အာဆင်နယ်အနေနဲ့ ဒီယာဘီကို ခေါ်ယူဖို့လွယ်ကူမှာမဟုတ်ဘူးလို့ဆိုတဲ့ ရိုမန်နို

အာဆင်နယ်ဟာ မူဆာဒီယာဘီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းအပေါ် ဖာဘရီဇီယို ရိုမန်နိုက အတည်ပြုပေးလာခဲ့ပါတယ်။ ဒါပေမယ့်  လေဗာကူဆင်ဟာ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် အာဆင်နယ်အနေနဲ့ ဒီယာဘီကို ခေါ်ယူဖို့ ခက်ခက်ခဲခဲကြိုးစားရမှာ ဖြစ်တယ်လို့လည်း အီတလီဂျာနယ်လစ်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတွေမှာကတည်းက အာဆင်နယ်ဟာ ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ ဒီယာဘီဟာ လိဂ်ပွဲ၃၂ပွဲကစားပြီး ၁၃ဂိုးသွင်း၊၁၂ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါ့ကြောင့် ဒီနွေမှာ အာဆင်နယ်ဟာ ဒီယာဘီကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း လေဗာကူဆင်ဟာ သူတို့ရဲ့ အရေးပါတဲ့ ကစားသမားကို ဒီနွေမှာ ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အာဆင်နယ်အနေနဲ့ လေဗာကူဆင်နဲ့ သဘောတူညီမှုရဖို့ ခက်ခဲလိမ့်မယ်လို့ ရိုမန်နိုက ဆိုပါတယ်။

 “မူဆာဒီယာဘီဟာ အီဒူးနဲ့ အာတီတာတို့ရဲ့ စာရင်းထဲမှာ ရှိနေခဲ့တာ ကြာပါပြီ လို့ ဖာဘရီဇီယိုက ဆိုပါတယ်။

ဒါပေမယ့် လေဗာကူဆင်ကတော့ သူတို့ရဲ့ ကစားသမားကို ဒီနွေမှာ မရောင်းချလိုပါဘူး။ဒါဟာ ဘယ်တုန်းကမှ လွယ်ကူခဲ့တဲ့ ညှိနှိုင်းမှုတစ်ခု မဟုတ်ခဲ့ပါဘူး

ဒီယာဘီဟာ နယူးကာဆယ်ဘုတ်အဖွဲ့ရဲ့ ရေပန်းစားတဲ့ ပစ်မှတ်ကစားသမားလည်း ဖြစ်ပါတယ်။ဒါပေမယ့် အခြေအနေတွေကတော့ ဘယ်တော့မှ မတိုးတက်ခဲ့ပါဘူး

ဒီယာဘီကိုယ်တိုင်ကလည်း ဂျာမနီမြေမှာ ပျော်ရွှင်နေတယ်လို့ ဒီနွေအစောပိုင်းမှာ ၀န်ခံထားခဲ့ပါတယ်။ဒါ့ကြောင့် သန်း ၆၀တန် ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီက မီးစိမ်းပြလိုက်ပြီလို့ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီအပြောင်းအရွှေ့ဟာ တကယ်တမ်းဖြစ်လာဖို့ မလွယ်ကူလှဘူးလို့ပဲ ဆိုပါရစေ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: