မီခေးလ်က အလုပ်ကောင်းကောင်းလုပ်နေတာပါ – ဟားဂရိဗ်စ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်းဖြစ်သူ အို၀င်ဟားဂရိဗ်စ်က အာဆင်နယ်အသင်း ပြုစုပျိုးထောင်နေတဲ့ လူငယ်ကစားသမားတွေကို ချီးကျူးသွားခဲ့ပြီး အာ‌ဆင်နယ်မှာ အကောင်းဆုံးလူငယ်ကစားသမားအချို့ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ဒါပေမယ့် လူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုတွေကြောင့် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး အဆုံးသတ်မှာတော့ ထိပ်သီးလေးသင်းစာရင်း၀င်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ 

ဆာကာဟာ အသင်းရဲ့  တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မာတင်နယ်လီ၊စမစ်ရိုး တို့ဟာလည်း အသင်းရဲ့ အရေးပါတဲ့ role တွေမှာ ကစားနေသူတွေ ဖြစ်ပါတယ်။ ဘာလိုဂန်၊ပါတီနို၊ မာကွင်ဟိုတို့လို စောင့်ကြည့်ရမယ့် လူငယ်ကစားသမားလေးတွေကိုလည်း အာဆင်နယ်ဟာ ပိုင်ဆိုင်ထားပြန်ပါတယ်။

Advertisements

ဟားဂရိဗ်စ်ဟာ အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ အာတီတာကို ချီးကျူးသွားခဲ့ပြီး အသင်းရဲ့ လူငယ်အရင်းအမြစ်အပေါ် အခုလို မှတ်ချက်ပေးလာခဲ့ပါတယ်။

မီခေးလ်အာတီတာဟာအလုပ်ကောင်းကောင်း လုပ်နေပြီး သူတို့မှာ ကောင်းမွန်တဲ့ အခြခံတစ်ခုလည်း ရှိပါတယ်။ပြီးခဲ့တဲ့ ရာသီ အရမ်းကိုအရေးကြီးတဲ့အခိုက်အတန့်တွေမှာ သူတို့တွေဟာ ပြိုလဲခဲ့ပါတယ်၊ ဒီလိုအချိန်တွေမှာ အတွေ့အကြုံရှိတဲ့၊ ဝါရင့်တဲ့ ကစားသမားတွေလိုပါတယ်။သူတို့မှာ ဒီလိုကစားသမားတွေ မရှိပါဘူး

ဒါပေမယ့် သူတို့မှာ အကောင်းဆုံးလူငယ်ကစားသမားအချို့ ရှိပါတယ်။အိုဒီဂတ်ဟာ  အရမ်းကောင်းတဲ့ ကစားသမားပါ။မာတင်နယ်လီကတော့ လေလိုပဲ လတ်ဆတ်မြန်ဆန်နေတာပါ။ဆာကာက အံ့အားသင့်ဖို့ကောင်းတဲ့ သူပါပဲ။ စမစ်ရိုဝီကလည်း မိုက်ပါတယ်။ ဂျေးဆုကလည်း class player တစ်ယောက်ပုံစံပါပဲ။ ဆလီဘာက‌တော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ အကောင်း‌ဆုံးကစားသမားဆုရခဲ့ပါတယ်

သူတို့ဟာ အရမ်းကောင်းတဲ့ လူငယ်ကစားသမားတွေ ရထားပါတယ်။ အာဆင်နယ်တည်ဆောက်နေတဲ့ အရာကို ကျွန်တော် သဘောကျပါတယ်လို့ မန်ချက်စတာ ကွင်းလယ်လူဟောင်းက ဆိုပါတယ်။

အာဆင်နယ်အသင်းအပေါ်ကို မှတ်ချက်ပေးလေ့ရှိတဲ့ မန်ယူကစားသမားများအနက် အပြုသဘောဆောင်မှုတွေဟာ ရှားပါးလေ့ရှိပြီး ဟားဂရိဗ်ရဲ့ စကားကလည်း ရှားပါးတဲ့အထဲက တစ်ခုလို့ ဆိုနိုင်တဲ့အခြေအနေပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: