‘ရလဒ်အခရာ’ ကမ္ဘာက နှလုံးသားသမား

ဂရန်းနစ်ရှာကာက အသင်းရဲ့ ပရိသတ်တွေကို ကစားသမားတွေရဲ့ လေ့ကျင့်ခန်းဆင်းပုံကို ကြည့်ရှုခွင့်ပေးသင့်ကြောင်း၊ ဒါမှသာ အသင်းဟာ  ရလဒ်ကောင်းတွေရဖို့ ဘယ်လောက်ထိ အလုပ်ကြိုးစားနေလဲဆိုတာ ပရိသတ်တွေ သိလာလိမ့်မယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းမှာ ရှာခါကို ပရိတ်သတ်တွေချစ်နေကြပြန်ပါတယ်။ ပြဿနာရှာသူအဖြစ်ကနေ အသင်းကို နှလုံးသားနဲ့ချစ်သူအဖြစ် ပြောဆိုရေးသားမှုတွေက ဝေဝေဆာဆာရှိနေပြန်ပါတယ်။ သို့သော် ထိုအရာက ဘယ်လောက်အထိတည်မြဲနိုင်မှာလဲ?

အာဆင်နယ်ကပ္ပတိန်ဟောင်းကြီးဟာ ပရိသတ်တွေနဲ့ ပြဿနာ ဖြစ်ခဲ့ဖူးတာကြောင့် ကပ္ပတိန်လက်ပတ်ကို စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။ပရိသတ်တွေရဲ့ ဝေဖန်မှု ဒဏ်ကို ကောင်းကောင်းခံခဲ့ရတဲ့ ရှာကာဟာ ဒါကြောင့်ပဲ အသင်းကနေ ထွက်လုနီးပါးဖြစ်ခဲ့ပေမယ့် အာတီတာက သူ့ကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ နားချနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အာတီတာရဲ့ လက်အောက်မှာ တည်ဆောက်နေဆဲ အသင်းတစ်သင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီ အဆုံးသတ်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့  လွဲချော်ခဲ့ရတာကြောင့် ပရိသတ်တွေဟာ စိတ်ပျက်ခဲ့ရပါတယ်။

Advertisements

ဒီ‌နွေမှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲအတွက် ထပ်မံပြင်ဆင်နေပြီး ကစားသမားအင်အားဖြည့်တင်းမှုတွေလည်း ပြုလုပ်ထားခဲ့ပါတယ်။အသင်းရဲ့ ကစားသမားတွေဟာ ရလဒ်ကောင်းတွေအတွက် ပြင်းပြင်းထန်ထန်ကြိုးစားနေကြပေမယ့် အသိအမှတ်မပြုတဲ့ ပရိသတ်အချို့ကတော့ ရှိနေဆဲပါပဲ။

ဒါ့ကြောင့် ရှာကာက ကစားသမားတွေဟာ အလုပ်မကြိုးစားနေဘူးလို့ ဝေဖန်နေတဲ့သူတွေကို အသင်းရဲ့ လေ့ကျင့်ခန်း‌အစီအစဉ်တွေကို လာကြည့်သင့်တယါလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဥပမာဆိုရမယ်ဆိုရင်  ကျွန်တော်တို့ လေကျင့်ခန်းဆင်းနေတာ မတွေ့ တဲ့သူတွေဟာ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားနေလဲဆိုတာ မသိနိုင်ပါဘူး။သူတို့က ကျွန်တော်တို့ကို မိနစ်ကိုးဆယ်စာပဲ တွေ့တာပါ။လူတိုင်းမှာ ကောင်းတဲ့နေ့ရှိသလို ဆိုးတဲ့နေ့ဆိုတာလည်း ရှိပါတယ်

ဒါ့ကြောင့် အသင်းကို ကျွန်တော် ပြောလေ့ရှိပါတယ်ကျွန်တော်တို့ဘယ်လို လေ့ကျင့်ခန်းဆင်းတာလဲဆိုတာ တွေ့ရအောင် ပရိသတ်တွေကို တစ်ပတ်တစ်ခါလောက် ဘာလို့ မဖိတ်ခေါ်နိုင်ရမှာလဲပေါ့ လို့ ဆွစ်ဇာလန်ကွင်းလယ်လူကြီးက ဆိုပါတယ်။

Advertisements

ပရိသတ်တွေကတော့ အသင်းဆီကနေ အမြင့်မားဆုံး ပေးဆပ်မှုကိုပဲ မျှော်လင့်ကြမှာပါ။ သူတို့ ချစ်တဲ့ အသင်း ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ရတံ့အခါ နည်းပြနဲ့ ကစားသမားတွေဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံရမှာပါ။ တစ်ခါတစ်လေကျတော့လည်း ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ ကြိုးစားမှုကို အသိအမှတ်မပြုမိတာမျိုးလည်း ရှိနိုင်တာကိုတော့ ၀န်ခံရမှာပါပဲ။ တဖက်ကလည်းပဲ ရလဒ်သာလျှင် မျက်နှာစာဖြစ်တယ်ဆိုတာကလည်းအရှိတရားဖြစ်ပါတယ်။  ဂရန်းနစ်ရဲ့ နှလုံးသားကို ကျွန်တော်တို့တတွေအခုလက်ရှိ ပျော်ရွှင်နေတာကလည်း တက်ရိပ်ပြနေတဲ့အသင်းကြောင့်သာဖြစ်ပါတယ်။ ဆိုးရွားနေတဲ့အချိန်သာဆိုရင် သူ့ရဲ့ ချစ်မြတ်နိုးမှုဟာ ချောင်တနေရာမှာ ကပ်နေဦးမှာပါပဲ။

ရှာခါကတော့ အစောပိုင်းကာလက ကိစ္စတွေကို ပြန်ပြောင်းပြောပြလာပြန်ပါတယ်။

“ ကျွန်တော်ဒီမှာဆက်ရှိနေတာ အာတီတာကြောင့်ဗျ  .. တကယ်ပြောတာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက​ဒီကနေ ထွက်ဖို့ အထုတ်ပြင်ပြီးနေပြီ ..  အဲ့ဒီအချိန်မှာ သူနဲ့ကျွန်တော်တို့ စကားပြောကြတယ် .. ကျွန်တော့်အမြင်ကို သူနားထောင်တယ် .. ပြီးတော့  ဘာပြောလိုက်တယ်ဆိုတာကို ခုထိမှတ်မိနေတုန်းပါ   – ဒီကိစ္စက ခင်ဗျားနဲ့ဘာမှသိပ်ဆိုင်လှတာမဟုတ်ဘူး –  လို့ကို ပြောချလို်က်တာပါ  “

ရှာခါက သူ့အနေနဲ့ အာတီတာကို လူခြင်းမဆုံးဖူးသလို နာမည်သာကြားဖူးသူတစ်ယောက်မျှသာဖြစ်ကြောင်း  ၊ ဒါပေမယ့် အာတီတာက အချိန်တခုအတွင်းမှာ သူကို ပြောင်းလဲစေခဲ့ကြောင်း  ပြန်လည်ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ၂၁ ရာစုဘောလုံးကမ္ဘာမှာ အားလုံးဟာ ခြားရဟတ်လို နိမ့်ချည်မြင့်ချည်ပါပဲ။ ဂရန်းနစ်တစ်ယောက်ကတော့ တိမ်တွေစီးနေရတဲ့အခိုက်အတန့်မှာရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: