ဒီယာဘီကို ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီလား

အာဆင်နယ်ဟာ လေဗာကူဆင်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Football Insider ဆိုလာပါတယ်။ ဒီအပြောင်းအရွှေ့အတွက် အသင်းပိုင်ရှင် စတန်ခရွန်ကီက မီးစိမ်းထားတယ်လို့လည်း သိရပါတယ်။ 

ဒီယာဘီဟာ ဘယ်၊ညာ ခြေနှစ်ဖက်လုံးသန်တဲ့ ကစားသမားဖြစ်တာကြောင့် တိုက်စစ် ဘယ်ညာ တောင်ပံနှစ်ခုစလုံးမှာ ကစားနိုင်စွမ်းရှိပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားသာ အမ်းမရိတ်ကို ရောက်လာခဲ့ရင် ဆာကာရဲ့ ပွဲထွက်ခွင့်တစ်နေရာကို ခြိမ်းခြောက်လာနိုင်ဖို့ ရှိနေပါတယ်။

အသက်၂၃နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါ ၃၂ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု  ၂ခုပေါင်း ၂၅ကြိမ်အထိ ရှိခဲ့ပါတယ်။

Advertisements

ဟာဗက်ဇ် လေဗာကူဆင်ကနေ ထွက်ခွာသွားပြီးတဲ့နောက်၊ ဖလော်ရီရန် ၀စ်ဇ် ဒဏ်ရာရသွားပြီးတဲ့နောက် ဒီယာဘီဟာ လေဗာကူဆင် တိုက်စစ်ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် လေဗာကူဆင်က သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိသလို  ကစားသမားကလည်း သူဟာ ဂျာမနီမြေမှာ ပျော်ရွှင်နေပြီး လာမယ့် ရာသီ ဘွန်ဒက်စ်လီဂါ ကလပ်မှာပဲ ဆက်ရှိနေချင်တယ်လို့ ၀န်ခံထားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ စိတ်၀င်စားမှုက ဒီယာဘီရဲ့ စိတ်ကို ပြောင်းလဲစေမလားဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။လေဗာကူဆင်အသင်း ပေါင်သန်း၆၀တန်ကြေး သတ်မှတ်ထားတဲ့ ဒီယာဘီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် ခရွန်ကီက မီးစိမ်းပြလိုက်ပြီလို့ Football Insider ကဆိုပါတယ်။

အာတီတာကလည်း အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေဟာ မပြီးဆုံးသေးဘူးလို့ ၀န်ခံထားတာကြောင့် transfer window မပိတ်မီ အသင်းဆီ ကစားသမားအသစ်တွေ ထအ်မံရောက်ရှိလာနိုင်ချေ ရှိနေပါတယ်။ ဒီယာဘီကို ခေါ်ယူလိုက်နိုင်ရင်တော့ အသင်းရဲ့ တိုက်စစ်အင်အားစုဟာ အတော်လေး တောင့်တင်းသွားပြီလို့ ဆိုရမှာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: