ဆာလီဘာတစ်ယောက် ပထမကစားသမားဖြစ်လာနိုင်သလား

ဆာလီဘာရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်၊ အာဆင်နယ်အတွက် ပထမဆုံး ပွဲဦးထွက်ဟာ အတော်လေး လှပခဲ့ပါတယ်။အသင်းဟာ အဝေးကွင်းမှာ ပေးဂိုးမရှိပဲ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သလို ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာလည်း ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ပြင်သစ်လိဂ်မှာ မာဆေးလ်နဲ့အတူ တောက်ပခဲ့တဲ့ ဆာလီဘာဟာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း Man Of the Match ရတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေကတော့ ဆာလီဘာရဲ့ ခြေစွမ်းကို အထူးပဲ ချီးကျူးနေကြပါတယ်။ ဒီလို ချီးကျူးခဲ့ကြတဲ့သူတွေထဲမှာ အာဆင်နယ်အသင်းရဲ့ ကပ္ပတိန်ဟောင်း ဝီလီယံဂါးလက်စ်လည်း ပါ၀င်လာခဲ့ပါတယ်။ ဂါးလက်စ်က ဆာလီဘာကြောင့် သူဟာ မန်ယူအသင်းရဲ့ ဂန္တ၀င်နောက်ခံလူ ရီယိုဖာဒီနန်ကို အမှတ်ရမိတယ်လို့ ဆိုပါတယ်။

ဆာလီဘာဟာ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။သူကစားတာကို မြင်တော့ ကျွန်တော် ရင်ဆိုင်ခဲ့ရဖူးတဲ့ ကစားသမားတစ်ယောက်ကို အမှတ်ရမိပါတယ်။ အဲ့ဒီကစားသမားကတော့ ရီယိုဖာဒီနန်ပါ

ဆာလီဘာကစားပုံနဲ့ ဖာဒီနန်ငယ်ငယ်တုန်းက ကစားတဲ့ ပုံကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့မှာ တူညီတဲ့ ကစားဟန် ရှိတာကို တွေ့ရမှာပါ

ဆာလီဘာဟာ ဖာဒီနန်လို ကစားသမားဖြစ်လာမယ်လို့ ပြောတာမဟုတ်ပါဘူး။ဒါပေမယ့် ဒီလို ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ့မှာ ဖာဒီနန်နဲ့တူတဲ့ ကစားဟန်ပဲ ရှိပါသေးတယ်။ဆာလီဘာဟာ လူတွေ အများကြီးကို အံ့အားသင့်စေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။သူဟာ အရမ်းငယ်ပါသေးတယ်၊အများကြီးတိုးတက်လာဖို့ ရှိပါသေးတယ်။သူ ပိုကောင်စလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လို့ ဂါးလက်စ်ကဆိုပါတယ်။

Advertisements

အသင်းတွေမှာ ဒဏ်ရာရ ပွဲပယ်တွေကြောင့် ကစားပုံပြောင်းကစားရင်း အဆင်ပြေတာကြောင့် အတည်ဖြစ်သွားတဲ့သာဓက တွေများစွာရှိကြပါတယ်။ ဘန်ဝှိုက်ဟာ ဉာဏ်ရည်မြင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် အစွန်မှာထွက်ပြီးကစားတော့လည်း အံဝင်နေဆဲဖြစ်ပါတယ်။ ဒါဟာ အာတီတာအတွက် အစွန်ခံစစ်ပြဿနာတက်နေချိန်မှာ ရ​ရှိလာတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ သို့သော် တိုမီယာစုပြန်ကောင်းလာချိန်ရောက်တဲ့အခါ ဘယ်လိုဘယ်ပုံဆက်ပြီး စခန်းသွားမလဲကလည်း မေးခွန်းဖြစ်ပါတယ်။ ဒါဟာ ကောင်းသောကြပ်တည်းခြင်းပဲဖြစ်ပါတယ်။ တဆက်ထဲမှာ တိုမီယာစုနေရာပျောက်ပြီး ဆာလီဘာ ၊ ဂါဘီအထိုင်ဖြစ်မလားဆိုတာကလည်း စဥ်းစားစရာဖြစ်ပါတယ်။

ပွဲစဉ်တစ်ပွဲတည်းနဲ့ ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းကို ဆုံးဖြတ်လို့ မရဘူးဆိုပေမယ့် ဆလီဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မာဆေးလ်မှာကတည်းက သူ့မှာ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ယောက်ဖြစ်လာနိုင်မယ့် အလားအလာတွေ ရှိတယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ ဒီနှစ်မှာလည်း အသက်၂၁အရွယ်နောက်ခံလူဟာ အာဆင်နယ်နဲ့အတူ အကောင်းဆုံး တောက်ပပြဦးမယ်လို့ ယုံကြည်ရပါတယ်။

မော်ဒန်ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်သလို ၊ အာတီတာအတွက်လည်း စိတ်ကြိုက်ဖြစ်စေတဲ့ ဆာလီဘာဟာအသင်းကို တိုးတက်စေမှာတော့အသေအချာဖြစ်ခဲ့ပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: