နောက်ဆုံးရ အာဆင်နယ်သတင်းများ (9Aug)

အငှားထပ်ထွက်မယ့် ရူနာဆန်

အာဆင်နယ်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ အဲလက်စ်ရူနာဆန်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ တူရကီကလပ် အနာလက်စပေါအသင်းကို အငှားနဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ Tutto Mercato Web က ဖော်ပြထားပါတယ်။ ဒါ့အပြင် အသင်းကနေထွက်ခွာဖို့ ကာလရှည်ပြင်ဆင်နေတဲ့ ဘယ်လာရင်ဟာလည်း ၊ ဘက်တစ်ဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီး ကစားသမားအေးဂျင့်ဟာ လန်ဒန်မြို့မှာဖြစ်တယ်လို့သိရပါတယ်။

တိုနာလီကို လည်းစိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ  အေစီမီလန်ကွင်းလယ်လူ တိုနာလီကို စိတ်ဝင်စားနေတယ်လို့  အီတလီသတင်းဌာနဖြစ်တဲ့  Calciomercato  ကရေးသားဖော်ပြလာပါတယ်။ အဆိုပါကွင်းလယ်လူကို ဂန်းနားတို့ဟာ လွန်ခဲ့တဲ့  ၂ နှစ်ခန့်က စိတ်ဝင်စားခဲ့ဖူးပါသေးတယ်။ အသက် ၂၂ နှစ်သားအတွက်  အေစီမီလန်တို့ဟာ ပေါင်  ၅၅ သန်းခန့်လိုချင်နေတယ်လို့လည်းအဆိုပါသတင်းက ရေးသားထားပါတယ်။

Advertisements

FPL မှာ ဂျေးဆူကိုရွေးထားကြောင်း ဖာဒီနန်ထည့်သွင်းပြောကြားခဲ့

 မန်ယူဂန္တဝင် ဖာဒီနန်က သူ့ရဲ့ Fantasy League အသင်းမှာ ဂျေးဆူကိုရွေးချယ်ထားကြောင်း သူ့ရဲ့အစီအစဥ်ကနေတဆင့်ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

“ ပထမပိုင်းမှာ အာဆင်နယ် တကယ်ကောင်းခဲ့တာပါ … ဂျေးဆူကတော့ ဟာသပါပဗျာ … ပထမပိုင်းမှာ  ဘယ်လိုကစားနေတယ်ကို မသိဘူး …သူကို  နံပါတ်ကိုး နေရာမှာအတိအကျကစားစေချင်ခဲ့တာ .. နောက်နဲ့ပြန်တွဲနေတာမျိုးမလုပ်စေချင်ဘူး …  သူက ကျွန်တော့်ရဲ့  Fantasy Team  မှာလဲ ပါတော့ ဂိုးတွေသွင်းစေချင်ခဲ့တာ  “  လို့ပြောသွားခဲ့တာပါ။ အဆိုပါအစီအစဥ်မှာ ဖာဒီနန်က  ဂန်းနားတို့အနေနဲ့ ပထမကစားသမားများအပေါ်မှာပဲ မှီခိုနေတာကို စိတ်ပူမိကြောင်းလဲ ပြောခဲ့ပါတယ်။

အန်ကန်ကူကို ခေါ်ယူသင့်ကြောင်း ဆောင်းပါးရှင် သုံးသပ်

Football London သတင်းဌာန ရဲ့  အာဆင်နယ်အကြောင်းသီးသန့်ရေးသားသူ  Ton Canton က တီမိုဝါနာကို ပြန်လည်ခေါ်ယူလိုက်တဲ့လိုက်ဇစ်ကြောင့် အန်ကန်ကူအနေနဲ့ စိန်ခေါ်မှုအချို့ရှိလာမှာဖြစ်ပြီး ၊  ဂန်းနားတို့အနေနဲ့ ထည့်သွင်းစဥ်းစားသင့်ကြောင်း သုံးသပ်ရေးသားလာခဲ့ပါတယ်။ အန်ကန်ကူအနေနဲ့  အာဆင်နယ်ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ရာမှာ အင်အားဖြည့်ပေးနိုင်မယ်လို့ ဆောင်းပါးရှင်က ယုံကြည်နေတာဖြစ်ပြီး ၊ အဆင့် ၄ တိုက်ပွဲအတွက်လည်းအထောက်အကူပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပီနိုအတွက် ကြိုးကြာတို့နဲ့ အပြိုင်လုမယ့် ဂန်းနားများ

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ဟာ ဗီလာရီးရဲလ် တောင်ပံကစားသမား ယီရီမီပီနိုကို ခေါ်ယူဖို့ အပြိုင်ကြိုးစားသွားရဖို့ ရှိနေပါတယ်။ အသက်၁၉နှစ်အရွယ် ရီယီမီပီနိုဟာ  အထွန်းတောက်ဆုံး စပိန်ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူဟာ မနှစ်က ဗီလာရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အူနိုင်းအမ်မရီရဲ့ အသင်းမှာ ခြေစွမ်းအထူးကောင်းမွန်တဲ့ တောင်ပံကစားသမားတွေ ရှိနေပြီး အမ်မရီအနေနဲ့ မကြာမီမှာ သူ့ရဲ့ ကစားသမားတွေကို အသင်းကြီးတွေဆီ  ဆုံးရှုံးရနိုင်ချေရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: