နောက်ဆုံးရ အာဆင်နယ်သတင်းများ (11Aug)

လိုကွန်ဂါကို အေစီမီလန်စောင့်ကြည့်နေ

အာဆင်နယ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါ ကို အေစီမီလန်အသင်းရဲ့ ဒါရိုက်တာ  မာဒီနီက စောင့်ကြည့်နေတယ်လို့  Calciomercato အပါအဝင် အီတလီသတင်းများက ရေးသားဖော်ပြနေကြပါတယ်။  သို့သော် တရားဝင်ကမ်းလှမ်းမှုအပါအဝင် မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ရခြင်းမရှိသေးဘူးလို့လည်း ဖော်ပြနေကြပါတယ်။

ဘန်ဝှိုက်က သန်း ၅၀ မတန်ဘူးလို့ အဘွန်လဟော် ဝေဖန်

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဘန်ဝှိုက်ဟာ သန်း၅၀ မတန်ကြောင်း  ဘောလုံးဝေဖန်သူ ကစားသမားဟောင်း အဘွန်လဟော်က  ဝေဖန်လာပါတယ်။

“ ကျွန်တော်သာ ဘန်ဝှိုက်ဆိုရင် တကယ်ပဲ လေးလေးနက်နက်တွေးနေရတော့မှာပါ … –  ဂါဘရီယယ်နဲ့ ဆာလီဘာသာ ကြံ့ခိုင်နေရင် ငါတော့ ဗဟိုနောက်ခံမှာ ကစားရတော့မှာ မဟုတ်ဘူး – ဆိုတဲ့အတွေးပါပဲ .. အရင်ကလဲ ကျွန်တော်ပြောခဲ့ပြီးသားပါ .. ဘန်ဝှိုက်က သန်း ၅၀ မတန်ပါဘူး “  ဆိုပြီး ဝေဖန်လာတာဖြစ်ပါတယ်။ 

ကတ်ဆိုင်းကို ခေါ်ယူသင့်တယ်လို့  Mirror ထောက်ပြ

ဘာစီလိုနာအသင်းဟာ အခြေအနေအရပ်ရပ်ကြောင့် ကတ်ဆိုင်း နဲ့ ခရစ္စတန်ဆန်တို့ကို ပြန်လည်လက်လွတ်ရဖွယ်ရှိနေတယ်လို့ ESPN သတင်းဌာနက ဖော်ပြအပြီးမှာ အဆိုပါသတင်းကို ကိုးကားပြီး ကတ်ဆိုင်းကို ဂန်းနားတို့က ကြိုးစားလာဖွယ်ရှိတယ်လို့  The Mirror က ဖော်ပြလာပါတယ်။  ဂန်းနားတို့ဟာ သူတို့ရဲ့ကွင်းလယ်လိုအပ်ချက်အတွက်  ကတ်ဆိုင်းရဲ ကစားဖော်ဟောင်း တိုနာလီကို ကမ်းလှမ်းနေတယ်လို့လဲ သတင်းများထွက်ပေါ်နေပါသေးတယ်။

Advertisements

ပေါလ်မာဆင်ထောက်ပြခဲ့တဲ့ အာဆင်နယ်တိုက်စစ်ပိုင်း စိန်ခေါ်မှု

အာဆင်နယ်ဂန္တဝင် ပေါ်လ်မာဆင်က ဂန်းနားတိုက်စစ်ကို ချီးကျူးပြီးနောက် စိုးရိမ်ဖွယ်အခြေအနေတရပ်ရှိနေကြောင်းကိုလဲ တပါထဲပြောဆိုသွားခဲ့ပါတယ်။

“ အာဆင်နယ်ရဲ့တိုက်စစ် လေးယောက် (ဗဟိုနှစ်ဦးနဲ့တောင်ပံ) ဟာ ကြံ့ခိုင်မှုသာပြည့်နေမယ်ဆိုရင် တကယ်ကို အားရစရာကောင်းပါတယ် .. သူတို့နဲ့သာဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ရမှာ သေချာပါတယ်  .. ဒါပေမယ့် တစ်ယောက်ယောက် ဒဏ်ရာ ရသွားခဲ့ရင်တော့အသင်းက အခက်အခဲရှိနိုင်ပါတယ် “   လို့ Sportskeeda အတွက်ရေးသားတဲ့ဆောင်းပါးမှာ ထည့်သွင်းသုံးသပ်သွားခဲ့ပါတယ်။

ဆာလီဘာနဲ့ အာဆင်နယ် ရေရှည်သွားမယ်လို့ ဂန္တဝင်ကြီးယုံကြည်

လိဒ်အသင်းကစားသမားဟောင်းကြီး နိုဝယ် ဝီလန်ကတော့ အာဆင်နယ်ဟာ ဆလီလာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စတင် အလုပ်လုပ်နေပြီလို့ ယုံကြည်တဲ့အကြောင်း Football Insider ကို ပြောပြလာခဲ့ပါတယ်။

စားပွဲပေါ်မှာ စာချုပ်သစ်တစ်ခုရှိနေပြီဆိုတာ သံသယ၀င်စရာ နည်းနည်းလေးတောင် မရှိပါဘူး။ကျွန်တော် ဒါကို ၁၀၀ရာခိုင်နှုန်းသေချာပါတယ်  ..  ကျွန်တော်တို့ ပြောနေတဲ့အတိုင်း အလုပ်ဖြစ်သွားပါလိမ့်မယ်။အာတီတာဟာ ဆလီဘာရဲ့ ရာသီအစ‌ခြေစွမ်းကို အရမ်းသဘောကျနေပါတယ်လို့ ဝီလန်က ဆိုပါတယ်။

မနှစ်က မာဆေးလ်မှာ အငှားထွက်ကစားခဲ့စဉ်ကတည်းက ဆလီဘာဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာ ဖြစ်ပြီးလိဂ်ရဲ့ အကောင်းဆုံးလူငယ်ဆု၊ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့တဲ့ ဆလီဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: