နိုက်စ်ကို မပြောင်းခင် အာဆင်နယ်အသင်းတုန်းက မိတ်ဆွေတွေနဲ့တိုင်ပင်ခဲ့ပါတယ် – ရမ်ဆေး

ဂန်းနားဟောင်းရမ်ဆေးဟာ ပြင်သစ်လိဂ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် စာမျက်နှာတွေထက်မှာနေရာယူခဲ့ပါတယ်။ ထို့အတူ အာရွန်ရမ်ဆေးက သူ နိုက်စ်ကို မပြောင်းရွှေ့မီ အာဆင်နယ်အသင်းဖော်ဟောင်းအချို့နဲ့ စကားပြောဖြစ်တဲ့ အကြောင်းကို လည်းပြောပြလာပါတယ်။ ရမ်ဆေးဟာ ဂျူဗင်တပ်နဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ပြီးနောက် လိဂ်၀မ်းကလပ် နိုက်စ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉မှာ ရမ်ဆေးဟာ ဂျူဗင်တပ်က‌နေ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် သူ့ကို စိတ်၀င်စားခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အီတလီမြေကို စွန့်ခွာပြီးတဲ့နောက် ရမ်ဆေးလ်ဟာ ပြင်သစ်မြေကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရမ်ဆေးဟာ သူပြင်သစ်မြေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ပြောပြလာခဲ့ပြီး အာဆင်နယ်အသင်းဖော်ဟောင်းတွေက သူ့ကို ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့  ကူညီခဲ့တယ်လို့ ဆိုပါတယ်။

Advertisements

ကျွန်တော် အာဆင်နယ်မှာရှိတုန်းက ခင်ခဲ့တဲ့ ကစားဖော်အများအပြားနဲ့ စကားပြောခဲ့ပါတယ်

ပြင်သစ်လိဂ်မှာ အတွေ့အကြုံရှိခဲ့တဲ့ ပြင်သစ်ကစားသမားအများအပြားနဲ့ ကျွန်တော် တွဲကစားခဲ့ပါတယ်။ဒါ့ကြောင့် နောက်ဆုံး သီတင်းပတ်အချို့မှာ ကျွန်တော် သူတို့ကို စကားအများကြီး ပြောခဲ့ပါတယ်

“ဒီလိဂ်အကြောင်းကို သူတို့ ကျွန်တော့်ကို အများကြီး ပြောပြခဲ့ပါတယ်၊ ဒီလိဂ်က ဘယ်လောက်ကောင်းတယ်၊ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာပေါ့။အသင်းရဲ့ သမိုင်းကြောင်းကိုလည်း သူတို့ဟာ ကျွန်တော့်ကို အများကြီးပြောပြခဲ့ပြီး ကျွန်တော့်ကို အတော်လေး စိတ်၀င်စားစေခဲ့ပါတယ်” လို့ ရမ်ဆေးက ပြောပြလာခဲ့တာပါ။

ဂန်းနားပရိတ်သတ်တွေရဲ့ရင်ထဲမှရှိနေသေးတဲ့  ရမ်ဆေးတစ်ယောက် အသင်းသားကစားဖော်ဟောင်းတွေနဲ့ အခုထိဆက်ဆံရေးမပြတ်သေးတာကလည်း ကြည်နူးစရာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်အဖွင့်လဲလှခဲ့ပြီမို့ အီတလီခရီးထက်တော့ ပိုအဆင်ပြေမယ်ထင်ရတာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: