အိုဒီဂတ်ကိုကပ္ပတိန်အဖြစ်ရွေးချယ်ခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သူ

လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်းကြီးဖြစ်သူ နိုရယ်ဝီလန်က အိုဒီဂတ်ကို အသင်းရဲ့ ကပ္ပတိန်အဖြစ် ရွေးချယ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ထောက်ခံခဲ့ပါတယ်။

အာဆင်နယ်ကို ခြောက်လ အငှားလာရောက်ကစားခဲ့ပြီးတဲ့နောက် မနှစ်က နွေရာသီမှာတော့ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို အပြိးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာတီတာဟာ အူဘာမီယန်းကို ကပ္ပတိန်ရာထူးကနေ ရပ်စဲခဲ့ပြီး လာကာဇက်ကို အသင်းရဲ့ ကပ္ပတိန်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီနွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးဖြစ်တဲ့ ပြင်သစ်သားကြီးဟာ အသင်းဟောင်းဖြစ်တဲ့ လိုင်ယွန်ဆီကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိနော်ဝေးလက်ရွေးစင်အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်တဲ့ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီ လာကာဇက်တီ မပါ၀င်တဲ့ ပွဲတွေမှာ အသင်းရဲ့ ကပ္ပတိန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ တကယ်တမ်း အသင်းရဲ့ ဒုကပ္ပတိန်က တီယာနေးဖြစ်ပေမယ့် စကော့တလန်သားက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အသင်းခေါင်းဆောင်တာ၀န်က အိုဒီဂတ်ဆီပဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဘောလုံးရာသီအသစ်မစတင်ခင်မှာတော့ အာတီတာဟာ အိုဒီဂတ်ကို အသင်းရဲ့ ကပ္ပတိန်အသစ်အဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အိုဒီဂတ်ကို အသင်းရဲ့ ကပ္ပတိန်အဖြစ်ခန့်အပ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို နိုရယ်ဝီလန်က ထောက်ခံခဲ့ပြီး နော်ဝေးကပ္ပတိန်ဟာ အာဆင်နယ် အသင်းခေါင်းဆောင်ရာထူးအတွက် ပြီးပြည့်စုံတဲ့သူလို့ ယုံကြည်နေပါတယ်။

Advertisements

သူ(အိုဒီဂတ်)ဟာ လူငယ်ကစားသမား တွေအပြင် သူ့ထက် အသက်ကြီးတဲ့ ကစားသမား အချို့ရဲ့ လေးစားခံရသင့်တဲ့၊ အထင်ကြီးခံရသင့်တဲ့  ကစားသမားမျိုးပါ

သူ့ရဲ့ ကွင်းတွင်းကွင်းပြင် နဲ့ လေ့ကျင့်ရေးကွင်းမှာ နေထိုင်မှုပုံစံတွေအရ သူဟာ အာတီတာရဲ့ ယုံကြည်ရတဲ့ character ပဲဆိုတာ ထင်ရှားပါတယ်။

ဒါက မန်နေဂျာတစ်ယောက်လုပ်ရမယ့် အရာပါပဲ။အ၀တ်လဲခန်းတစ်ခုလုံးရဲ့ ယုံကြည်မှုနဲ့ နားကို ရထားတဲ့သူကို ကပ္ပတိန်လက်ပတ်ပေးရမှာပါ၊အ၀တ်လဲခန်းထဲမှာ ဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ညွှန်ကြားချက်ပေးဖို့ မကြောက်တတ်တဲ့ သူမျိုးပေါ့ လို့ နိုလန်က ဆိုပါတယ်။

အသင်းရဲ့ ပရိသတ်အချို့က‌တော့ တီယာနေးလ်ကို အသင်းခေါင်းဆောင်အဖြစ် ပိုပြီး မြင်တွေ့လို့ကြတာ ဖြစ်ပေမယ့် စကော့တလန်သားဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အာတီတာကတော့ အိုဒီဂတ်ကို ကျော်လွန်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ ငယ်ရွယ်သေးပေမယ့် အတွေ့အကြုံအများအပြားရှိသူဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းခေါင်းဆောင်တာ၀န်ယူထားသူဖြစ်တာကြောင့် ကလပ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဆိုတာအပြင် ကပ္ပတိန်ဆိုတဲ့ ရာထူးကိုပါ ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: