမ့်မယ်လို့ ဆိုပါတယ်။

Advertisements

အသင်းရဲ့ ရှေ့တန်းလေးယောက်ဟာ အ‌တော်လေး ထက်ထက်မြက်မြက် တက်တက်ကြွကြွရှိပါတယ်။“(ဆာကာ၊မာတင်နယ်လီ၊အန်ကက်တီးယား၊ဂျေးဆု)

သူတို့ကြားမှာ နားလည်မှုအကုန်ရထားသလိုပါပဲ၊ သူတို့အားလုံးသာ ကြံ့ခိုင်မှု ပြည့်၀နေမယ်ဆိုရင် အာဆင်နယ်ဟာ တကယ်ကောင်းတဲ့ ဘောလုံးရာသီတစ်ခုပိုင်ဆိုင်ရမှာပါ။တကယ်လို့ သူတို့ထဲက တစ်‌ယောက်သာ ဒဏ်ရာရသွားခဲ့ရင်တော့ အာဆင်နယ်ဟာ ဒုက္ခရောက်ပြီလို့ ပေါလ်မာဆင်က ရေးထားခဲ့ပါတယ်။

ပရီးမီးယားလိဂ်လို ရေရှည်ပြေးပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုမှယ

အသင်းရဲ့ ကစားသမားအင်အားတောင့်တင်းမှုဟာ အတော်လေးပဲ အရေးကြီးပါတယ်။အရန်ကစားသမားအင်အား လုံလုံလောက်လောက်ရှိမှာသာ ပွဲစဉ်တိုင်းကို တောင့်တင်းတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ဈေးကွက်မှာ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ကွင်းလယ်ကလည်း ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပြီး နွေရာသီ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီမှာ အာဆင်နယ်ဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ချေတော့ ရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: